သမီးလေး ရှေ့ရေးအတွက် အလုပ်တွေ ကြိုးစားဖြစ်နေတဲ့ ချမ်းချမ်း

0
120

CHAM

ချမ်းချမ်းက အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပေမယ့်လည်း ပိန်ပိန်ပါးပါးနဲ့ လှပနေဆဲပါ။ အိမ်မှုကိစ္စတွေ၊ အနုပညာလုပ်ငန်းတွေ၊ လူမှုရေး ကိစ္စတွေနဲ့ အလုပ်တွေများနေပေမယ့်လည်း မိမိရဲ့ခန္ဓာကိုယ် အလှအပနဲ့ ကျန်းမာ ရေးကို ဘယ်လိုဂရုစိုက်ရလဲဆိုတာ ချမ်းချမ်းကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ ချမ်းချမ်းတို့လို အိမ်ထောင်ရှင်မတွေအတွက်လည်း အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းစေ လိမ့်မယ်ထင်ပါတယ်။ သူမက…

” အစ်မအဓိကကတော့ အစားအသောက်ရှောင်တာပေါ့နော်။ ညဘက်ကို အစားအသောက်တွေ လျှော့စားဖြစ်တယ်။ ပင်ပန်းရင် တော့ စားဖြစ်တာပေါ့နော်။ ဒါပေမဲ့ အဲဒီလိုမျိုးနေ့တွေကျရင် တစ်နေ့လုံး ထမင်းစားတဲ့အခါကျတော့ နည်းနည်းလောက်ပဲ စားပြီးတော့ ကျန်တဲ့အချိန်မှာ အသီးအရွက်တွေစားတယ်။ ဖျော်ရည် သောက်တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ မနက်တိုင်းပြေးတယ်။ အဲဒါ လေးတွေက သိသာစေပါတယ်” လို့ပြောပါတယ်။ အဲဒါအပြင် ချမ်းချမ်းက သမီးလေးမြမိုးဂင်္ဂါရဲ့ အနာဂတ်အတွက် သူမရော၊ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်ကပါ အလုပ်တွေကြိုးစား ဖြစ်နေတယ်လို့ဆိုပါတယ်။

” တအားကြီးအလုပ်များတဲ့ နေ့တွေဆို အစ်မယောက္ခမတွေ၊ အမေတွေ ကကြည့်ပေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အစ်မ ယောက်ျားနဲ့ အစ်မ က သူ့ကိုအချိန်ပေးဖြစ်တယ်။ အမြဲတမ်းကြီး မဟုတ် ရင်တောင် တစ်ပတ်ကို ၂ရက်၊ ၃ရက် လောက် သူ့ကိုအချိန်ပေးဖြစ်တယ်။ ခရီးမဝေးဘူးဆိုရင်တော့ ခေါ်သွားဖြစ်တယ်။ တအားပင်ပန်းတဲ့ခရီး ဆိုရင်တော့မခေါ်သွားဖြစ်ဘူး။ အလုပ်ကလည်းတစ်ဖက်၊ မလုပ်လို့ ကလည်းမရဘူး။ အမေရော၊ အဖေရော ရှာမှ အခုခေတ်က လုံလောက်တာဆိုတော့ သမီးအတွက် ကျောင်းစရိတ်တွေကအစစုရ၊ ဆောင်းရတယ်။ အလုပ်တွေ ၂ဆ၊ ၃ဆပိုလုပ်ရတဲ့အတွက် သမီးလေးကြီးလာလို့ရှိရင် နားလည်လိမ့်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။ တစ်ကိုယ်တော်စီးရီးခွေထွက် ဖို့လည်း စီစဉ်နေတဲ့ ချမ်းချမ်းက ” အစကတော့ Mini လေးပဲ ထုတ်မလို့ပါ။ အစ်မ ပရိုဂျူဆာက သူစီးရီးခွေထုတ်ပေးမယ်၊ ကြိုက်တဲ့သီချင်း အမျိုးအစားတွေလုပ်ပါဆိုတော့ အစ်မကိုယ်တိုင်လည်း ကြိုက်မယ်၊ ပရိသတ်လည်းကြိုက်မယ့် သီချင်းလေးတွေထုတ်ဖြစ်တာပါ။ သီချင်း ၁၂ပုဒ်ပါမယ့် စီးရီးခွေပေါ့နော်။ ၅လပိုင်းထွက်ရှိမယ်။ Title တော့မပေးရသေးဘူး” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here