၂ဝ၁၆ ခုနှစ် အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများကို စိစစ် ရွေးချယ်ထားတဲ့ ချိတ်ပိတ် စာအိတ် များကို ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့က ဖွင့် ဖောက်စိစစ်ခြင်းကို ရုပ်ရှင်နာယကကြီး ဦးနှင်းမိုး (အကယ်ဒမီ အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ) ၊အကယ်ဒမီများ ရှင် ဝါဝါဝင်းရွှေ၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌဦးတင် ဦးလေး၊ လယ်တွင်းသား စောချစ် ၊ ဦးဝင်းငြိမ်း တို့က စိစစ်ခဲ့ကြပါတယ်။ အကယ်ဒမီ အကဲဖြတ်အဖွဲ့  ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ ရုပ်ရှင်နာယကကြီး ဦးနှင်းမိုးကတော့ အခုနှစ်မှာ အကယ်ဒမီဆုရ ရှိ နိုင်မယ့် အရေအတွက် များနိုင်ကြောင်း လည်း သုံးသပ်ဆိုပါတယ်။
“အရင်နှစ်တွေတုန်းက ဆိုရင် တစ်နှစ်အတွင်း မှာ ၁၄ကားနဲ့ ၁၅ ကားလောက်ပဲ ရှိတာဖြစ်တယ်။ အခုနှစ်က ဇာတ်ကားလည်း များတယ်။ ဇာတ်ကား ကောင်းတွေလည်းများ တယ်။ အပြိုင်အဆိုင်ပြင်း ထန်တဲ့နှစ်လို့ပြောရမယ်။ အဲ့ဒီတော့ အကယ်ဒမီ ဆုရနိုင်တဲ့ အရေအတွက် လည်းများနိုင်ပါတယ်” လို့လည်း ပြောပါတယ်။
ဒါ့အပြင် အကယ်ဒမီ အထူးဆု ဆိုတာမျိုး လည်း အခုနှစ်မှာပါ ကောင်းပါလာနိုင်ကြောင်း လည်းဆိုပါတယ်။
“အထူးဆု ဆိုတာက တကယ် တမ်းပြောရရင် အရမ်းကို ထူးခြားပြောင်မြောက်တာမျိုးကို ပေးအပ်တာ မျိုး ဖြစ်တယ်။ အထူးဆု နဲ့ ထူးချွန် ဆု ဆိုတာ မတူဘူးလေ။ အထူးဆုကိုတော့ များသော အားဖြင့်က ကလေး သရုပ်ဆောင်တွေပေါ့။ အများ အားဖြင့် ပေးဖြစ်နေတာက ကလေးသရုပ်ဆောင် ဆိုတာက ဇာတ်ပို့ဇာတ်ရံဆု ထဲမှာလည်း မပါတဲ့ အခါကျတော့ ကလေး သရုပ်ဆောင်တာ သိပ်တော် နေရင် ကလေးကို အထူးဆု အနေနဲ့ ပေးအပ်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အထူးဆုကို ထူးထူးခြားခြား ဥပမာ အားဖြင့် ဇာတ် ကားတစ်ကား ထူးခြားနေတယ် ဆိုပါစို့။ ဇာတ်ကား ရဲ့ ဆက်တင် ထူးခြားမှု၊ ကွန်ပြူတာ န်နခအ ဘယ်လောက်တောင် ကောင်းနေ သလဲ၊ ဒါတွေ အပေါ်ကို မူတည်ပြီးတော့ အထူးဆု ဆိုတာကို ပေးအပ်လို့ ရနိုင်ပါ တယ်”လို့ ပြောပြပေးပါတယ်။
ဒါ့အပြင် ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားပေါင်း ပြက္ခဒိန်နှစ် အတွင်း ၃၃ ကားရှိခဲ့ပြီး အကယ်ဒမီ အကဲဖြတ် အဖွဲ့တွေ အနေနဲ့ စိစစ်ရွေးချယ် ခဲ့ရာမှာတော့ အကယ်ဒမီ ထူးချွန်ဆု တစ်ဆုဆုရရှိနိုင်တဲ့ဇာတ်ကား စုစုပေါင်း ၁ဝကား အထိ ထွက်ပေါ်ခဲ့သော်လည်း ထုတ်ပြန်ကြေညာ ခြင်းမရှိခဲ့ပါ။
