မီးလောင်မှုမှာ နေအိမ် ဆုံးရှုံးခဲ့ရပြီး စိတ်ဓာတ် ခွန်အားတွေနဲ့ ရှေ့ဆက်နေရတဲ့ သရုပ်ဆောင်ထူး

0
181

Htooတောင်ဥက္ကလာမြို့နယ်၊ သူရ ၂လမ်းမှာ မတ်လ ၅ ရက်နေ့က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အနုပညာရှင် တချို့ရဲ့ အိုးအိမ် များလည်း ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီ မီးလောင်မှုဖြစ်စဉ်မှာ သရုပ်ဆောင် မော်ဒယ်လ် ထူးရဲ့ တိုက်ခန်းလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ပွားသွားတဲ့ မီးလောင်မှုကြောင့် ထူးတို့ရဲ့ ပျက်စီးဆုံးရှုံး မှုတွေနဲ့ ပတ်သက်ပြီး “မီးစလောင်တာကတော့ ကျွန်တော်တို့ ဘေးအိမ်ကပါ။ အဲဒီ အိမ်က ဟောင်းနေပါပြီ။ ပေါ့ဆမီးလို့ ဆိုရမှာပေါ့။ မီးလောင်တော့ အဲဒီမီးညွှန့်က ကျွန်တော်တို့ အိမ်ဘက် နဲ့  level သွားညီပြီး မီးတွေ ကိုယ့်အိမ်ဘက်ကို ကူးသွားတယ်။ ပထမ၊ ဒုတိယ၊ တတိယထပ်တွေက အထိခိုက် အများဆုံးပါပဲ။ ကံဆိုး ချင်တော့ အဲဒီအထပ်တွေက ကိုယ်တွေရဲ့ ဟာဖြစ်နေတယ်။ မီးလောင်တဲ့ အချိန်မတိုင်ခင် ၁၅မိနစ်လောက် ကပဲ ကျွန်တော်က ဂန္ဓမာ  level  ကိုသွားတော့ အိမ်က ခွေးလေးတွေကို ပိတ်ထားသလို ဖြစ်သွားတယ်။ ခွေးလေး ၁ကောင်လည်း ဆုံးရှုံးသွားတယ်။ ခွေး ၂ကောင် ပဲ ပြန်ရခဲ့တယ်။ ကျွန်တော် ကျန်တဲ့ ပစ္စည်းတွေကိုတော့ မမက်ပါဘူး။ ပစ္စည်း ဥစ္စာဆိုတာ ပြန်ရှာလို့ ရပါတယ်” လို့ ထူးကပြောပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ တိုက်ခန်းက တစ်လခန့် လူနေခွင့်ပြန်စောင့်ဆိုင်းရမယ် လို့သိရပြီး ထူးတို့မိသားစု လတ်တလော နေထိုင်နိုင်ဖို့ အိမ်ငှားရမ်း ထားတယ်လို့ သိရပါတယ်။ ထူးအနေ နဲ့ကလည်း အနုပညာ အလုပ်တွေကို ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်နေပြီဖြစ်ပြီး စိတ်ဓာတ် ခွန်အားတွေနဲ့ တောင့်ခံနေပါတယ် လို့ ဆိုပါတယ်။

“ဒီလိုမျိုးက ကျွန်တော့်ဘဝမှာ ပထမဆုံး အကြိမ်ပါပဲ။ အတွေ့အကြုံလည်း ရပါတယ်။ ကျွန်တော့်ကို facebook မှာရော၊ Messager နဲ့ရော အားပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ စိတ်ဓာတ်ခွန်အား တွေလည်း ရပါတယ်”လို့ ထူးကပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here