Andante ဇာတ်လမ်းတွဲအတွက် အစွမ်းကုန် ကြိုးစားနေတဲ့ Kai

0
203

KaiEXO အဖွဲ့ဝင် Kai  ဟာ KBS2 က မကြာမီ ပြသတော့မယ့် “Andante” ဇာတ်လမ်းအတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။ ထုတ် လုပ်ရေး ဝန်ထမ်း တွေပြောစကား အရ Kai က သူရဲ့ စိတ်ကူးတွေ အားလုံးကို ရိုက်ကူးရေးမှာ နှစ်မြှပ် ထားပြီး ဇာတ်ညွှန်းတွေကို အချိန် တိုင်း သေချာ ဂရုစိုက် ဖတ်နေသလို ရိုက်ကူးရေး မှာလည်း သူရဲ့သရုပ်ဆောင်ချက် တွေကို ပြန်လည် စစ်ဆေးတယ် လို့သိရပါတယ်။

ဝန်ထမ်းတွေ ထပ်ပြောပြခဲ့တာက မင်းသားက သူရဲ့ ကြိုးစားမှုတွေ ၊ စိတ်အားထက်သန်မှုတွေ တိုးတက်မှုတွေ ကို နေ့တိုင်း ပြသ ခဲ့တာကြောင့် သူဟာ တိုးတက်မှု အရှိဆုံး မင်းသား တစ်ယောက် ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အထက်တန်း ကျောင်းသားလေး Kai  က ကျေးလက် ဒေသပိုင်းကို ပြောင်းရွှေ့ခဲ့ပြီး မတူညီတဲ့ ကျေးလက်ဒေသ နေထိုင်မှုမှာ အခက် အခဲတွေ ကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီ အတွေ့အကြုံ တွေကမှဘဝ ရဲ့ အနှစ်သာရနဲ့ အချစ် ဆိုတဲ့ အရာကို ရှာဖွေတွေ့ရှိ သွားတာ ကို ဖော်ညွှန်း ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here