ကျောက်ကပ် ဝေဒနာကြောင့် အနုပညာ အလုပ်တွေကို ခဏနားထားတဲ့ မင်းသွေး

0
320

Min-Thwayအဆိုတော်၊ သရုပ်ဆောင် မင်းသွေးက လတ်တလော မှာတော့ ကျောက်ကပ် ရောဂါကြောင့် သူ့ရဲ့အနုပညာ လုပ်ငန်းတွေကိုလည်း ခဏ နားထားတယ်လို့ ဆိုပါ တယ်။ မင်းသွေးက သူ့ရဲ့ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော့် ရောဂါက အစက မသိသာပါဘူး။ ကျွန်တော် က တအား အောင့်ပြီး အဆင်မပြေ ဖြစ်တော့မှ ကျွန်တော် သိတာပါ။ ဆရာဝန် သွားပြတော့ ကျောက်ကပ်ဖြစ် တာ ၃ လလောက် ရှိပြီလို့ ပြောပါတယ်။ အဓိက ကျွန်တော်က ရေသောက် နည်းပါတယ်။ ရေသောက်နည်းတော့ ဆီးသွားလည်း နည်းတယ်။ ဒါကြောင့် ကျောက်ကပ်မှာ အနည်ထိုင်တယ်လို့ သိရပါတယ်။ အခုတော့ ဆရာဝန်ပေးတဲ့ ဆေးတွေ သောက်နေတယ်။ အရင်က လည်း ပြည် ပ ခရီးသွားတုန်းက ကျောက်ကပ် ဘယ်ဘက်မှာ ဖြစ်ဖူးပါတယ်။ အခုက ညာဘက်ပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီနှစ် ကတော့ ကျွန်တော့် အတွက်ရောဂါ ထူပြောတဲ့နှစ်ပါပဲ” လို့ မင်းသွေးက ပြောပါတယ်။

မင်းသွေးက သင်္ကြန်အပြီးမှာ ဒါရိုက်တာ သားညီရိုက်ကူးမယ့် “ကျောင်းဆွေး” ဇာတ်လမ်းတွဲ မှာလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသွေးရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး “ဒီဇာတ်လမ်းတွဲ နာမည်က “ကျောင်း ဆွေး” ပါ။ ကျောင်းဆွေး ဆိုတာ အဓိပ္ပာယ်နှစ်မျိုး ရှိပါတယ်။ ကျောင်းကို ဆွေးတာ လည်း ယူဆလို့ရတယ်။ နောက်တစ်ခုက စာမေးပွဲ မအောင်ဘူး။ ကျောင်းမှာပဲ ဆွးနေ တယ်။ ဒီလိုလည်း ရတယ်။ ဒီဇာတ်ကားထဲမှာ စာမေးပွဲ အမြဲကျနေတဲ့ အတန်းကြီး ကျောင်းသား တစ်ယောက်နေရာကပေါ့။ ဒီလို ဇာတ်လေးကို စိတ်ဝင်စားဖွယ် ပြယုဂ် အနေ နဲ့မြင်တွေ့ရမယ်။ ပျော်စရာ၊ ချစ်စရာ၊ ဝမ်းနည်းစရာ ရသ စုံအောင်ပေးနိုင်ဖို့ လည်း ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

 မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here