အသစ်ပြန်လည် ဖွင့်လှစ်လိုက်တဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေရဲ့ ရွှေပြည်သာ အဆင့်မြင့် ရုပ်ရှင်ရုံ

0
249

WAR-WAR-WINအကယ်ဒမီ ဝါဝါဝင်းရွှေ မိသားစုရဲ့ ရွှေပြည်သာ အဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁ရက် နေ့၊ နံနက် ၉နာရီ အချိန်က ဘုရင့်နောင် လမ်းမကြီးနှင့် ဗညားဒလ လမ်းထောင့် ရွှေပြည်သာမြို့နယ်မှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ အကယ် ဒမီ လူမင်း၊ အကယ်ဒမီ ချစ်စနိုးဦး၊ နန်းဆုဦးနဲ့ အခြားအနုပညာရှင် များစွာက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြပါတယ်။ ရွှေပြည်သာ အဆင့်မြင့် ရုပ်ရှင်ရုံနဲ့ ပတ် သက်ပြီး အကယ်ဒမီ ဝါဝါဝင်းရွှေက…

“ဒီရုပ်ရှင်ရုံကို အန်တီအချိန် ၉လ ယူခဲ့ရပါတယ်။ ဒါပေမဲ့ အန်တီ ဒီရုံကို စပြီးပြသလာတာက အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၈နှစ်တည်းက ပြတာပါ။ ဟိုးတုန်းကတော့ ရိုးရိုး အဆောက်အအုံကြီး၊ Film  တွေနဲ့ပြတာ။ ဒီဘက်ခေတ် ရောက်သွားတော့ အန်တီ အသစ် ကစပြီး ပြန်ဖန်တီးရတယ်။ အတွင်းသားတွေ၊ ခေါင်မိုးတွေကအစ ဖြိုချတယ်။ မြေလှန်ရတယ်။ အဲဒီလို အသစ် ပြန် လည် ပြုပြင် ခဲ့ရတယ်။ တော်တော် ပင်ပန်းပါတယ်။ အန်တီက အဆောက်အအုံ အသစ် ဆောက်ချင်တယ်။ အဟောင်းဖြို ချတော့ နှစ်ခါ ပင်ပန်း ပါတယ်။ ငွေတွေလည်း ကုန်၊ လူလည်းပင်ပန်း တယ်။ မီးကြိုးတွေကအစ Generator  အသစ်တွေ အကုန် ပြန်လုပ်တယ်။ အန်တီ တို့ မိသားစုတွေဆို ဒီအဆောက်အအုံ ဆောက်တုန်းကဆိုရင် ထမင်းချိုင့် တွေနဲ့လာကြတာ။ သံငြမ်းတွေကြားထဲမှာ ဦးထုပ် ဆောင်းပြီး လာတယ်။ စက်တွေလည်း နိုင်ငံခြားက စက်တွေသုံးထားတယ်။ ခုံတွေဆိုလည်း မြို့ထဲက အတိုင်း ပုံစံမျိုးကို သင်္ဘောတွေ နဲ့ နိုင်ငံခြား ကမှာ ယူတယ်။ ပြင်လိုက်တာ ၉လတိတိ ကြာသွားပါတယ်” လို့ ပြောပါတယ်။

WAR-WAR-WIN-1အဆိုပါ ရုပ်ရှင်ရုံကို အချိန် ၉လကြာ အချိန်ယူ စိတ်ကြိုက် ပြင်ဆင် ခဲ့ရတဲ့ ဝါဝါဝင်းရွှေက ရွှေပြည်သာ မှာ လာရောက် ဖွင့်လှစ်ရတဲ့ ရည်ရွယ် ချက် နဲ့ ပတ်သက်ပြီးလည်း..

“တအားလည်း ပီတိဖြစ်ပါတယ်။ တအားလည်း ကြည်နူး မိပါတယ်။ ကြည့် ပြီးတော့ ကောင်းလိုက်တာ ဆိုတဲ့ comment  လေး တစ်ခု က အန်တီ့ အတွက် တအား အမောပြေစေပါတယ်။ အမော လည်း တအားပြေ သွားပါတယ်။ နောက်ပြီး ရွှေပြည်သာ မြို့နယ် ကြီး တစ်ခုလုံး မှာလည်း ရှိသင့်တဲ့ ဒီလို အကောင်း ဆုံးရုပ်ရှင်၊ ရှိသင့် တဲ့ စိတ်ဓာတ်၊ ရွှေပြည်သာ မှာ နေထိုင်ကြတဲ့ ရုပ်ရှင်ချစ် ပရိ သတ်တွေ က ရုပ်ရှင်ကို ချစ်လို့ လာကြည့် ကြတယ်။ သူတို့ ချမ်းချမ်း သာသာ ကြည်ကြည်နူးနူး၊ ပျော်ပျော်ရွှင်ရွှင် ကြည့်နိုင်ကြ ပါစေ ဆို တဲ့ စေတနာ အပြည့်နဲ့ အန်တီ လုပ်ခဲ့တာပါ”လို့ ပြောပါတယ်။

ရွှေပြည်သာ အဆင့်မြင့် ရုပ်ရှင်ရုံမှာတော့ လူဦးရေ အယောက်၎ဝဝ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး တစ်နေ့၎ပွဲနှုန်း နဲ့မတ်လ၂ရက်နေ့ ကစပြီး စတင်ပြသ တော့မှာလို့ သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here