သတင်းထောက် ဇာတ်ရုပ်က ဘယ်သူ့ ကိုမှ မရည်ရွယ်ပါဘူး ဆိုတဲ့ ဆုအိမ်စံ

0
224

Su-Eain-Sanသရုပ်ဆောင် ဆုအိမ့်စံက “င့ါအကယ်ဒမီ” ရုပ်ရှင်ဇာတ်ကားမှာ သတင်း ထောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် ထားတာဖြစ် ပါ တယ်။ ဒီရုပ်ရှင် ဇာတ်ကားရဲ့ကာရိုက်တာ နဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး သရုပ်ဆောင် ထားတာ မဟုတ်တဲ့အတွက် တချို့သော ဂျာနယ်လစ်တွေ အနေနဲ့ နားလည်မှု မလွဲစေချင်တဲ့ အကြောင်းကို…

“င့ါအကယ်ဒမီ ရုပ်ရှင်ဇာတ်ကားမှာ ဆုကသတင်းထောက် ကာရိုက်တာကို အပြင်က ဂျာနယ်လစ်တွေ ရဲ့ပုံကိုကြည့်ပြီး သရုပ်ဆောင် ဖြစ် တယ်။ ဒီကာ ရိုက်တာနဲ့ ပတ်သက်ပြီး တချို့သော ဂျာနယ်လစ်တွေက ဝေဖန်မှုတွေ ရှိတယ်လို့ သိရတယ်။ အဲဒီ အပေါ် မှာတော့ ဘယ်သူ့ဘယ်သူ ကိုမှရည်ရွယ်ပြီး ရိုက်ကူးထားတာ မဟုတ် ဘူး။ ဒါက နားလည်မှု လွဲနေတာပါ။ ညီမအနေနဲ့ ကလည်း အကောင်းဆုံး သရုပ်ဆောင်ပြီး ကြိုးစားခဲ့တဲ့ အတွက် နားလည်မှု မလွဲစေချင်ပါဘူး”လို့ ဆို ပါတယ်။ ဆုအိမ့်စံ အနေနဲ့ ကာရိုက် တာတွေ မစုံသေးပေမယ့် အခက် အခဲကလည်း သူ့ဟာနဲ့ သူရှိ တယ်လို့ ပြောပါတယ်။

“ဆု ရိုက်ကူးရတဲ့ ကာရိုက်တာ တွေကတော့ သိပ်မစုံသေးပါဘူး။ ဆု အတွက်တော့ ဟာသ ဇာတ် ကားတိုင်းက မလွယ်သ လို ဒရာမာ ဇာတ် ကားတိုင်းလည်း မခက်ပါဘူး။ သူ့ဟာနဲ့ သူတော့ အခက်အခဲရှိ တယ်။ အဓိကက ကိုယ်ကျရာ ဇာတ် ရုပ်ကိုအကောင်းဆုံး ကြိုးစားတယ်။ ဆု ဇာတ်လမ်း ရွေးချယ် မှုတော့ လုပ်ဖြစ် တယ်။ ကိုယ့် အတွက် လုပ်ကွက် ရတဲ့ဇာတ်မျိုးဆို လက်ခံပြီး ရိုက်ကူး ဖြစ် တယ်”လို့ ဆု အိမ့်စံကပြောပါ တယ်။ “င့ါအကယ် ဒမီ” ရုပ်ရှင်ဇာတ် ကားကြီးက ဆုအိမ့် စံပါဝင်သရုပ် ဆောင်တဲ့ ဒုတိယ မြောက်ရုပ်ရှင် ဇာတ် ကားဖြစ်ပြီး အခုလတ် တလော မှာတော့ “မြား တစ်စင်းကဲ့သို့” ဗီဒီယို ဇာတ်ကား ရိုက်ကူးနေ တယ်လို့ သိရပါတယ်။

ချယ်ရီ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here