ကောင်းဖို့ ရည်ရွယ်ပြီး လုပ်တဲ့ကိစ္စတွေ မှာ ကျွန်တော်တို့က ထိုင် အပြစ်ပြောနေလို့ မရဘူး မင်းမော်ကွန်း

0
245

Min-Maw-Kunမင်းမော်ကွန်း က ဒါရိုက်တာ သားကြီး ရိုက်ကူးပုံဖော်မယ့် “နေမဝင် နှလုံးသားများ”  MWD ဇာတ်လမ်းတွဲကို ညီထွဋ်ခေါင် ၊ အေး မြတ်သူ၊ ဆုမြတ် နိုးဦး တို့နဲ့အတူ ဧပြီလ ၁ရက်နေ့မှာ စတင်ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရ ပါတယ်။ ဒီဇာတ်လမ်း မှာတော့ ဗီလိန်နေရာက သရုပ်ဆောင်မယ့် မင်းမော် ကွန်းက ဇာတ်လမ်းတွဲ လက်ခံ ရိုက်ကူးဖြစ်ပုံ နဲ့ပတ်သက်ပြီး…

“ကျွန်တော်က ဗီလိန်ဆန်ဆန် သရုပ်ဆောင်ရမယ်။ ဇာတ်လမ်းတွဲက အချိန် အကြာကြီးလည်း ရိုက်ကူးရတယ်။ ဒါပေမဲ့ ဇာတ်လမ်းတွဲ ကို ဘာဖြစ်လို့ ရိုက်ကူးသလဲ ဆိုရင် ဇာတ်လမ်းတွဲ ရိုက်ကူးချင်တာလည်း ပါတယ်။ ဇာတ်လမ်းတွဲက ပရိသတ်ဆီကို တိုက်ရိုက်သွားတာ ဆိုတော့ ကိုယ် ကြိုးစားသလောက် သူတို့ ဆီရောက်တာ ဆိုတော့ ကျွန်တော် ရိုက်ကူးချင်တဲ့ သဘောပါ” လို့ ပြောပါတယ်။ အကယ် ဒမီပေးပွဲလည်း နီးနေပြီဖြစ်တဲ့ အတွက် ဒီနှစ် အကယ်ဒမီပွဲ အပေါ် မင်းမော်ကွန်း ရဲ့အမြင်ကို မေးကြည့်တော့…

“ကောင်းပါတယ်။ မကောင်းမချင်းက တော့ ကျွန်တော်တို့က ပြုပြင် ပြောင်းလဲပြီး သွားကြမှာပဲ။ ဘယ်သူမဆို ကောင်းဖို့ အတွက်ကို ရည်ရွယ်ပြီးတော့ အကောင်းဆုံးဖြစ် အောင်ပဲ လုပ်ကြမှာပဲ။ ဒီထဲမှာမှ ချွတ်ချော်မှု၊ လွဲမှားမှုလေး တွေကတော့ ရှိကောင်းရှိ နိုင်မှာပဲ။ ဒါတွေကို ကျွန် တော်တို့တွေက ထိုင်ပြီး အပြစ် ပြောမနေဘဲ ဝိုင်း ဝန်းပြီးတော့ တင့်တင့် တယ်တယ် ဖြစ်သွား အောင် ကြိုးစားကြဖို့ပဲ လိုပါတယ်”လို့ ပြော ပါတယ်။ လတ်တ လောမှာတော့ မင်း မော်ကွန်းက ဒါရိုက် တာသားညီ ရိုက်ကူး တဲ့ “သတိ-လူကူး မျဉ်း ကြားမှဖြတ်ကူးပါ” ဇာတ်ကားကို ခိုင်နှင်း ဝေ၊ခေးဆက်သွင်တို့ နဲ့အတူရိုက် ကူးနေ ကြောင်းသိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here