သရုပ်ဆောင် ဘဝအစမှာ ချစ်သုဝေနဲ့အတူ ရိုက်ကူးခဲ့တဲ့ Ve Ve ကဗ္ဗလာ ကြော်ငြာနဲ့အတူ ပရိသတ်သိခဲ့ရတဲ့အတွက်Ve Ve နဲ့ ကံစပ်တယ်လို့ Ve Ve 20th Anniversary ပွဲကိုတက်ရောက်လာတဲ့ Brand Ambassador ထွန်းထွန်း ကပြောပါတယ်။ သူက ၂ဝ၁၇ ခုနှစ်ထဲမှာတော့ ရုပ်ရှင်ရိုက်ကူးရေး တွေနဲ့ပဲ တောက်လျှောက် အချိန်ပိုပေးဖြစ်တော့မယ်လို့ဆိုပြီး ဂီတဘက်ကိုတော့ လုပ်ဖြစ်ဦးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ” ကျွန်တော်အခု စာချုပ်ချုပ်ထားတဲ့ တိုက်၎တိုက်နဲ့ပဲ လက်တွဲပြီးတော့ ဒီနှစ်အပိုင်းအခြားတွေမှာလက်တွဲ သွားဖို့ပဲ ရှိနေပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးကတော့ ပိုပြီးတော့ အချိန်ပေးဖြစ်နေမှာပေါ့”လို့ ပြောပြပါတယ်။ ဘာပဲပြောပြော အကယ်ဒမီပေးပွဲကလည်း နီးလာပြီ။ ထွန်းထွန်းရဲ့ ဇာတ်ကားတွေကလည်း ဆန်ကာတင်ထဲမှာပါသလို ဒီနှစ်အကယ်ဒမီက တော့ ထွန်းထွန်းပဲဆိုပြီး အသံတွေကလည်း ကြားနေရတော့ ထွန်းထွန်းနဲ့တွေ့တိုင်းအကယ်ဒမီ အကြောင်းက မပါမဖြစ်မေးဖြစ်ခဲ့ရပြန်ပါတယ်။ ထွန်းထွန်းကသူ့ရဲ့ ရင်ခုန်မှုကို ” အဲဒီအချိန်မှာ ကျွန်တော့် လောက်ပျော်တဲ့သူ ကမ္ဘာမှာရှိမယ်မထင်တော့ပါဘူး။ ကျွန်တော်ထပ် ရိုက်ကူးမယ့်ဇာတ်ကားတွေကိုလည်း အကောင်း ဆုံးဖြစ်အောင် အချိန်ပေးပြီး သရုပ်ဆောင်ပါတယ်။ နှစ်တိုင်း ကျွန်တော်ရင်ခုန်တာကတော့ ကိုယ့်အနုပညာသမားတွေ အတွက် ရင်ခုန်ပေးတယ်။ ဒီနှစ်မှာတော့ ကိုယ့်အတွက်ပိုတိုးပြီး ရင်ခုန်မိ တာပေါ့” လို့ပြောပြခဲ့ပါတယ်။
မျိုးမောင်