Tuesday, December 24, 2024

မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး...

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ(၂၂)ရုံ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ သံမြေမှသံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၌...
HomeArticlesအမေရိက ခရီးသွား အယ်လ်ဘမ်...

အမေရိက ခရီးသွား အယ်လ်ဘမ် အပိုင်း(၄)

drthant

Las Vegas မြို့ရဲ့ပွဲတော် ညအလှ ရှုခင်း

Las Vegas ဆိုတာ ကျွန်တော် စိတ်ကူးယဉ်ပြီးသွားရောက်ချင်ခဲ့တဲ့ မြို့လေးတစ်မြို့ရယ်ပါ။ အခု ရောက်ရှိနေတာက အမေရိကားရဲ့ အရှေ့ဘက်ခြမ်း။ Las Vegas ဆိုတာ အမေရိကားရဲ့ အနောက်ဘက်ခြမ်း။ အချိန်အားဖြင့် လေယာဉ်စီးရင် ၇နာရီကျော်ကြာပါတယ်။ Las Vegas အမေရိကန် ပြည်ထောင်စုမှာ ၂၉ခုမြောက် လူနေထူထပ်မှု အများဆုံးမြို့ဖြစ်ကာ The Entertainment Capital of the World ကမ္ဘာကြီးပေါ်က ပျော်စရာရွှင်စရာမြို့တော်တစ်ခု လည်းဖြစ်ပါတယ်။ သူ့မှာ တည်ဆောက်ထားတဲ့ ဟိုတယ်တွေကလည်း အံ့မခန်းသော ပြင်ဆင်မှုများ နဲ့ ကမ္ဘာ့ 5 star Hotels များပါ။ ဟိုတယ်တိုင်းမှာ Casino တွေ၊ လောင်းကစားဝိုင်းတွေနဲ့အတူ ဖျော်ဖြေ ရေးပြဇာတ်၊ ကမ္ဘာ့အကျော်အမော်တို့ရဲ့ စတိတ်ရှိုးဖျော်ဖြေမှုတွေ မပြတ်သလို ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော့ပါးဖီးရဲ့ မျက်လှည့်ပွဲတို့နဲ့အတူ တစ်ညလုံးမအိပ်ဘဲ စည်ကားတဲ့ မြို့တစ်မြို့ပေါ့။ မြို့က သဲကန္တာရ မှာတည်ထားတော့ နယူးယောက်တို့၊ နယူးဂျာစီတို့ အေး နေချိန်မှာ သူကတော့ မအေးဘဲ ပူနေပါတယ်။ Climate ကတော့ (Subtropical hot desert climate) လို့ ခေါ်ပါတယ်။ သူရဲ့အပူဆုံးလတွေက ဇွန်လမှ စက်တင်ဘာ ထိဖြစ်ပြီး အဲဒီအချိန်မှာ အပူချိန်ဟာ နေ့ဘက်ဆို 41 C (104.2 F) လောက်ထိ ပြင်းထန်ကာ ဆောင်းဆိုတာက ခဏ အနေနဲ့ ဒီဇင်ဘာလလောက်ဖြစ်ပြီး၊ အပူချိန်က 13.7 C (56.6 F) လောက်ရှိပြီး ကျွန်တော်လည်ပတ်တဲ့အချိန်က နေလို့စကောင်းတဲ့ ကာလတစ်ခုဖြစ်နေပါတယ်။ ဒီမြို့မှာတော့ အဖြူများပြီး ၆၂ ဒသမ ၁ ရာခိုင်နှုန်း၊ လက်တင်လူမျိုး ၇ဝ ရာခိုင်နှုန်း၊ အမည်း ၁၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အာရှက ၆ ဒသမ ၁ ရာခိုင်နှုန်း နေထိုင်ကြကာ လူဦးရေ ၆၂၃,၇၄၇ ဦးရှိပါတယ်။ အဓိက စီးပွားရေးကတော့ လောင်းကစားနဲ့ မြို့တော်ဝင်ငွေရှာဖွေခြင်းပါပဲ။ ညဘက်လေယာဉ်ဆင်းလို့ ကြည့်ချိန် မြင်ရတဲ့ Las Vegas မြို့ရဲ့ညအလှဟာ ကမ္ဘာပေါ်မှာအလှဆုံး မီးရောင်ထိန်ထိန်ညီးနေသယောင် လှပနေပါတယ်။ Encore 5 Stars Hotel ကြီးကတော့ ကျွန်တော့်ကိုအံ့သြ မှင်တက်သွားစေပါတယ်။ မြို့ည အလှများ၊ လောင်းကစားဝိုင်းများငေးကာ အရာရာဟာ ထူးဆန်းလို့ နေပါတော့တယ်။

