အဆိုတော် တစ်ဦးနဲ့ အချစ်ရေး သတင်း အပေါ် နန်းဆုဦး ဘာပြောလဲ

0
275

Nan-Su-Ooနန်းဆုဦးက လတ်တလော မှာတော့ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးထားကြောင်း သိရပါတယ်။ ဇာတ်ကားတွေက ဆက် တိုက် ရိုက်ကူးပေမယ့်လည်း ထုတ်လုပ်မှု အပိုင်းမှာ နည်းနည်း ကြာသွားတဲ့ အတွက် ဇာတ်ကား အထွက်ကျဲသွား ရခြင်းဖြစ်ကြောင်း နန်းဆုဦးက ပြောပါတယ်။

“ဇာတ်ကား ရိုက်ကူးကျဲတာ မဟုတ်ဘူး။ ဇာတ်ကားထွက်တာ ကြာသွားတာ။ နန်းဆု ရိုက်ကူးထား တဲ့ တိုက်တွေက များတဲ့ အခါကျတော့ အကြောင်းကြောင်းကြောင့် နှောင့်နှေးပြီး မထွက်ဖြစ်တာ ရှိတယ်။ ကြားထဲမှာ အချိန်ခြား သွားတယ်။ နန်းဆု Fan တွေဆို ပြောတယ်။ ဇာတ်ကားရိုက် မထွက်ဘူးဆိုပြီး ပြောကြတယ်။ တစ်ခါတလေ ကျရင် လည်း စုပြီး ထွက်လာတာမျိုးတွေ ရှိတယ်။ ထုတ်လုပ်တဲ့ အပိုင်းမှာ နည်းနည်း ကြာသွားတယ်လို့ နန်းဆု ထင်တယ်” လို့ ပြောပါတယ်။

အနုပညာ သက်တမ်း ၃နှစ်ရှိ လာပြီဖြစ်တဲ့ နန်းဆုဦးက ဗီဒီယိုနဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးရတဲ့ ကွာခြားချက်နဲ့ ပတ်သက်ပြီးလည်း “ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ် ကားကြီး ရိုက်ကူးတဲ့ အခါမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးရတာက ပိုပြီး စိတ်ပင်ပန်းတယ်။ စိတ်ပင် ပန်းတယ် ဆိုတာက စိုးရိမ်တယ်။ စိတ်ပူတယ်။ ပိတ်ကားအကြီးမှာ ပြတာဖြစ်တဲ့ အတွက်  ကိုယ့် ရဲ့ အိုက်တင်တွေကို အသေးစိတ် မြင်ရတယ်။ အခု အချိန်မှာ နန်းဆုက ဝါရင့်သရုပ်ဆောင် တစ်ယောက်လည်း မဟုတ်သေးဘူး ဆိုတော့ အိုက်တင်တွေ လုပ်ရတဲ့ အခါမှာ စိုးရိမ် တာတွေ ရှိတယ်” လို့ ပြောပါတယ်။

နန်းဆုဦးရဲ့ လတ်တလော အချစ်ရေးက တော့ လူငယ် အဆိုတော်တစ်ဦးနဲ့ သတင်းတွေ ထွက် နေတာကြောင့် ဒီကိစ္စ အပေါ်မှာ သူ့ ကို မေးမြန်း ကြည့်တဲ့အခါမှာ “အဲဒါကတော့ လုံးဝ ကောလာဟလလို့ ပြောချင်ပါတယ်။ နန်းဆု ရဲ့ ပရိသတ် အကုန်လုံး ကို ပြော ချင်တာ က အဲ ဒါက ကောလာဟလ ပါလို့ ပြောချင်ပါတယ်။ နန်းဆုတို့ celebrity life ဆိုတာကတော့ ဝေဖန်မှုတွေက အများကြီး ပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အထင်လွဲမှား တာမျိုးကို နန်းဆု comfirmလုပ်ချင်တာ တစ်ခုက ကောလာဟလပါ။ အဲဒီ အဆို တော် နဲ့ကလည်း နန်းဆု အနုပညာ မောင်နှမတွေပါပဲ။ အချစ်ရေးက တော့ တစ်ယောက်တည်း ပါပဲ။ နန်းဆု အနေနဲ့က အလုပ်ကိုပဲ အာရုံ စိုက်မယ်။ အလုပ်ကိုပဲ အဓိကထား တယ်။မိသားစုကို အဓိက ထားတယ်” လို့ ပြောပါ တယ်။

တွယ်တာ
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here