ပွင့်လင်းရာသီ ပူပြင်းတဲ့ကာလမှာ မီးဘေးအန္တရယ် သတိထားကြစေလို

0
208

KyawKyaw Bo

မတ်လအတွင်းကို ရောက်ရှိလာပြီဆိုတာနဲ့ နွေကာလရဲ့ အပူဒဏ်ကို ခံစားကြရပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်နွေရာသီမှာ အပူဒဏ်လေးမျိုး နဲ့ ပတ်သက်ပြီးလည်းဒေါက်တာ ဦးထွန်းလွင်က နွေရာသီကာလတွင် သတိထား သင့်သောအပူဒဏ်(၄)မျိုး နဲ့ပတ်သက်ပြီးအခုလိုပြောပြထားတာ လည်းရှိပါတယ်။ ဒါတွေကတော့ (၁)နေ့အပူချိန်များစံချိန်တင် အောင် မြင့်တက်ခြင်း၊ (၂)အပူချိန် စံချိန် တင်အောင် မမြင့်တက်သော် လည်း အမြင့်ပိုင်း အပူချိန်များတွင် နေ့စဉ် ရက်ဆက်အချိန်ကြာမြင့်စွာ ကျ ရောက်နေသဖြင့်အပူဒဏ် ခံစား ရခြင်း၊(၃) လေထုအတွင်း ရေငွေ့ များရောနှောပါဝင်လာမှု ကြောင့် ခန္ဓာကိုယ် ခံစားရသော အပူချိန်တွင် လေအပူချိန် သာမက ရေငွေ့အပူ ချိန်ပါ ပေါင်းစပ်လာ သဖြင့် လူ၏ခံနိုင်သော အပူချိန်ကို ကျော်လွန် သော အပူဒဏ်ကို ခံစားရခြင်း (၄) ခရမ်းလွန်ရောင် ခြည်အညွှန်း ကိန်း မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလိုအပူဒဏ်တွေနဲ့အတူ နောက်တစ်ခု ကြောက်ရွံ့ရတာကတော့ မီးဘေး အန္တရယ်ပဲဖြစ်ပါ တယ်။ လက်ရှိမှာ လည်း မတ်လ အတွင်း မှာကို ရန်ကုန်၊ မန္တလေးမြို့တွေမှာ မီး လောင်မှုတွေကို ကြား ရလာ ပြီ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဆိုရင်လည်း မတ်လ၅ရက်နေ့က တောင် ဥက္ကာလာမြို့နယ်၊သူရ (၂)လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဆို ပါမီးလောင်မှုထဲမှာ တော့ ရွှေမန်း ဇာတ်သဘင်မှ တင်မောင်ဆန်းမင်း ဝင်းနေအိမ်နဲ့ သဘင်အစည်း အရုံး(ဗဟို)မှ ဖွဲ့စည်း ပေးထားသော ပွဲစီစဉ်သူများ အလွှာမှ ဥက္ကဋ္ဌ ဦးဌေးလွင်၊ မြို့တော်ညီညီမင်းတို့နေ အိမ်တွေလည်း မီးလောင်မှုမှာ ပါဝင်ခဲ့ရပါတယ်။

ဒီအတွက်လည်းသူတို့အနေနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပြီး လက်ရှိမှာလည်း နေအိမ်တွေကို ပြန်လည် တည်ဆောက်ရဦးမယ်လို့ လည်း တာပါတယ်။ ” ဆုတောင်းပေး ကြသူများလာရောက်အားပေးကြသူများ အားလုံးကိုကျေးဇူးတင်ပါတယ်။အများကြီးကံကောင်းပါတယ်။ ပြန်နေလို့တော့မရသေးပါဘူး။ အများကြီးပြုပြင်ရပါဦးမယ်။ကံ ကောင်းပါတယ်။ အပေါ်ခန်းတွေ မီးကူးလောင်တယ်။အကုန်ပါတယ်။ ကျွန်မအခန်းက အသက်သာဆုံးပါ။ ကျွန်မသူများတွေထက်အများကြီး ကံကောင်းပါတယ်။ အားလုံးရဲ့ပို့သတဲ့ မေတ္တာတွေကြောင့်ပါ” လို့ တင်မောင်ဆန်းမင်းဝင်းရဲ့ ဇနီး ဖြစ်သူ မအေးမမလှိုင်ကပြောပြပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ အနုပညာလောကမှ ညီအစ် ကိုမောင်နှစ်မတွေကလည်း တင် မောင်ဆန်းမင်းဝင်း၊ ဦးဌေးလွင်၊ မြို့တော်ညီညီမင်းတို့ကိုလည်း ကူညီ ထောက်ပံ့ ပေးလျက် ရှိနေပါတယ်။ ဒါကြောင့် ဒီလိုကာလမှာမီးဘေး အန္တရယ်ကို အထူးဂရုပြုကြရ မှာဖြစ် ပါတယ်။ နေအိမ်တစ်ခုဆောက် တည်ရမှာ လွယ်ကူတဲ့ကိစ္စ မဟုတ်တဲ့ အတွက်မီးလောင်မှုဖြစ်ပွား ခြင်းမရှိရ လေအောင်တစ်ဦးနဲ့ တစ်ဦး တစ်အိမ် နဲ့တစ်အိမ်က မီးဘေးအန္တရယ် အကြောင်းကိုပညာ ပေးပြောပြကာ နှိုးဆော်ရမှာလည်းဖြစ်ပါတယ်။

” ဥက္ကဋ္ဌဦးဌေးလွင်ကိုတော့ ကျွန်တော်တို့အဖွဲ့အနေနဲ့တော့လျှောက် ကူညီဆောင်ရွက်ပေးနေပါတယ်။ သူတို့မိသားစုက အခုတော့ တိုက်ခန်း ငှားနေကြတယ်။အဓိကတော့ ရန်ကုန်အနေနဲ့ ဆိုရင် မီးဘေးက ဝါယာရှော့ခ်က အ ဓိကဖြစ်နေတယ်။ဒါကြောင့်မီးတွေကို ဆင်ဆင်ခြင်ခြင်သုံးစွဲဖို့ လိုပါတယ်။ အဲကွန်းတွေသုံး၊ ဘာတွေသုံးနဲ့ဆို တော့ မီးမနိုင်ရင်ဝါယာရှော့ခ်တွေဖြစ်တတ်တယ်။ အဲဒီကနေမီးလောင် တတ်တယ်။ အိမ်တွေမှာ လျှပ်စစ်မီးနဲ့ ဝါယာရှော့ခ်တွေကို အဓိကထိန်း သိမ်းဖို့ပါပဲ” လို့ မီးဘေးအန္တရာယ် နဲ့ပတ်သက်လို့ ပွဲစီစဉ်သူအလွှာမှ ပြန်ကြားရေးမှူးကိုဇေယျာက သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မီးဘေးအန္တရယ်ဟာ အလွန်ကြောက် ရွံ့စရာဖြစ်ပြီး သူခိုးခိုးရင်တောင် ပစ္စည်း အကုန်မပါပေမယ့် မီးလောင်ရင်တော့ အကုန်ပါတယ်ဆိုတဲ့ ဆိုရိုးစကားလည်းရှိနေတာဖြစ်တာကြောင့် နွေကာလရဲ့ ပူပြင်းမှုအောက်မှာ မီးဘေးအန္တရာယ်ကို ပါသတိထားကြ စေဖို့ ရည်ရွယ်ရေးသားလိုက်ရ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here