တစ်နေ့ Grand canyon ကို ကျွန်တော်ပြန်အလည်လာဖို့ မျှော်လင့်မိ ပါသေးတယ်။ ဒီနေရာမှာ အလျင်းသင့်လို့ အမေရိကန်လေကြောင်းလိုင်းတွေအကြောင်းလည်း ပြော ချင်မိပါသေးတယ်။ အမေရိကန် လေကြောင်းလိုင်းတွေက မြန်မာပြည်က ပြည်တွင်းလေကြောင်းလိုင်းတွေထက် ဈေးနှုန်းချိုသာတာ တွေ့ရသလို သူတို့ဆီက Promotion ချိန်တွေ၊ အထိမ်းအမှတ်နေ့တွေဆိုရင် ဈေးနှုန်းတွေချသလို ကြိုတင်ဝယ်ယူမှု တွေကလည်း ဈေးလျော့နိုင်ပြီး လေယာဉ်စီးခဲ့တဲ့ မိုင်အရေအတွက်များအရ Member Card ထဲမှာ စုဆောင်းရ ရှိထားတဲ့ အမှတ်တွေနဲ့ ဝယ်လို့လည်းရနိုင်ပါတယ်။ များသောအားဖြင့် ပြည်တွင်းလေ ယာဉ်တွေရဲ့ထုံးစံအရရေ လောက်ပဲတိုက်တာတွေ့ရသလို လေယာဉ်ခရီး ကွာဝေးချိန် ၃နာရီကျော်မှသာ အစားအစာကျွေးတာ တွေ့မြင်ရပါတယ်။ လေယာဉ်မောင်၊ လေယာဉ် မယ်များကတော့အာရှနိုင်ငံများကလို လူပျို၊ အပျို၊ ချောချောလှလှလေးတွေပဲ ရွေးခန့်တာမဟုတ်ဘဲ ပျိုပျိုအိုအို၊ သက်ကြီးသူများ၊ အမည်း မ များပါမကျန် ခန့် အပ်ထားခြင်းပါ။ ဒါကတော့ သူတို့နိုင်ငံရဲ့ လူ့အခွင့် အရေးအရလူတိုင်း လွတ်လပ်သောနေရာမှာ လွတ်လပ်စွာလုပ်ကိုင်နိုင် ခြင်းကိုပြသနေခြင်းတစ်ခုပါပဲ။

အမေရိကန်လေကြောင်း လိုင်းစီးရင်း လေယာဉ်ပေါ်ပါတဲ့ မဂ္ဂဇင်းတစ်ခုကို လှန်ဖတ်မိလေတဲ့အခါ ” မြန်မာ့ကော်ဖီ အကြောင်း တစေ့တစောင်း” ရေးသားထားတဲ့ ဆောင်းပါးတစ်ခုကို ဖတ်မိလိုက် တော့ ရင်ထဲမှာပီတိတွေဖြာပြီး မိမိ နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုကို စတင် ကြော်ငြာနေနိုင်မှုအတွက် ဂုဏ်ယူမိတာ ပြောမနေပါနဲ့တော့ဗျာ။ ကောက်ကိုင်ပြီးဖတ်မိတဲ့ စာအုပ်နာမည်က ဒံနာငျစ့နမနျဒ လို့ ခေါ်ကာ ကမ္ဘာ့အရပ်ရပ်က ကျော် ကြားတဲ့ နေရာတွေနဲ့အတူ ထုတ်ကုန် တွေ ကြော်ငြာပေးတဲ့ စာအုပ်လေး ဖြစ်ပြီး ကျွန်တော်တို့ရဲ့နိုင်ငံခြားခရီးသွား ဝင်ငွေလေးရ အောင် ဦးဆောင် နိုင်သူတွေက အဲဒီလိုမဂ္ဂဇင်းတွေမှာ ထည့်နိုင်ရင်ကောင်းမှာပဲလို့ ယူဆမိ လို့ သူ့ရဲ့ လိပ်စာလေး မှတ်ထားမိတယ်။ +17864822065 marketig @ink-global.com လေးပါပဲ။

