Thursday, December 26, 2024

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ဂျပန်...

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့်...
HomeArticlesရန်ကုန်ဂျင်

ရန်ကုန်ဂျင်

qnick

ဂျင်သည် ဂျင်ပေါ်က ထုံးထက် အဆပေါင်းများစွာ ပို၍ မွှတ်နေအောင်လည်သည်။ တစ်ခါတစ်ရံတွင် ရန်ကုန်ဂျင် “အလည်လွန်” သဖြင့် ဘယ်မှာလိုက်ရှာရမှန်းပင် မသိတော့။ အမှန်ပင် သူသည် နာမည်ဂုဏ်ပုဒ်နှင့် လိုက်ဖက်စွာ လည်လည်ပတ်ပတ်၊ ပါးပါးနပ်နပ်ရှိ လှ သည်။ သူ့ကို လိမ်ညာလှည့်စားမည့် လူလိမ် လူကောက်များမှာ သူ့ကို မလိမ်ရမီ၊ လိမ်ညာ ဖို့ ကြံစည်ခိုက်မှာပင် သူတို့ကို ရန်ကုန်ဂျင်က တစ်ပတ်သာမက နှစ်ပတ်၊ သုံးပတ် ရိုက် လိုက်သဖြင့် မရပ်မနား ချာချာလည်ကာ ဦးနှောက်ပျက်သွားကြပြီး ရွာသာကြီးရှိ စိတ်ကူးယဉ်ဂေဟာသို့ ရောက်သွားကြရကုန်သည်။

အလွန်ရိုးသားသော ဆူးလေ ဘိုးဘိုး ကြီးက ရန်ကုန်ဂျင်အား ” သီပေါဘုရင်ခေတ် ကသာ ရန်ကုန်ဂျင်တစ်ယောက် မန္တလေးနန်း တွင်းမှာ ရှိနေခဲ့ရင် အင်္ဂလိပ်တွေကို ရန်ကုန် ဂျင် လှည့်စားလိုက်တာနဲ့ အင်္ဂလိပ်တွေ ဦးနှောက်သပွတ်အူလိုက်ပြီး မြန်မာ့ထီးနန်း ဆုံးရှုံးခဲ့မှာ မဟုတ်ဘူး။ ဒါမှမဟုတ် နယ်ချဲ့အင်္ဂလိပ်က မန္တလေးကိုမသိမ်းခင် မင်းကို အရင်ခေါင်းဖြတ်သတ်မှာကွယ့်” ဟု ချီးမွမ်း ခြေကျောက် ပြောဆိုသောအခါ ရန်ကုန်ဂျင် က ပခုံးအစုံတွန့်၍ ပြုံးလေသည်။

” အဲဒီတုန်းက ကျွန်တော်မျိုးရှိ နေခဲ့ရင် ရန်ကုန်တောင် အသိမ်းမခံရပါဘူး။ ကျွန်တော်မျိုးက ရန်ကုန်သားအစစ်၊ ရန်ကုန်မျိုးချစ်၊ ရန်ကုန် ဂျင်ပဲဥစ္စာ။ ပင်လယ် ဝမှာရောက် နေတဲ့ အင်္ဂလိပ်ရေတပ်ဆီကိုသွားပြီး ရန်ကုန် မှာ ပလိပ်ရောဂါကပ်ဘေး ကျရောက်နေတယ်၊ မင်းတို့ဝင်လာရင် အကုန်မသာပေါ်မှာပဲလို့ သွားလိမ်ပြောလိုက်ရင် ဒီကောင်တွေ သွေးပျက်လောက်အောင်ကြောက်ပြီး အိန္ဒယ သမုဒ္ဒရာထဲ ပြန်လှည့်ပြေးကြမှာ ဘိုးဘိုးရဲ့။ အင်္ဂလိပ်တွေက ပလိပ်ရောဂါအသံကြားတာ နဲ့ ဖင်တုန်အောင် ကြောက်တတ်ကြတာ။ အင်္ဂလိပ်တွေမှာ ပလိပ်ရာဇဝင် ရှိခဲ့တာကိုး။ ခရစ်နှစ် ၁၆၆၅ ခုနှစ် ဇူလိုင်လမှာ ဗြိတိန် နိုင်ငံ မြို့တော်လန်ဒန်မှာ ပလိပ်ရောဂါဖြစ်တော့ ရက်သတ္တတစ်ပတ်ကို လူနှစ်ထောင် လောက် သေတာတဲ့။ လန်ဒန်ရွှေမြို့တော် ကြီးဟာ မြို့ပျက်ကြီးလို ဖြစ်သွားကရော”ရန်ကုန်ဂျင်က ထိုသို့အချက်နှင့် အလက် နှင့် ပြောနိုင်အောင် ဗဟုသုတ ဆည်းပူးထားသူလည်းဖြစ်ပေသည်။ အဖြစ်အပျက်တစ်ခု ကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရဘိသကဲ့သို့ တိတိကျကျပြောနိုင်စွမ်းလည်းရှိသည်။

