ကိုယ်တိုင် ၁ဝဝရာခိုင်နှုန်း စိတ်တိုင်းကျတဲ့ အရာတွေကိုပဲ ပရိသတ်ကို ပေးချင်ပါတယ် Bobby Soxer (ထက်ထက်)

0
221

Bobby-Soxerဟစ်ဟော့ပ် အဆိုတော်မလေး Bobby Soxer (ထက်ထက်) က ၂ဝ၁၇ မှာ သူမရဲ့ ၂၁ အခွေ Music Video  ရော၊ ဒုတိယ တစ်ကိုယ်တော် အခွေကိုရော ထွက် နိုင်ဖို့ ကြိုးစားနေပါတယ်။ ဘာကြောင့်ဆို ၂ဝ၁၆ ခုနှစ်က သူမ အတွက် ကံမကောင်း တဲ့ နှစ်တစ် နှစ်ဖြစ်ခဲ့လို့ပါတဲ့။ ထက်ထက်က ဧပြီမှာ ခွဲစိတ်မှု တစ်ခုလုပ်ရဦး မှာဖြစ်ပေမယ့်လည်း အလုပ်တွေ လုပ်ဖို့ကိုတော်တော်လေး စိတ်အားထက်သန်နေပါ တယ်။

“Audio ထွက်ပြီးသွားတဲ့ အချိန်မှာ အမ်တီဗီရိုက် ရတာကြီးက တအားကို အချိန်ပေးရတယ်။ အမ်တီဗီမ ထွက်မချင်း အဆိုတော်က သီချင်းအသစ် မထွက် နိုင်ဘူးပေါ့နော်။ အဲဒီကိစ္စတွေက ညီမက တော် တော်စိတ်ပျက်တယ်။ ဒီကြားထဲမှာ ညီမက လည်း အက်ဆီး ဒင့် ဖြစ်သွားတာတွေရော ကြောင့် အမ်တီဗီက မထွက်ဖြစ်ဘူး။ ဒီနှစ် ထဲမှာတော့ အမ်တီဗီ ထွက်ပြီးသွားလို့ရှိရင် Audio ကို မြန်မြန် ထွက်နိုင်အောင် အခု ကတည်းက သီချင်း အသစ်တွေ ရေးတာတွေ တော့လုပ်နေပါပြီ။ ၂ဝ၁၆ထဲမှာတော့ ညီမက သီချင်းအသစ် ရယ်လို့ တစ်ပုဒ်ပဲ ထွက်ခဲ့တာ ဆိုတော့ ၂ဝ၁၇ မှာတော့ အလုပ် တွေပိုလုပ်ဖို့ ရှိပါတယ်။ ၂ဝ၁၆က တော့ ညီမအတွက် တော်တော်ကံ မကောင်း တဲ့ နှစ်ကြီးပဲလို့ မြင်ပါတယ်”လို့ထက်ထက်က ဖွင့်ဟပါတယ်။

ဆက်လက်ပြီး သူမက သီချင်းတွေနဲ့ ပတ်သက် လို့လည်း ပရိသတ်ကို စကားတွေအများ ကြီး ပြောချင်နေတာ တွေ့ရ ပါတယ်။ သူမက “အဓိက ကတော့ ညီမကလောဘ လည်း နည်းနည်းနည်း တယ်။ နည်းတော့ ခြေလှမ်းလေး က မှန်မှန်ကျဲ ကျဲလေးပဲ သွားနေတာ ပေါ့။ ဒါပေမဲ့ ညီမဘက်က အား ရတဲ့ အရာတွေကိုပဲ ပရိ သတ်ကို နားထောင်စေချင် တယ်။ ပရိသတ်ကြားမှာ Hit မဖြစ်နိုင်တဲ့အရာ တစ်ခုကိုလည်း တစ်ခါတလေ ကျရင် အကြောင်းအမျိုးမျိုးကြောင့် Official ထုတ်လိုက်ရတာတွေလည်းရှိတယ်။ အဲဒါမျိုးတွေကျတော့ အားမရဘူး။ သေသေ ချာချာလေး လုပ်ချင်တယ်။ အဓိကကတော့ ကိုယ်တိုင်၁ဝဝ ရာခိုင်နှုန်း စိတ်တိုင်းကျတဲ့အရာ တွေကိုပဲ ပရိသတ် ကို ပေးချင်ပါတယ်”လို့ ဆို ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here