တူရကီနိုင်ငံမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်ခဲ့တဲ့ နန်းဝင်း၊ နန်းခင်မွှေးတို့ မောင်နှမ

0
402

nangwinသဘင် မင်းသားကြီး ဦးနန်း ဝင်း၊ သဘင်မင်းသမီးကြီး နန်းခင် မွှေးတို့ မောင်နှမ နှစ်ယောက်က တူရကီနိုင်ငံ မှာပြုလုပ်မယ့် ဥရောပ၊ တူရကီ အနုပညာ နှီးနှောဖလှယ်ပွဲ တော်မှာ သွားရောက် ဖျော်ဖြေဖို့ အတွက် အောက်တိုဘာလ ၁၃ ရက် နေ့က ထွက်ခွာ သွားခဲ့ပါတယ်။ ဒီ အနုပညာ နှီးနှောဖလှယ် ပွဲတော်မှာ တော့ တူရကီ နိုင်ငံမှ အနုပညာရှင် များ၊ အာဖရိကနိုင်ငံမှ အနုပညာရှင် များ၊ ရုရှားနိုင်ငံမှ အနုပညာရှင်များ လည်း လာရောက် ဖျော်ဖြေတင်ဆက် ခဲ့ကြပါတယ်။ တူရကီ၊ အာဖရိက၊ ရုရှား စတဲ့ နိုင်ငံကြီးတွေက မြန်မာ နိုင်ငံမှ သဘင် အနုပညာရှင် များရဲ့ အက၊ အမူအရာ ဟန်ပန်၊ အဆို တွေကို အံ့သြခြင်း များစွာနဲ့ လက်ခုပ် သြဘာ အားပေးလို့ မဆုံးနိုင်ပါ။ ဒီပွဲနဲ့ ပတ်သက်ပြီး နန်းခင်မွှေးက အခုလို ပြောပြလာတာက..

“ကျွန်မ တို့ကပြသလို သူတို့ လိုက်ကပြကြတယ်။ ကျွန်မတို့ဆိုတဲ့ သီချင်းကို သူတို့ နားမလည်ကြပေ မယ့် ကျွန်မတို့ရဲ့ အမူအရာတေ ကို သဘောကျ နှစ်သက်ပြီး လိုက်ဆိုကြ တယ်။ ညပွဲမှာလည်း ကျွန်မ တို့ကို သီချင်းတွေ တောင်းဆို လာခဲ့တယ်။ ဆိုရင်း အမူအရာတွေကို သူတို့သိ လာကြတယ်။ ဒါနဲ့ကျွန်မ အစ်ကို ကိုနန်းဝင်းက ဟော်လို ဂစ်တာရယ်၊ အာဖရိက ဗုံလေးရယ် တီးပြီး ကချင် အောင်၊ ပျော်ရွှင်အောင် နားပန်းဆံ၊ မီးပုံပွဲ၊ သင်္ကြန်သီချင်းတွေ မနား စတမ်း ကပြအောင်ပွဲခံကြပါတယ်” လို့ ပြောပါတယ်။ မြန်မာအနု ပညာ အဖွဲ့က တူရကီမှာ မြန်မာ့အနုပညာ ကို ကပြတင်ဆက်ရင်း ဂုဏ်ယူဝင့် ကြွားစွာ မြန်မာဟေ့လို့ ကြွေးကြော် နိုင်ခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here