” အဲသည်တုန်းကဆိုရင် လန်ဒန် ရွှေမြို့ တော်ကြီးမှာ အိမ်တိုင်းလိုလို တံခါးတွေပိတ် ထားကြတာ ဘိုးဘိုးရဲ့။ အိမ်တံခါးမကြီးတွေပေါ်မှာ Lord, have mercy on us ဆိုတဲ့ စာတန်းနဲ့ ကြက်ခြေနီသင်္ကေတတွေ ရေးထားကြတယ်” “ဘိုလိုမသုံးစမ်းနဲ့လကွာ။ မျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြက်တဲ့အနေနဲ့ မြန်မာလိုပြောပါလဟ”

” အဲဒီစာတန်းအဓိပ္ပာယ်က (ဘုရားသခင်..အကျွန်ုပ်တို့အား ငဲ့ညှာသနားတော်မူပါ) တဲ့ ဘိုးဘိုးရဲ့။ တစ်မြို့လုံး အသုဘ ခေါင်းလောင်း ထိုးသံတွေ တစ်ညံညံနဲ့ပေါ့။ အလောင်းတွေလာသယ်ကြတဲ့ သုဘရာဇာ တွေကလည်း Bring out your dead လို့ အော်နေကြသတဲ့။ မြန်မာလိုကတော့ (အိမ်ထဲက အလောင်းတွေ အပြင်ကိုထုတ်ထား ကြ)လို့ နှိုးဆော်တာပေါ့ ဘိုးဘိုးရယ်” ဟု ရန်ကုန်ဂျင်က လူတတ်ကြီးလုပ်ပြီး ပြောနေစဉ် ဆူးလေဘိုးဘိုးကြီး စိတ်အလိုမကျသလို မျက်နှာထားတင်းလာ၏။

” ဟဲ့ကောင် ရန်ကုန်ဂျင်၊ ကျက်သရေကျက်သရာမရှိတဲ့ စကားတွေ ရပ်တန်းကရပ်တော့လကွာ။ ပလိပ်ရောဂါဆိုတာ ကပ် ဆိုက်တာပဲ။ ကပ်ကြီးသုံးပါးထဲက ရောဂန္တရ ကပ်လို့ခေါ်တဲ့ အလွန်ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဘေးဆိုး၊ အန္တရာယ်ဆိုး ကျရောက်တာပဲ။ ပလိပ်ရောဂါ အကြောင်း စကားမဆက်နဲ့တော့။ ဆက်ရင် ငါ့တောင် ဝှေးက နဂါးမျက်စောင်းလို အကြောင်းသုံးပါး ရွေးတာမဟုတ်ဘူးနော”

” မှန်လှပါ ဘိုးဘိုး။ ပလိပ်ရောဂါအကြောင်း မပြောတော့ပါဘူး။ ပလိဇ် Police လို့ခေါ်တဲ့ ပုလိပ်အကြောင်းပြောပါရစေ။ အခုခေတ်မှာတော့ မျိုးချစ်စိတ်ရှင်သန်ထက် မြက်စွာနဲ့ (ရဲ) လို့ ခေါ်နေကြပါပြီ။ ရန်ကုန်ပလိဇ်တွေ၊ အဲလေ..ယောင်လို့၊ ရန်ကုန်ရဲတွေဟာ အခုတလော လူပြောသူပြောသိပ်များနေတယ် ဘိုးဘိုးရဲ့”” လူပြောသူပြောများတာ ကောင်းတာပေါ့လဟ။ ထင်ပေါ်ကျော်ကြားတဲ့ news – maker တွေ ဖြစ်သွားကြတာပေါ့”

