“momjjang ajumma” လို့ လူသိများတဲ့ ကိုရီးယား အားကစား အမျိုးသမီးနည်းပြ Jung Da Yeon က အာရှ အမျိုးသမီးတွေ အနေနဲ့ အစားအစာကို ကောင်းကောင်းမွန်မွန် စားသင့်ပြီး လိုချင်တဲ့ ခန္ဓာကိုယ် ပုံစံများ ရယူသင့်တယ် လို့ ပြောထားပါတယ်။ အသက် က ၅ဝ ရှိနေပြီ ဖြစ်တဲ့သူမဟာ ဆယ်ကျော်သက်တွေ မနာလိုနိုင်တဲ့ ခန္ဓာ အလေးချိန်ကို ထိန်းထားနိုင်သူပါ။ ကလေး နှစ်ယောက်ရဲ့ မိခင် ဂျွန်ဒါယောင်း ဟာ ၂ဝ၁၃ ခုနှစ်မှာ သူမရဲ့ စိတ်တိုင်းမကျ ဖြစ်နေတဲ့ ခန္ဓာကိုယ် အတွက် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး ဝိတ်ကျစေမယ့် Diet plan နဲ့ကြိုးစားခဲ့ပြီး ၃ လအတွင်း ၄၄ ပေါင် လျော့ချနိုင်ခဲ့ပါတယ်။ သူမရဲ့ ဝိတ်ချနည်းတွေ နဲ့ ဂျွန်ဒါယောင်း ဟာ Diet Books တွေ လေ့ကျင့်ခန်း လုပ်ဖို့ အတွက် ဗီဒီယိုတွေ ကြောင့် ကျော်ကြားလာခဲ့ပြီး အရင် ခန္ဓာကိုယ် နဲ့ အခုပုံစံ ယှဉ်တွဲထားတဲ့ ပုံကိုပါ တင်ခဲ့ပါတယ်။ အခုဆိုရင် ကိုရီးယား အိမ်ရှင်မတွေဟာ “momjjang” ပုံစံအတိုင်း ဖြစ်ဖို့ GYM/Fintess Center တွေကိုတောင် သွားနေကြပါပြီ။ ဖြန့်ချိပြီး ၂ ပတ်အတွင်းမှာဘဲ ဂျပန်နိုင်ငံ တစ်ဝှမ်းမှာ Diet Books, DVDs အချပ်ပေါင်း နှစ် သိန်းကျော် ရောင်းချခဲ့ပါတယ်။