အနုပညာရှင်များ နဲ့အတူ အပတ်စဉ် ပြုလုပ်လျက်ရှိတဲ့ ဝတ္ထုထဲက ဇာတ်ကောင် များနှင့် စကားပြောခြင်း

0
147

Theain-Phyuသိမ်ဖြူလမ်းမကြီး “ရန်ကုန်စာအုပ်လမ်း” မှာ ပြုလုပ်လျက်ရှိတဲ့ ဝတ္ထုထဲမှ ဇာတ်ကောင်များ နှင့် စကားပြောခြင်း အစီအစဉ်ကို မတ်လ ၄ ရက်နေ့ နေ့လယ် ၃နာရီက ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အစီအစဉ်က အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မှာ ကျင်းပတာ ဖြစ်ပြီး ရုပ်ရှင် အနုပညာရှင် များနဲ့ ဂီတ အနုပညာရှင် များလည်း လာရောက် ပြောကြားခဲ့ပါတယ်။ သိမ်ဖြူ စာအုပ်လမ်းရဲ့ ကြီးကြပ်ရေးမှူး ကော်မတီဥက္ကဋ္ဌ ကိုနေမျိုးညွှန့်က “ဒီအစီအစဉ်ကို လုပ်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်က ဒီ စာအုပ်တန်းကို အမြဲတမ်း လာချင်အောင်၊ ပြီးတော့ လူတွေ စိတ်လည်းဝင်စား အောင်၊ ပွဲလုပ်မယ် ဆိုပြီး စီစဉ်ဖြစ်တာပါ။ ပြီးခဲ့တဲ့ အပတ်တွေမှာလည်း ကဗျာရွတ်ပွဲတွေ လုပ်ခဲ့ပါတယ်။ ရှေ့လာမယ့် သီတင်း တစ်ပတ်တွေမှာ လည်း စာရေးသူ၊ ဖတ်သူ မိတ်ဆက်ပွဲတွေ၊ စာနယ်ဇင်း ပန်းချီ သရုပ်ဖော် ဆွေးနွေး ပွဲတွေလည်း လုပ်ဖို့လည်း စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ဝတ္ထုထဲက ဇာတ်ကောင် များနှင့် စကားပြောခြင်း အစီအစဉ်ကို စနေ၊ တနင်္ဂနွေနေ့ နေ့လယ် ၃နာရီမှာ ကျင်းပတာ ဖြစ်ပြီး အခုလို ကျင်းပလာတာ ၄ပတ် ရှိပြီလို့လည်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here