တစ်ကိုယ်လုံးပေါ်တဲ့ အဝတ်အစားမျိုးတွေကို ဝတ်ဖို့ ယုံကြည်မှု သိပ်မရှိဘူး အိမ့်ချစ်

0
255

Eaint-Chit-(2)ဖက်ရှင်နဲ့ပတ်သက်လို့ ကိုယ် တိုင် လေ့လာဝတ်ဆင် နေကြရတဲ့ အဆိုတော်တွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အ မှတ် တံဆိပ်လေးတွေ နဲ့ အင်္ကျီ Brand လေးတွေ ထုတ်လာ ကြတာ ကမ္ဘာမှာလည်း ရှိသလို မြန်မာမှာလည်း တွင်ကျယ် လာ ကြပါပြီ။ ဥပမာ- SZ ရဲ့ Run YGN၊ နေဝင်းရဲ့ OMG ၊ ဖြိုးလေးရဲ့ Genius၊ ဘန်နီဖြိုးရဲ့ Karrot ၊ မိစန္ဒီရဲ့ My Boo တို့လိုပေါ့။ အခုလည်း Emily အမှတ် တံဆိပ်နဲ့ အဆိုတော်မလေး အိမ့်ချစ်က မိန်းကလေးဝတ် အင်္ကျီတွေ ထုတ်နေပြီး ပရိသတ်နဲ့ သဟဇာတဖြစ်လို့ ဝမ်း သာနေလေရဲ့။

သူမကိုယ်တိုင် ကလည်း ခန္ဓာကိုယ် အချိုးအစား သိပ်မလှတဲ့ အတွက် Swag ပုံစံ အင်္ကျီမျိုးလေးတွေကို ကြိုက်နှစ် သက်ပါတယ် ဆိုတဲ့ အိမ့်ချစ်က…

“Tank Top က Swag ဘက်ကို သွားတယ်ပေါ့။ ဘာကြောင့် ဒီလိုမျိုး အင်္ကျီမျိုးလေးကို ထုတ်တာ လဲဆိုတော့ မိန်းကလေးတွေမှာ အားနည်းချက်တွေ အများကြီး ရှိတယ်။ ခန္ဓာကိုယ် လှတဲ့သူ ရှိတယ်။ ခန္ဓာကိုယ် မလှတဲ့သူ ရှိတယ်။ အိမ့်ချစ် ဆိုလို့ရှိရင်လည်း ခန္ဓာကိုယ် သိပ်မလှတဲ့ အထဲမှာပါတယ်။ ကိုယ်က နဂိုကတည်း ကလူလည်း သေးတယ်။ အဲဒီအခါမျိုး မှာ တစ်ကိုယ်လုံးပေါ်တဲ့ အဝတ်အစား မျိုးတွေကို ဝတ်ဖို့ယုံကြည်မှု သိပ်မရှိဘူး။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစား မလှတဲ့အတွက် ပွပွယောင်းယောင်း လေးတွေဝတ်ရင် ဘယ်သူမှ မသိဘူး။ မသိသာ ဘူးဆိုတဲ့ စိတ်ကလေး တစ်ခုဖြစ်မိတယ်။ ပွပွ ယောင်းယောင်းလေးတွေ ဝတ်ထားရင် ကိုယ့် ကိုယ်ကိုယ် လွတ်လပ်တယ် လို့လည်း ခံစားရ တယ်။ သူများအမြင်ကိုလည်း ကိုယ်က ဂရု စိုက်နေစရာ မလိုဘူး။ အဲဒီ အတွက်ကြောင့်မို့ လို့ အိမ့်ချစ် ဒီလိုမျိုး Tank Top  ပွပွလျလျ လေးကို ပထမဦးဆုံးစပြီးတော့ ထုတ် ဖြစ် တာပါ။ အိမ့်ချစ်က နဂိုကတည်းက နည်း နည်းယောက်ျားလေး ဆန် ဆန်နှဲ့တေါ ဖြစ်တာလေးတွေ ကို သဘောကျတယ်။ မိန်းမဆန်ဆန် ဝတ်ရတာထက်ပေါ့။ အိမ့်ချစ် ထုတ်တာဖြစ်တဲ့ အတွက် အိမ့် ချစ် အကြိုက်ကို အရင်ဦးဆုံး ထုတ်တာ ပါ။ အိမ့်ချစ်က လက်ပြတ် အရမ်း ကြိုက် တယ်။ အဲဒီ အတွက်ကြောင့် ပထမဦးဆုံး လက်ပြတ်ထုတ်တယ်။ နောက်ပိုင်း မှာတော့ အိမ့်ချစ်က စီး ပွားရေး သဘော အရ ထုတ်တာ ဖြစ်တဲ့အတွက် လူတိုင်းဝတ်လို့ ရအောင်လို့ လက်တိုလေးတွေ၊ လက်ရှည်လေးတွေ ထုတ်သွားဖို့ အတွက် အစီအစဉ် ရှိပါတယ်” လို့ ပြောပါတယ်။

အနုပညာပိုင်းနဲ့ ပတ်သက်လို့ ကတော့ အိမ့်ချစ်က “အိမ့်ချစ်ဟု ခေါ်သည်” စီးရီးခွေကို မတ်လထဲမှာ အမ်တီဗီ စရိုက်ကူးမယ် လို့ဆိုပြီး လတ်တလော ကတော့ ခရီးတွေ တောက် လျှောက်ထွက်ပြီး သီချင်းတွေ ဆိုလို့နေပါတယ်။

သတင်း၊ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here