လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ကျော်ကာလက “ဆေးကျောင်းသား” ဆိုတဲ့ သီချင်းနဲ့ လူငယ် ပရိသတ်တို့  အကြား နာမည်ရခဲ့တဲ့ Blue Berry အဖွဲ့ဟာ အနုပညာ လှုပ်ရှားမှုတွေ ခြေလှမ်းကျဲခဲ့တာ နှစ်အတော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်အတော် ကြာ အနုပညာလောကမှာ ငြိမ်နေ ပေမယ့် သူမတို့ အဖွဲ့ ရဲ့ပရိသတ် တွေလည်း ရှိနေတာကြောင့် ယခု ၂ဝ၁၇ခုနှစ် အတွင်းမှာတော့ Mini Album တစ်ချပ်ကို ဖန်တီး ထုတ်ဝေ တော့မယ်လို့ Blue Berry အဖွဲ့မှ အဖွဲ့ ဝင် အားပန်က ပြောပါတယ်။
“ဒီကြားထဲမှာ စီးပွားရေး ဘက် လည်း အချိန်ပေးတာ နည်းနည်း များသွားတယ်။ စီးရီးခွေထွက်ဖို့ လုပ်နေပေမယ့် စီးပွားရေး တစ်ဖက် နဲ့ဆိုတော့ အချိန် မမီဖြစ်နေတာ။ ဒါပေမဲ့ အခုတော့ ဒီနှစ်ထဲမှာ Mini Album လေး တစ်ချပ် ထုတ်နိုင်ဖို့ ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ လက ဆိုင်းဇီ ငွေဆောင် မှာ MTV ရိုက်ကူး တော့ လိုက်သွားပြီး အဲဒီမှာ ၃ ပုဒ် လောက် ရိုက်ကူးခဲ့တယ်။ အခုလုပ် နေတဲ့ Mini Album လေးကိုတော့ DVD ပါ တစ်ပါတည်း ထုတ်ဖို့စီစဉ် ထားပါတယ်” လို့ Blueberry အဖွဲ့ က အားပန်က ပြောပါတယ်။
ဒီနှစ်ပိုင်းတွေ အတွင်းမှာ အနု ပညာ အလုပ်တွေနဲ့ အဆက်ပြတ် နေပေမယ့် ပရိသတ်ကို သီချင်းသစ် တွေဆိုပြနိုင်ဖို့တော့ အမြဲကြိုးစား နေတယ် လို့လည်း အားပန်က ဆက် လက် ပြောပြပါတယ်။
” facebook မှာပဲ ဖြစ်ဖြစ်၊ ကွန်မန့်လေးတွေ ဖတ်မိတဲ့အခါ ကိုယ် တွေကို အားပေးသေး တဲ့ ပရိသတ် တွေရှိတော့ ပျော် တယ်။ အဲဒီ အတွက် လည်း စီးရီးသစ်ကို အမြန်ဆုံး လုပ်နေတာ ပါ။ အခုလုပ်မယ့် Back To Millennium ပွဲမှာလည်း ပါဝင်ဖျော်ဖြေ မှာပါ။ပြီးတော့ သီချင်းသစ်တွေ ထွက် လာရင်လည်း အားပေးကြပါအုံး လို့ ပြောချင်ပါတယ်” ဆိုတဲ့ Blue Berry အဖွဲ့ က အားပူနဲ့ အားပန် ဆိုတဲ့ ညီ အစ်မ နှစ်ဦး နဲ့ ဖွဲ့စည်း ထားပြီး အတွဲ စီးရီးပေါင်း ဆယ်ခွေ ကျော်မှာလည်း ပါဝင် သီဆို ထား ခဲ့ကြတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါ တယ်။
ရဲရဲ