ပါတော်မူဇာတ်တော်ကြီးရဲ့သီပေါနန်းတက်ခန်းနဲ့ ပါတော်မူခန်းကို ရှေ့နှစ်ဇာတ်သဘင် ရာသီမှစတင်ကာ တင်ဆက်ဖျော် ဖြေတော့မယ့် ဇံဟိန်း

0
338

Zan Heain

စိန်မဟာသဘင်က အခုနှစ် ဇာတ်သဘင်ရာသီမှာတော့ ရနောင်မောင်မောင်တုတ်နဲ့ဆင်ခိုးမလေး အော်ပရာ ကို ကပြတင်ဆက်လျက်ရှိပါတယ်။ ဒ့ါအပြင် နောင်လာမယ့် ဇာတ်သဘင်ရာသီမှာလည်း ပါတော်မူ ဇာတ်တော်ကြီးရဲ့ သီပေါနန်းတက်နဲ့ ပါတော်မှုခန်းကို နှစ်ပိုင်းခွဲပြီးတင်ဆက်ဖို့ စီစဉ်ထားကြောင်း စိန်မဟာသဘင်မှ ဇံဟိန်းက ပြောပါတယ်။

” ကျွန်တော့်အနေနဲ့ ပါတော်မူ အတွက်အများကြီး ပြင်ဆင်ထားပါတယ်။ ကျွန်တော်တစ်ယောက်တည်းပဲ ဒါရိုက်တာလုပ်ရမယ်။ ဆက်တင်တွေနဲ့ အပြောအဆိုတွေကိုလည်း ကျွန်တော်ကိုယ်တိုင်ဦးစီးရမယ်။ လိုအပ်ချက်တွေကိုတော့ အရင်တုန်းက ပြဇာတ်ဒါရိုက်တာကြီးဖြစ်တဲ့ ဦးကြည်နိုင်ကလည်း ပံ့ပိုပေးပါမယ်။ နောက် ပိုင်းရဲ့ဆိုငိုပြောတွေအတွက်လည်း မြို့တော်ကြူကြူမွှေးကသင်ကြားပြသပေးပါလိမ့်မယ်။ ကျန်တဲ့အပိုင်းတွေကတော့ ကျွန်တော် ကိုယ်တိုင်ဦးစီးပြီးလုပ်ရမှာပါ။ ပါတော်မူမှာက အင်္ဂလိပ်စကားပြောလေး တွေပါတဲ့အတွက်ကြောင့် မေလမှာ ပွဲနားပြီးတာနဲ့ သေချာပြင်ဆင်မယ်။ လူရွှင်တော်တွေအပိုင်းကိုလည်း ကျွန်တော်စုစည်းထားပါတယ်။ ဇာတ်ပို့ပိုင်းဆိုင်ရာတွေကိုလည်း ကျွန်တော်စီစဉ်ထားပြီးပါပြီ” လို့ ပါတော်မူနဲ့ပတ်သက်လို့ ပြင်ဆင်ထားမှုအပိုင်းကို ဇံဟိန်းက ပြောပါတယ်။

ဇံဟိန်းအနေနဲ့ လာမယ့်နှစ်မှာ တောင်ပြုံးပွဲတော်ကနေစပြီး တောင်ပြုန်းမင်းညီနောင် ဇာတ်လမ်းနဲ့ ပါတော်မူဇာတ်လမ်းကို စကဖို့ စီစဉ်ထားပါတယ်။ ဇံဟိန်းက စိန်မဟာသဘင်ကို ပြန်လည်ကပြဖြစ်ခဲ့တာ ၂နှစ်ရှိခဲ့ ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်ထက်ဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုအပိုင်းကို ပိုမို ရရှိလာတယ်လို့သိရပြီးဒီလို အားပေးမှုတွေကြောင့်လည်း နောင်နှစ်တွေမှာ ဒီ့ထက်မက ကြိုးစားတင် ဆက်သွားဖို့ အစီစဉ်တွေရှိပါကြောင်း၊ စိန်မဟာသဘင်ဆိုတာ ဂရိတ်ဦးဘိုးစိန်တည်ထောင်ခဲ့တဲ့ ဇာတ် ဖြစ်တဲ့အတွက် အခုခေတ်ပေါ်ကြီးပဲမလုပ်ဘဲနဲ့ ဦးဘိုးစိန်တို့ ခေတ်ကတည်းက အောင်မြင်ခဲ့တဲ့ နောက် ပိုင်းဇာတ်တော်ကြီးတွေ၊ အော်ပရာတွေနဲ့ ပရိသတ်တွေကို တင်ဆက်မှုအားကောင်းကောင်းဖြင့် တင်ဆက်ဖို့စီစဉ်ထားကြောင်း၊ ခေတ်ရဲ့အလိုအကျ စတိတ်ရှိုးကတော့ မပါမဖြစ်အနေနဲ့တင်ဆက်ရ ကြောင်းလည်း ဇံဟိန်းက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here