အမေရိကားရဲ့ Outlet Mall

ဒါ့အပြင် Mills Outlet Mall Garden State New Jersey ကို ဝင်ရောက်လေ့လာဖြစ်တယ်။ အရင် အဖေတို့ ဗိုလ်ချုပ်ဈေးမှာ မျက်မှန်ဆိုင်ဖွင့်ခဲ့စဉ်က လက်ကျန်ရှိခဲ့တဲ့ မျက်မှန်လေးတွေတပ်ရင်း အခု အမေရိကားရောက်တော့ မိတ်ဆွေ တွေက မှာလိုက်တယ်။ အမေရိကားက Outlet Mall တွေဈေးနှုန်းချရင် တကယ်ချတာ။ အသုံးလိုတာရှိရင် ဝယ်ခဲ့ပေါ့တဲ့။ ကိုယ်တိုင်က ဈေးကြီးတာတို့ Brand တွေကို လွန်စွာမနှစ်သက်တတ်သလို ကိုယ့်ဝင်ငွေ ထက်ပိုတဲ့ ပစ္စည်းတွေကို တပ် မက်လို့မသင့်သလို ဒီချိန်မှာ ကိုယ့်အရေးထက် သမီးအရေးကိစ္စက ပိုသာသွားတော့ ဘာမှရေရေရာရာဝယ်ဖို့တောင် စိတ်ကူးမရှိလှပါဘူး။ ထိုင်းမှာနေတော့ အဝတ်အစား ပေါတာမို့ ဈေးချလို့ ကိုယ်နဲ့လိုက်ရင် ဝယ်ဝတ်လို့ရတယ်လေ။

ဒါနဲ့ပဲ ဒီက Outlet Mall မှာ ပတ်ရင်းမျက်မှန်တန်းရောက်တော့ ကိုယ်တပ်ခဲ့တဲ့၊ ပျောက်သွားတဲ့ မျက်မှန်အတိုင်း ပြန်တွေ့လို့ အားရ ဝမ်းသာဖြစ်ပြီး ဈေးနှုန်းကြည့်မိတော့ မူရင်းဈေးက ၇၉ ဒေါ်လာ၊ အခုဈေးချတာ ၂၂ ဒသမ ၉၉ နွဲှ့ထေ ပေါင်းတော့ ၃၁ ဒသမ ဝ၄ ဒေါ်လာ ပဲရှိတော့ တအံ့တသြ ဖြစ်မိတယ်။ ထိုင်းက ပါရာဂွန်မှာကဘတ် ၃ဝဝဝ ကျော်ဆိုတော့ မြန်မာငွေတစ်သိန်း ခွဲနီးပါ။ အခုကျတော့ မြန်မာငွေ ၄ဝဝဝဝ နီးပါး အတော်ကွာပါလား ပေါ့။ သြော်.. ဒါနဲ့ပဲ ယိုးဒယားသည် လည်း ဒီလိုကွက်ပျောက်တံဆိပ်တွေ ဆို ကိုယ့်နိုင်ငံလို မူရင်းဈေးနှုန်းထက် နှစ်ဆတင်ရောင်းတတ်ပါလားလို့နဲ့ ယိုးဒယားဂျင်းထည့်တာ ခံလိုက်ရသည်ပေါ့ဗျာ။

အမေရိကားက ကုန်ပစ္စည်းတွေ ဈေးချရင် တကယ်ချတာတော့ အသေအချာဖြစ်ပေမယ့် ယိုးဒယားက Shopping Mall တွေက ဈေးချတယ်ဆိုတာက အမှန်တော့ အရင်း ထက်တော့ အမြတ်တင်ပြီးသားများ နေတာတော့ အမှန်အကန်ပဲဆိုတာ ပိုမြင်လာလေ ကိုယ့်မြန်မာနိုင်ငံကလည်း ဘန်ကောက်က ဈေးနှုန်းချတာကို ဝယ်ပြီး ကိုယ့်နိုင်ငံမှာ ဈေးနှုန်းနှစ်ဆနဲ့ ပြန်ရောင်းကြလေတဲ့ အခါမျိုးမှာဆိုရင် နိုင်ငံငယ်လေးတွေ ထဲက ဈေးဝယ်ရသူ နိုင်ငံသူ၊ နိုင်ငံ သားများရဲ့ ကာယလုပ်စာများက ဆုံးရှုံးနစ်နာမူတွေ များပြားလှပါလား လို့ သိလိုက်ရလို့ ကိုယ့်ပြည်တွင်းထုတ် စက်ရုံ အလုပ်ရုံများရဲ့ ဖွံ့ဖြိုးတိုး တက်မှုနဲ့ ကုန်စည်ထုတ်လုပ်မှုစွမ်းရည် မြန်မြန်ဖြစ်ထွန်းလာစေဖို့ ဆုတောင်းရင်း Brand တိုင်းကို သတိလက်လွတ် မရူးသွပ်မိစေဖို့ အသိသတိချပ်စေရန် ရည်သန်ရင်း အမှတ်တရရေးသား လိုက်ရပါတော့ တယ်။

ဒေါက်တာသန့်ဇော်လွင်
(Environmental Health)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071