“ဇာတ်ကား ၁ဝကား ရွေးထားတာက အကယ် ဒမီတစ်ခုခု ရရှိနိုင်တယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တွေဖြစ်ပါတယ်။ မရနိုင်ဘူးလို့ထင်တဲ့ ဇာတ်ကား တွေကတော့ ပယ်တဲ့အထဲပါ သွားတာဖြစ်ပါတယ်။ ဒီ၁ဝကားထဲ ကတော့ အကယ်ဒမီ ဆုမျှော်လင့်လို့ ရတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ အကယ်ဒမီ ဆန်ခါတင် ၁ဝကား စာရင်းကို မထုတ်ပြန်ဘူး ဆိုတာ တခြား အကြောင်းအရင်တော့ ဘာမျှမရှိဘူး။ ကျွန်တော်တို့က ထုတ်ပြန်လိုက်မယ် ဆိုရင် အကဲ ဖြတ်အဖွဲ့တွေအနေ နဲ့စဉ်းစားတာက ထုတ်ပြန်ခြင်း ရဲ့အကျိုးအပြစ် ၊ မထုတ်ပြန်ခြင်းရဲ့ အကျိုးအပြစ် တွေကို စဉ်းစားလိုက်တဲ့ အခါမှာ မထုတ်ပြန်တာက ကျွန်တော် တို့အတွက် ပိုပြီးတော့ အကျိုးရှိပါတယ်။ ဘာလို့လဲ ဆိုတော့ အခုဇာတ်ကားပေါင်း ၃၃ကား ကြည့်တဲ့အခါမှာ ၁ဝကားကို ဆန်ခါတင်ရွေးထား တယ်ဆိုတော့ ဒီ ၁ဝကားကို နာမည်နဲ့တကွ မကြေ ညာဘူး ဆိုရင် ဘာပဲပြောပြော ဇာတ်ကားပိုင်ရှင်တွေ အနေနဲ့က ကိုယ့်ကားပါနှိုး မျှော်လင့်စရာလေးတွေလည်း ရှိတယ်လေ။ သရုပ်ဆောင်တွေ ကလည်း ထိုနည်း လည်းကောင်းပါပဲ။ မျှော်လင့်ချက် ရှိထားတဲ့ သရုပ် ဆောင်တွေက ငါ့ဇာတ်ကားတော့ ပါဝင်နေပြီဆိုတဲ့ မျှော်လင့်ချက်မျိုးတွေလည်း ရှိတဲ့အခါကျတော့ ကျွန်တော်တို့အဖွဲ့ ကလည်း အဲ့ဒီလို ပုံစံလေးနဲ့ပဲ မျှော်တလင့်လင့် ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ထုတ်ပြန်ကြေညာ လိုက်လို့ရှိရင် မရရှိတဲ့ဇာတ်ကား တွေက သူတို့မျှော်လင့်ချက် မရှိတော့ ဘူးဆိုပြီးတော့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ် ဆိုတော့လည်း ဘာပဲဖြစ်ဖြစ်ဇာတ်လူ ဆိုတာ မျှော်လင့်ချက်ကုန် ခန်းသွားရင် အားကုန်တဲ့သဘော ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် မထုတ်ပြန်တော့ ဘူးဆိုပြီးတော့ ဆုံး ဖြတ်ချက်ချ လိုက်တာဖြစ်ပါတယ်” လို့ ဦးနှင်းမိုးက ပြောပြပေးပါတယ်။ ပြည် သူ့ရင်ပြင်မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် နေရာ အနေအထားနဲ့ ရွှေတိဂုံ စေတီတော်မြတ်ကြီး နောက်ခံမြင် ကွင်းတွေက တော့ သမိုင်း မှတ်တမ်းတင်စေမယ့် အကယ်ဒမီဆု ပေးပွဲ တစ်ရပ်ကို ပြုလုပ် ကျင်းပနိုင် မှာဖြစ်တဲ့ အပြင် ထူးခြားမှုရှိတဲ့ အကယ်ဒမီဆုပေးပွဲ တစ်ခုအဖြစ် မြင်တွေ့ရမှာ ဖြစ်တယ်လို့ပြောပြပေးခဲ့ပါတယ်။