ရဲရင့်အောင် လက်ရှိ ကျန်းမာရေး အခြေအနေ

0
134

ZAW_1840အမြဲတမ်း ပိန်ပိန်ပါးပါးနဲ့ သူ့ပုံစံကို ဖက်ရှင်ကျနစွာ ဝတ်စား ဆင်ယင်တတ်တဲ့ အဆိုတော် ရဲရင့်အောင်ကို Ve Ve 20th Anniversary  ပွဲမှာ တွေ့ဆုံ ဖြစ်ခဲ့ပြီး အင်တာ ဗျူးဖြစ်ခဲ့ပါတယ်။ရဲရင့်အောင် ကတော့ ဖေဖော်ဝါရီလ ဆန်းပိုင်းက ထွက်ခဲ့တဲ့ “ဒီလောက်နဲ့ ပဲ ကျေနပ် ပါတယ်” သီချင်း နဲ့ဟော့ဖြစ်ခဲ့သလို အဲဒီ သီချင်းက သူ့ရဲ့ စိတ်ခံစားချက်တွေ များစွာကို ထည့်ထားတဲ့ သီချင်းတစ်ပုဒ်လို့ လည်းဆိုရမှာပါ။ “ဒီလောက် နဲ့ပဲကျေ နပ်ပါတယ်” သီချင်းထွက် အပြီး တစ်လ အကြာမှာ သူနဲ့တွေ့လို့ အင်တာဗျူး ဖြစ်တော့ နဂိုကထက် အနည်းငယ် ပိုမို ပိန်နေတာတွေ့ရလို့ သူ့ရဲ့လက်ရှိ ကျန်းမာရေး အကြောင်း မေးမြန်းဖြစ်တဲ့အခါ..

“လက်ရှိကျန်းမာ ရေးကောင်း ပါတယ်။ ကျွန်တော်က ပိန်တာ၊ ဝတာ အရမ်းမြန်တယ်။ ပြီးတော့  စိတ်ခံစားမှု တစ်ခုကြောင့် ဖြစ်လာ တဲ့ အရာ မျိုးတွေမှာ ကျွန်တော့် ခန္ဓာကိုယ်တွေ၊ ရုပ်တွေက လိမ်လို့ မရဘူး။ ကျန်းမာရေး တစ်ခုခုဆို ကျွန်တော့် ခန္ဓာကိုယ်က အရမ်းလိမ် လို့မရဘူး။ အခု ကျွန်တော်တော်တော်ကို အဆင်ပြေတယ်။ အခု ကျွန်တော် အားကစားတွေလည်း ပြန်လုပ် နေပါတယ်”လို့ ရဲရင့်အောင် က ပြောပါတယ်။ အနုပညာရှင် ဆိုတာက ချစ် တဲ့ ပရိသတ်ရှိသလို၊ ဝေဖန်ပြောဆိုတဲ့ သူတွေလည်း ရှိတတ်ကြပါတယ်။ မုန်းတဲ့ သူတွေက ဝေဖန်ပြောဆိုတဲ့ အခါမှာကော ရဲရင့်အောင် ဘယ်လို စိတ်ထားလဲ လို့ မေးပြန်တော့..

“ခံစားသင့်တာဆို ကျွန်တော် ခံစားလိုက်တယ်။ တချို့စကားလုံးတွေက မခံစားသင့်မှန်း သိပေမယ့် နည်း နည်းတော့ ခံစားရတာပေါ့။ ဒါပေမဲ့ အဲဒီလောက်ပါပဲ။ ကိုယ်ဘာလုပ်သင့်လဲ။ ပြင်သင့်လား၊ မပြင်သင့်လားကို ကျွန်တော် စဉ်းစားတယ်။ သင်ခန်းစာ ယူလိုက်တယ်။ အဲဒီ လောက်ပါပဲ”လို့ သူက ပြောပါတယ်။

တကယ်တော့ ရဲရင့်အောင်က သူ့ရဲ့ ပရိသတ် (Yamily) တွေအပေါ် အမြဲတမ်း မာနမထားဘဲ ပျော်ပျော် ရွှင်ရွှင် ဆက်ဆံတတ်သူပါ။ အထူးသဖြင့် သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ သူ့ကို ကွန့်မန့်ပေးတဲ့ ပရိသတ် တစ်ယောက် ချင်းစီတိုင်းကို အချိန်ရရင် ရသလို အလေးထား ပြန်လည် ဖြေကြားပေးတတ်သူပါ။ သူ့ရဲ့ ပရိသတ် ( Yamily )တွေ အပေါ် ရဲရင့်အောင်က “ကျွန်တော် အလှူ အတန်းလေး တွေပဲဖြစ်ဖြစ်၊ ကျွန်တော့်ပွဲတွေ မှာ ပဲဖြစ်ဖြစ် ကျွန်တော် နဲ့ အမြဲ လိုက်နေတဲ့ Yamily တွေရှိပါတယ်။ သူတို့နဲ့လည်း အချိန် ရရင် ရသလို တစ် ခါတလေစီစဉ်ပြီးတော့ တွေ့တာ တွေရှိပါတယ်။ ကျွန်တော် သီချင်းတွေ လုပ်တယ်။ ကျွန်တော်ဟာ သီချင်းဆိုတဲ့ အဆိုတော်။ ကျွန်တော့် စေတနာတွေကို ကျွန်တော်ဖန်တီးတဲ့ သီချင်းတွေထဲမှာ အကုန်လုံး ထည့်ထားတယ်။ ကျွန်တော်က တအားတော် တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တအား အပင်ပန်း ခံတယ်။ Yamily တွေအပေါ်မှာ ထားတဲ့ စေတနာတွေ အကုန်လုံး ကို ကျွန်တော် ထွက်တဲ့ သီချင်းတိုင်းမှာ ထည့်ပေးထား ပါတယ်။ ပြီးတော့ facebook မှာ Group Chat  တွေရတယ်။ Group Chat  တွေမှာ နေ့တိုင်းနီး ပါးဆိုသလို ကျွန်တော် အချိန်ရရင် ရသလို ကျွန်တော့် Yamily  တွေ တစ်ဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့ လောက်နဲ့ သူငယ်ချင်း တွေလို အမြဲ တမ်းစကားပြော ဖြစ်ပါတယ်”လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here