ကယားပြည်နယ် ခရီးသွား အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့တဲ့ အေးမြတ်သူ

0
153

Aye-Myat-Thu-(1)သရုပ်ဆောင် အေးမြတ်သူက MRTV Entertainment  မှာ ထုတ် လွှင့်တဲ့ ခရီးသွား အစီအစဉ် အတွက် ကယားပြည်နယ် တစ်ခွင်ကို ၇ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါတယ်။ အခုလို သွားရောက်ခဲ့တဲ့ အတွေ့ အကြုံကို အေးမြတ်သူ ပြန်လည်မျှ ဝေတာကတော့…

“ဒီတစ်ခါသွားခဲ့တဲ့ ခရီးက ကယားပြည်နယ် ခရီးစဉ်။ ကယားပြည်နယ် မှာက ကယော၊ ကယန်း တို့ လူမျိုးတွေ ရှိတယ်။ သူတို့ရဲ့ နေထိုင် မှုလေး တွေ၊ သူတို့ရဲ့ရိုးရာဓလေ့ ကို သွားရောက်လေ့ လာခဲ့တယ်။ လွိုင်ကော်ကနေ အင်တိန်၊ အင်း လေး ဘက်က ဘုရားတွေ သွားခဲ့တယ်။ လွန် ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်း သုံးထောင် လောက်က ကျောက်ခေတ် လူသားတွေနေ တယ်လို့ သက်သေ အထောက် အထားတွေ ရှိ တဲ့ ဂူတစ်ဂူရှိတယ်။ အဲဒီလိုနေရာတွေသွား ရောက်လေ့လာခဲ့တယ်။ အေးမြတ်သူ တို့ ခရီးစဉ်က သွားတဲ့သူ နည်းပါးပြီး သိပ်သွား လေ့ မရှိတဲ့ နေရာမျိုးတွေ သွားတယ်။ အင်း လေးသွားတယ် ဆိုရင်လည်း အင်းတိန် ဘက်က ပတ်ပြီး သွားကြတယ်။ အင်တိန် ဘုရားတွေ က အသောက မင်းကြီးရှိတဲ့ လက်ထက်ကတည်းက ဘုရားတွေအရမ်း ကို ရှေးကျတဲ့ ဘုရားတွေ သွားဖူးတယ်” လို့ပြောပါ တယ်။ အေးမြတ်သူက သူ သွားခဲ့တဲ့ ခရီးစဉ်မှာ အမှတ်တရတွေ လည်း အများကြီးရှိခဲ့ပြီး ကယန်းလူမျိုး ရဲ့ ရိုးရာဓလေ့ အကြောင်း ကိုလည်း အခုလို ဆက်လက် ပြောပြခဲ့ပါတယ်။

“အေးမြတ်သူ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ က ကယန်းလူမျိုးဝတ်စုံ။ လည်ပင်း ကွဲဝတ်တာက မနာဘူးလားလို့ မေးကြတယ်။ အဲဒါက အတုဝတ် တာ။ ရှေ့ကနေပဲ စွပ်ပြီး နောက် က ကြိုးသိုင်းထားတာ။ သူတို့တွေ က လာတဲ့သူတွေ ပျော်ရွှင်အောင် သူတို့ လူမျိုး ဝတ်စုံတွေကို ဝတ် ဖူးအောင်ဝတ်ကြတာ။ အေးမြတ် သူ ကလည်း ဝတ်ဖူးအောင် ဆိုပြီး ဝတ်ကြည့်ခဲ့တယ်။ သူတို့တွေနဲ့ သီချင်း တွေ ဆိုခဲ့တယ်။ စကားတွေလည်း ပြောဖြစ် ခဲ့တယ်။ အဓိက ဒီတစ်ခေါက်ကတော့ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုး စုတွေပေါ့။ ကယန်းနဲ့ ကယောက တော် တော်ရှားတယ်။ ကယောကသူတွေ ဆိုဝ တဲ့သူ သိပ်မရှိ ဘူး။ သူတို့က တောင်ပေါ်မှာ အိမ် ဆောက်နေတာ ဆိုတော့ တောင်တက် တောင်ဆင်းရတာ ဆိုတော့ မဝကြဘူး။ ဆန်ကိုကိုယ်ကိုယ်တိုင် ဆန်လုံးကြီး ထောင်း ပြီး စားတယ်။ အဆီလုံးဝ မစားဘူး။ အရွက်တွေပဲ ချက်ပြီး စားတယ်။ ကျန်းမာတယ်။ အရမ်းလည်း ရိုးသားတယ်” လို့ ပြောပါ တယ်။

တွယ်တာ၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here