ဆူးလေဘိုးဘိုးကြီးမှာ ရန်ကုန် မြို့လယ်ကောင်၊ အထင်ကရ ဗဟိုရ်ချက်မမှာ ရုံးထိုင်သော ပုဂ္ဂိုလ် ဖြစ်သော်လည်း မျက်စိမဖွင့်၊ နားမစွင့် တတ်သေးသဖြင့် ဗဟုသုတခေါင်း ပါး ရှာသည်။ ရန်ကုန်ဂျင်သည် စိတ်ပျက်လက်ပျက် ပခုံးတွန့်လိုက်ပြီး

” ဟာ..ဘိုးဘိုးကြီးက လည်း အဝေဖန်ခံရ တိုင်း ထင်ရှားကျော်ကြားတယ်လို့ မပြောနိုင်ဘူးလေ။ နာမည်ကောင်းနဲ့ ထင်ရှားမှ Famous ဖြစ်တာ။ နာမည်ညံ့နဲ့ထင်ရှားရင် Notorious ဖြစ်သွားကရော။ ပြည်သူလူထု တံတွေးခွက်ထဲ ပက်လက် မျောတယ်ဆိုတာမျိုး၊ ပြည်သူလူထုရဲ့ ယုံကြည် မှုမရတော့တာမျိုးပေါ့” ဟု ပြောလိုက် သည်။ ရန်ကုန်ဂျင်က ထိုစကားလုံးကလေးတွေ ညှပ်သုံးလိုက်တိုင်း ဆူးလေဘိုးဘိုးကြီးမှာ တံတွေးစင်မှာစိုး၍ နောက်သို့ ခုန်၍ ခုန်၍ရှောင်နေရရှာသည်။ ရန်ကုန်ဂျင်ကိုလည်း တောင်ဝှေးဖြင့်ရွယ်သည်။

” ဟဲ့ကောင်..နင့်ပထွေးရဲ့ စကားလုံးတွေ မပြောနဲ့။ မြန်မာလိုပြော၊ မျိုးဖျက်သစ္စာဖောက်ကောင်” ဟုလည်း အော်သည်။” ဆောရီး..အဲမှားလို့။ ကန်တော့ပါ ဘိုးဘိုးကြီး။ ဘိုးဘိုးကြီးက news- maker ဆိုပြီး ဘိုစကားညှပ်သုံးတော့ ကျွန်တော် ဘာမှမပြောဘူးနော်။ ကျွန်တော့်ကျအပြစ် တင်တယ်။ လူကြီးတွေဟာ သည်အချိုးချည်းပဲ။ သူတို့မှာအပြစ်ရှိရင် မသိချင်ယောင်ဆောင်တယ်။ သူတစ်ပါးအပြစ်ကျတော့ စက္ကန့်မဆိုင်း လက်ညှိုးငေါက်ငေါက်ထိုး တယ်။ တရားကျစရာ လောကကြီးပါလား” ဆူးလေဘိုးဘိုးကြီးက တောင်ဝှေး ကိုင် မြှောက်လိုက်ပြီး..

” ဟေ့..ပြောနေ စကားကြောရှည်မယ်။ မင်းဟာ ရန်ကုန်မှာ ဝီခေါ်အောင်မွှတ် နေတဲ့ ရန်ကုန်ဂျင်ဖြစ်နေတာမို့ မင်းကို ငါအထူးတာဝန်ပေးမယ်။ ထူးရှယ်တာဝန် ပေါ့လကွာ” “မိန့်တော်မူပါ ဘိုးဘိုးကြီး”

” ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှု ကြီးတွေမှာ တရားခံမပေါ်ဘူး ဖြစ်နေတာ ကြာပြီ။ ရှေးတုန်းက ရဲတွေက စိန်ဓားမြှောင် ဆိုလည် ကွီခနဲ ဖမ်းနိုင်တာပဲ။ စိန်ရဲတင်းဆို လည်း ဒိုင်းခနဲ ဖမ်းမိတာပဲ။ စိန် ဂေါ်လီဆိုလည်း ရွှတ်ခနဲ ဆွဲထားလိုက်တာပဲ။ အခု ခေတ်ရဲတွေမှာ အားနည်းချက် တစ်ခုခုရှိနေ သကွ။ နတ်မောက်လမ်း ငါးလောင်းပြိုင်အမှု မှာလည်း တရားခံတစ်ယောက်မှ မမိဘူး။ မင်္ဂလာဒုံ လေးလောင်းပြိုင်ဆိုလည်း နိုးပဲ။ နေ့ခင်းကြောင်တောင် မြေနီကုန်းက ဘဏ် ကို အနုကြမ်းဝင်စီးတဲ့ အကောင်နှစ်ကောင် လည်း လွတ်သွားတယ်။ (ဟော..) မကြာခင်ကပဲ တောင်ဒဂုံမှာ ရဲတွေကို ကားနဲ့ဝင် တိုက်ပြီး ထွက်ပြေးတဲ့ မူးယစ်တရားခံပြေး နဂါးလေးဆိုတဲ့ သတ္တဝါလည်း လွတ်သွားပြန် ကရော။ အဆိုးဆုံးကတော့ လေဆိပ်က သေနတ်သမားကြည်လင်းကိုမိ၊ သူ့ဘော်ဒါ ကြံရာပါ အောင်ဝင်းဇော်ကိုလည်း မိပေမယ့် နောက် ကွယ်က အဓိက လက်မည်းကြီးတွေက ပျောက်ချင် မလှ ပျောက်နေတယ်။ ဒီတော့ (ရာဇဝတ်ဘေး ပြေးမလွတ်) ဆိုတဲ့ ဆောင် ပုဒ်ကို အကောင်အထည်ဖော်ဖို့ အင်မတန် လည်ပတ် ပါးနပ်လှတဲ့ မင်းကို ငါတာဝန်ပေး မယ်။ ရန်ကုန်ဂျင်ပီပီ ရန်ကုန်တိုင်းအတွင်းက ဝရမ်းပြေးမှန်သမျှကို မိအောင်လိုက်ဖမ်းလေ တော့။ အောင်မြင်ရင် မင့်ကို ဂုဏ်ပြုဘွဲ့ထူး အမျိုးပေါင်း တစ်ရာလောက် ချီးမြှင့်မယ့်အပြင် ငွေသားဆုလည်း သိန်းထောင်ချီပြီး ပေးမယ်။ ကဲ..ဂိုးတော့”

” အိုကေ..ဘိုးဘိုးကြီး..အိုကေ”

ကျွန်ုပ်တို့၏ ရန်ကုန်ဂျင်သည် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးတို့အတွက် တရားခံပြေးများ ဖမ်းဆီးရန် အသွင် အမျိုးမျိုးယူလျက် ရန်ကုန်တိုင်း အတွင်း နေ့မအိပ်၊ ညမအိပ် လှည့်လည်နေ တော့၏။ မကြာမီ တစ်နေ့သောအခါမှာ ရန်ကုန်ဂျင်သည် ဒဏ်ရာဗရပွ၊ ပတ်တီး အထပ်ထပ်၊ ပလာစတာတွေ ဝေဝေဆာဆာ နှင့် ဆူးလေဘိုးဘိုးကြီးထံ ကုပ်ကုပ်ကလေး ရောက်လာရှာလေ၏။ ထို့နောက် ငိုသံပါ ကလေးဖြင့်.. “ကျွန်တော်မျိုးသတင်းထောက် လှမ်း ရင်း အကောင်ကြီးကြီး၊ အမြီး ရှည်ရှည်အိမ် က ခွေးဘီလူးတွေ ဝိုင်းဆုံးမတာ ခံလိုက်ရ တယ်။ ကျွန်တော်မျိုးကို သနားသဖြင့် ကယ်တော်မူပါဦး ဘိုးဘိုးကြီးရယ်”

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071