ပရိသတ်တွေ အကြိုက်တွေ့မယ့် ကိုရီးယား အချစ်ဇာတ်လမ်းသစ် The Liar and His Lover

0
210

LiertvN  ရုပ်သံလိုင်းကနေ ဇာတ်လမ်းတွဲ အသစ် The Liar and His Lover  ရဲ့ ပို့စတာကို ဖြန့်ချိလိုက်ပါပြီ။  ပိုစတာကို မင်းသားနဲ့ မင်းသမီးတို့ ပန်းခြံမှာ  ကြည်နူးနေတဲ့ ပုံစံမျိုး ရိုက်ကူးထားပြီး “Only One thing has to be true”  ဆိုတဲ့ စာသားလေးကိုပါ ထည့်သွင်း ရေးသား ထားပါတယ်။ မင်းသား Lee Hyun Woo က အထက်တန်း ကျောင်းသားလေး Kang Han-Kyeolူ နေရာကနေ ပါဝင်သရုပ်ဆောင် မှာဖြစ်ပြီး Red Velvet ရဲ့ အဖွဲ့ဝင် အဆိုတော်မလေး Joy  က Yoon So-Rim အဖြစ် ပါဝင် သရုပ်ဆောင်မယ် လို့သိရပါတယ်။ အထက် ကျောင်းသားလေး တစ်ဦးက ကောင်မလေး တစ်ဦးကို မြင်မြင်ချင်း ချစ်မိသွားတဲ့ အချစ်လမ်းကို ရိုက်ကူးထားပြီး မတ်လ ၂ဝ မှာ မှာ စတင်ပြသမယ် လို့ သိရပါတယ်။ ၂ဝ၁၇ ဇန်နဝါရီ ၂၁ ရက်နေ့က ပထမ အကြိမ် ဇာတ်ညွှန်းကို စုပေါင်း ဖတ်ခဲ့ကြပြီး ဒုတိယ အကြိမ် ကိုတော့ Sangam-dong မှာရှိတဲ့ CJ E&M Center မှာ ဖတ်ခဲ့တယ်လို့ သိရပါတယ်။ အချစ် ဇာတ်လမ်းကောင်းလေး တွေ ခုံမင်တတ်တဲ့ ပရိသတ်တွေ အတွက် အကြိုက်တွေ့မယ့် ဇာတ်ကား ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here