ပိုပူလာမယ့် နွေရာသီအတွက် အဆိုတော်ဝိုင်းလေးရဲ့ အကြံပြုစကား

0
315

winelay

အဆိုတော် ဝိုင်းလေးက ဒီနှစ်သင်္ကြန်ကိုတော့ရန်ကုန်မှာပဲရှိဖို့ များပြီး ဘယ်မဏ္ဏပ်မှာ ရှိမယ်ဆိုတာတော့ အတိအကျ ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။ အခုနှစ် နွေရာ သီ ကတော့ အရင်နှစ်များထက် အပူချိန် ပိုမယ်လို့လည်း ပညာရှင်များရဲ့သုံးသပ်မှုအရသိရတာကြောင့် နွေရာသီမှာ ကျန်းမာရေးကိုလည်း ဂရုစိုက်စေလိုကြောင်းဆိုတဲ့ ဝိုင်းလေးက …

” အဓိကက နွေရာသီမှာ အဝတ် အစားကအစ၊အစားအသောက်ပါ သတိထားဆင်ခြင်ပြီး ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ရေများများသောက်၊အသီးအနှံများများစားဖို့ လိုတယ်။ အပြင်သွားရင်လည်း Sun Cream တွေဘာတွေ လိမ်းသွားသင့်တယ်။ ထီးလည်း ယူသွားဖို့ လိုပါတယ်။ အင်္ကျီ ဆိုရင် ချည်သားလေးတွေ၊လက်ရှည်၊ဘောင်းဘီရှည်တွေ ဝတ်တာသင့်တော်မယ်လို့ထင်တယ်။ အခုဆိုရင် ဖျားတာ နာတာ ဖြစ်ရင် ရောဂါက တော်ရုံတန်ရုံ မပျောက်ဘူး။အပူရှပ်တာကနေ အားနည်းပြီး ရောဂါပိုးဝင်လာတာတွေ ဖြစ်တတ် တာ။အဲ့ဒီ အတွက် ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်” ဆိုတဲ့ ဝိုင်းလေးက ဒီနှစ် နွေရာသီမှာ ရေရှားပါးမှုပြဿနာတွေလည်း ကြုံ တွေ့ နိုင်တာကြောင့် ရေကိုလည်း တတ်နိုင်သလောက် သိုလှောင် ချွေတာ သုံးစွဲစေဖို့လည်း အကြံ ပြုပါတယ်။

” နွေရာသီမှာ အရမ်းပူတော့ ရေရှားတာတွေ ဘာတွေ ဖြစ်မှာလည်းစိုးရိမ်ရတယ်။ အဲ့ဒီတော့ ရေကို လိုအပ်ရင် လိုအပ်သလောက်ပဲ ချွေတာသုံးရင်တော့ ပိုကောင်း ပါတယ်။ ညီမတို့ ဆိုလည်းရေပြတ်မယ်ဆိုတဲ့ သတင်းကြားရင် အိမ်မှာ ရေတင်တာမျိုးတွေ ကြိုလုပ် ထားရတယ်။ အရေးအကြောင်း ကြုံလာရင် ရေဆိုတာ မရှိလို့ မရဘူး။ ဒါကြောင့် ရေကို ချွေတာပြီး သုံးစေချင်ပါတယ်” လို့ ဝိုင်းလေးက သူ့ အမြင်ကို ပြော ပြခဲ့ပါတယ်။

ဝိုင်းလေးက Selfie ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုလည်း ထွက်ရှိထားသူဖြစ်ပြီး သူမရဲ့ စီးရီးသစ်ကိုတော့ သေချာအချိန်ယူပြီး ပြင်ဆင်ဦးမယ်လို့ လည်း ဆိုပါတယ်။ Miss World အလှမယ်တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဝိုင်းလေးက ယခု မတ်လအတွင်းမှာ ရွေးချယ်မယ့် Miss Myanmar World ၂ဝ၁၇ အလှမယ် ရွေးချယ်ပွဲမှာလည်း အယောက် ၄ဝ မှ အယောက် ၂ဝ ထိ ရွေးချယ်မယ့်အဆင့်မှာအကဲ ဖြတ်ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်သွားဦးမှာ ဖြစ်တယ် လို့  သိရပါတယ်။

ရဲရဲ၊တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here