ဆံပင်ဒီဇိုင်း အသစ်နဲ့ ဇာတ်ကားသစ် မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တဲ့ Kristen Stewart

0
316

KSမင်းသမီး Kristen Stewart က သူမရဲ့ ဇာတ်ကားသစ်  Personal Shopper  မိတ်ဆက်ပွဲမှာ အနက်ရောင် crop top နဲ့ အနက်ရောင် ဘောင်းဘီ တို့ကို ဝတ်ဆင်ပြီး တက်ခဲ့ပါတယ်။ ဖက်ရှင်ကို နှစ်သက်ကြတဲ့ လူတွေ စိတ်ဝင်စားတာက အဝတ်အစား မဟုတ်ဘဲ Kristen နဲ့ ဆံပင် ပုံစံအသစ် ဖြစ်နေပါ တယ်။ Kristen က ကတုံးဆံပင်နဲ့ ကောဇော်နီကို တက်လှမ်းလာခဲ့ပါတယ်။ သူမ အခုလို ဆံပင် ပုံစံကိုပြောင်းလဲ လိုက်တာက သူမနောက်ထပ် ရိုက်ကူးမယ့်  Underwater  ဇာတ်ကား အတွက် လို့ သိရပါတယ်။ ရုပ်ရှင်ထွေလာမှာ ပါရှိတာက ရေအောက် သုတေသ နမှာ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းတွေက မြေငလျင်ကြောင့် သူတို့ရဲ့ စမ်းသပ်ခန်းကြီး ပျက်စီးပြီး  ကြုံတွေ့လာရတဲ့ အချိန်တွေကို ဘယ်လို ခက်ခက်ခဲခဲ အသက်ဘေး လွတ်အောင် ကြိုးစားရလဲ ဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ Underwater ဇာတ်ကား မရိုက်ကူးခင်မှာတော့ Kristen က Personal Shopper ဇာတ်ကားကို အာရုံစိုက်နေပါတယ်။ V Magazine ရဲ့ “Free Spirit” ကာဗာကို ရိုက်ကူးခဲ့ပြီး သူမရဲ့ အတွေ့အကြုံ တွေကို အခုလိုဝေမျှခဲ့ပါတယ် တစ်စုံတစ်ယောက် နဲ့ မင်း ဖုန်းစကားပြော မယ်ဆိုရင် အလွယ်တကူ နားလည်ပါတယ်။ ဒါပေမယ့် စာပို့မယ် ၊ ဆိုရှယ် မီဒီယာ မှာစာရေးမယ် ဆိုရင်တော့ ရေးသားတဲ့ စာသားက မင်းနဲ့ မင်းရဲ့သွင်ပြင် လက္ခဏာ ကို ဖော်ညွှန်းတာကြောင့် သေချာ ဂရုစိုက်ရေးဖို့ လိုအပ်ပါတယ်” ဒီအပတ် သောကြာနေ့မှာ Personal Shopper ဇာတ်ကား ရုံတင်ပြသမယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here