ဆိုးလ်မှာ ဖေဖော်ဝါရီ ၂၈ က 14th Korean Music Awards ကို ကျင်းပခဲ့ပါတယ်။ Korean Music Awards ဆန်ခါတင် စာရင်းက ဒီဇင်ဘာလ ၁ ရက် ၂ဝ၁၅ ကနေ နိုဝင်ဘာ ၃ဝရက် ၂ဝ၁၆ ရောင်းအား ပေါ်မှာ မူတည်ပြီး ရွေးချယ်တယ်လို့ သိရပါတယ်။ Korean Music Award မှာ ဆုပေါင်း ၆၃ ဆုပေးအပ် ခဲ့ပြီး professor ၊ music critics ၊ media journalists ၊ PD for music program အစရှိတဲ့ ကဏ္ဍပေါင်းစုံက ဂီတပညာရှင်များ ဆုများ လက်ခံရရှိခဲ့ပါတယ်။
ဆုပေးအပ်ခဲ့တဲ့ ခေါင်းစဉ်တွေ ကတော့Album of the year, Song of the Year, Artist of the Year, Rookie of the year, Best Pop Album, Best Rock Album, Best R&B Song, Best Jazz Song နှင့်တခြားသော ခေါင်း စဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ အဆိုတော် Jay Park က Artist of the Year ဆုကို ဆွတ် ခူးခဲ့ပြီး Bolbbalgan4 u Song of the Year ဆုကို Red Planet သီချင်းနဲ့ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ Best Pop Song ဆုကိုတော့ Wonder Girls က “Why So Lonely” သီချင်းနဲ့ ရရှိခဲ့ပြီး BewhY ကတော့ Forever သီချင်းနဲ့ Best Rap & Hip Hop Song ဆုကို ဆွတ်ခူးခဲ့ပါတယ်။ Jay Park က တော့ Best R&B & Soul Album ဆုကို Everything You Wanted အခွေနဲ့ ထပ်မံရရှိခဲ့ပြီး Jo Dong Jin u Album of the year ဆုကို Like A Tree အယ်လ်ဘမ် နဲ့ရရှိခဲ့ တယ်လို့ သိရပါတယ်။