ဒီကာလကတော့ တက္ကသိုလ် ဝင်တန်းတွေ စာမေးပွဲဖြေနေကြတဲ့ အချိန်ကာလပါ။ ဒါကြောင့် အဆို တော်ဖြိုးပြည့်စုံနဲ့တွေ့တုန်း ဆယ်တန်းစာမေးပွဲဖြေဆိုနေကြတဲ့ ကလေးတွေအတွက် ခွန်အားဖြစ် စေမယ့် အမှတ်တရစကားကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖြိုးပြည့်စုံက အဆိုတော်တစ်ယောက်လည်း ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့အတွက် ဆယ်တန်းကျောင်းသားဘဝနဲ့ပတ်သက်ပြီး မှတ်မှတ် ထင်ထင်ရှိနေပါတယ်။
” ဘဝတစ်ခုချင်းစီမှာ ရည်မှန်းချက်တစ်ခုစီဆိုတာရှိတယ်။ ကျွန်တော် တို့ကလေးဘဝရဲ့နောက်ဆုံးရည် မှန်းချက်က ဆယ်တန်းအောင်တာပါ။ ဆယ်တန်းအောင်တဲ့အခါမှာလည်း ထူးထူးချွန်ချွန် အဆင်ပြေပြေလေးအောင်ချင်တယ်။ ကိုယ့်ကိုတစ်သက်လုံးပြုစုစောင့်ရှောက်ကျွေးမွေးခဲ့တဲ့မိဘတွေကို အသီး အပွင့်လေးအနေနဲ့ ပထမဦးဆုံးကျွန်တော်တို့ပြန်ပြီးတော့ကျေးဇူးဆပ်ခြင်းဟာ ဒီဆယ်တန်း စာမေးပွဲလေးလို့ ကျွန်တော်ကတော့ယူဆတယ်။ ညီငယ်၊ ညီမငယ်တွေ ကိုလည်း ကျွန်တော်ပြောချင်တာက ကိုယ့်ရဲ့မိခင်၊ဖခင်တွေကို ဘာမှ ပိုက်ဆံတွေဘာတွေ မပေးနိုင်သေးခင် ပထမဦးဆုံးသူတို့ကိုစိတ် ချမ်းသာမှုလေးပေးနိုင်တော့မယ်။ ဒီစိတ်လေးနှလုံးသွင်းပြီးတော့မှစာလေးတွေ သေသေချာချာ ကျက်စေချင်ပါတယ်။ အငယ်တန်း ရဲ့မှတ်တိုင်လေးတစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ့ထက် ပိုပြီး ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အကောင်း ဆုံးမှတ်တိုင်လေးကို တည်ဆောက်နိုင်ပါစေ။ ဆယ်တန်းကို ထူး ထူးချွန်ချွန်နဲ့အောင် မြင်နိုင်ကြပါစေ” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။ အနုပညာပိုင်းနဲ့ပတ်သက်လို့ သင်္ကြန်ပြီးတဲ့အခါ “မျှော် နိုင်သမျှ” အခွေ အမ်တီဗီထွက်ရှိဖို့ ပြင်ဆင်နေတဲ့ ဖြိုးပြည့်စုံက ” Audio တုန်းက ပရိသတ်အားပေးလို့ ဖြိုးပြည့်စုံဆိုပြီးတော့ အနုပညာအလုပ် တွေလုပ်ခွင့်ရတဲ့အခါမှာ Music Videoအနေနဲ့အများကြီးမျှော် လင့်ထားတာမရှိတော့ပါဘူး။ ကိုယ့် ဘက်ကဘယ်လောက် ပေးနိုင်မလဲဆိုတာကို စဉ်းစားပြီးတော့ ၁၃ပုဒ်စလုံးကိုရိုက်မယ်။ ပြီးတော့ ပရိသတ်တွေကို အမှတ်တရအနေနဲ့ ဝယ်ပြီးသိမ်းထား လို့ရအောင်အစီအစဉ် လေးတွေလုပ်ထားပါတယ်။ “လရိပ်” သီချင်းကတော့ ကိုနေတိုးရယ်၊ မဝိုင်းစုရယ်က မေတ္တာနဲ့ကူညီပြီးသရုပ် ဆောင်ပေးထားတဲ့အခါမှာ ဒါလေး ကရိုက်ထားတာကြာနေ ပြီဆိုတော့ အွန်လိုင်းမှာ FOC အနေနဲ့ အရင်တင်ပေးလိုက်တာပါ” လို့ ပြောပြခဲ့ ပါတယ်။
မျိုးမောင်