ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးချင်သူ ဒါရိုက်တာ ကြည်ဖြူသျှင်

0
215

Kyi-Phyu-Shinဒါရိုက်တာ ကြည်ဖြူသျှင်က ဂျပန်နိုင်ငံကို ဖေဖော်ဝါရီလ ၁၁ရက် နေမှ ၂၆ရက်နေ့ အထိ ၁၅ရက်တာ သွားရောက်ဖြစ် ခဲ့ပါတယ်။ ဒီခရီးစဉ် ကတော့ ဂျပန်နိုင်ငံမှ The Japan Foundation Asia Centre Short Term မှ ဖိတ်ကြားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ဒုတိယ အကြိမ် မြောက်ဖိတ် ကြားခြင်းဖြစ်ပါ တယ်။ ဒါရိုက်တာ ကြည်ဖြူသျှင် အနေ နဲ့ ဂျပန်နိုင်ငံရဲ့ရုပ်ရှင်ရုံများ၊ စတူဒီ ယိုများ၊ ရုပ်ရှင်သင်တန်းကျောင်း များ၊ ပြတိုက်များကို လေ့လာခဲ့ရ တဲ့အပြင် ဂျပန် ဒါရိုက်တာ များနဲ့လည်း တွေ့ဆုံ စကား ပြောဖြစ်ခဲ့ပါတယ်။

“ဂျပန်နိုင်ငံက ဒါရိုက်တာကြီး နှစ်ယောက် နဲ့တွေ့ဖြစ်တယ်။သူတို့က အစ်မကိုမေးတယ်။ ဂျပန် နဲ့မြန်မာနဲ့ ပတ်သက်ပြီးတော့ ဖက်စပ် လုပ်ဖို့ တွေရှိလား လို့မေးတယ်။ အစ်မ မှာဘယ်လို စိတ်ကူးတွေ ရှိလဲလို့ မေးတယ်။ တကယ်လို့ ဂျပန်နဲ့မြန်မာ နဲ့ ပူးပေါင်းရိုက်ကူးဖို့ စိတ်ကူးရှိတယ် ဆိုရင်ပြောပါတဲ့။ သူတို့ဘက်ကနေ ကူညီပေးနိုင်တာ ကူညီပေးမယ်လို့ ပြောတယ်။ အစ်မ အနေ နဲ့ကတော့ ဂျပန် နဲ့မြန်မာ ပူးပေါင်းပြီး ရုပ်ရှင် တစ်ကားတော့ ရိုက်ဖြစ်အောင် ရိုက်ကူးမယ်လို့စဉ်းစားထားတယ်။ ဘာ ကြောင့်လဲ ဆိုတော့ သူတို့ အနေနဲ့ လည်း တအားဆန္ဒ ရှိနေတယ်။ အတူ အလုပ်တွဲ လုပ်ခြင်းအားဖြင့်လည်း အစ်မတို့ မှာပညာရမယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောပါ တယ်။ ဂျပန်နိုင်ငံရဲ့ National Film Center  ကို လည်းလေ့လာခွင့်ရခဲ့ပြီး ဒီ Center  မှာတော့ ရှေးခတ်ကာလ က ရုပ်ရှင် ဇာတ်ကားတွေ အကုန်လုံး ကိုသိမ်း ဆည်းထားတာ တွေ့ရပြီး ရုပ်ရှင်ရုံ အသေးစားလေး လည်းရှိကာ ဒီရုံမှာရှေးခတ် ဇာတ်ကားအဟောင်းတွေ အကုန်လုံးကို ပြန်လည်ပြသ ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က သူလေ့ လာတွေ့ ရှိခဲ့မှု ကို ပြောပြပါ တယ်။

“အစ်မ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး စတူဒီယို တစ်ခုဖြစ်တဲ့ ToHo Studio ကိုလည်းရောက်ခဲ့တယ်။ အဲဒီ့စတူ ဒီယိုထဲမှာ ဆိုရင် ရုပ်ရှင်ရိုက်ကွင်း အတွက် ဆက်တင် ဆောက်ထားတာ တွေ ကြည့်ရတယ်။ အဲဒီ့မှာ ဘာမြင် လဲဆို တော့ စတူဒီယို ရှိရုံနဲ့ မရဘူး။ စတူဒီ ယိုတစ်ခုသည် ကုန်ကျ စရိတ် ဘယ်လောက်ထိ များသလဲ ဆိုတာ သိရတယ်။ အဲဒီလိုများ တဲ့ ကုန်ကျ စရိတ်က ဝင်ငွေ မရှိဘဲနဲ့ ဘယ်လို မှမလုပ်နိုင် ဘူးလေ” လို့ သူကစတူဒီ ယိုနဲ့ ပတ်သက်လို့လေ့လာခဲ့မှုကို ပြောပြပါတယ်။

ဂျပန်နိုင်ငံမှာတော့ ရုပ်ရှင်ပရို ဂျုဆာတွေက ရုပ်ရှင်ရုံတွေ ပိုင်ဆိုင် ကြပြီး ကိုယ့်စိတ်ကြိုက် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကို ကိုယ့်ရုပ်ရှင်ရုံ မှာ ပြသခွင့် ရတဲ့ အားသာချက်တွေ ရှိကြောင်း လည်းသူ ထပ်မံပြောပြပါ တယ်။ ဒါ့ အပြင် ဒါရိုက်တာကြည်ဖြူ သျှင်အနေ နဲ့ Kyoto University  က ဒေါ်အောင်ဆန်းစုကြည် နေထိုင် ခဲ့တဲ့အခန်းကို ရောက်ရှိခဲ့ပြီး သူ့ အတွက် ဘဝမှာ အမှတ်တရ အဖြစ် ဆုံးဖြစ်ခဲ့ ရကြောင်းပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here