ဒီလောကမှာက မမှန်တာမပြောဘူး မဟုတ်တာ မလုပ်ဘူး ဆိုရင် ရတယ် ဂျောက်ဂျက်

0
221

Jake-Jatဟစ်ဟော့ပ် အဆိုတော် ဂျောက်ဂျက်က “ငါသည်သာ င့ါပြိုင်ဘက်”၊ “တိုင်းသိပြည်သိ” စတဲ့ တေးစီးရီး ခွေ၂ခွေ ထွက်ရှိပြီးတဲ့နောက် သိပ်မကြာ သေးခင် ကမှ “စကားလုံး ဘုရင်” ဆိုတဲ့ တတိယတစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ထွက်ရှိခဲ့ပြီး လတ်တလော မှာတော့ ဂျောက်ဂျက်ရဲ့ သီချင်းသံတွေ လွင့်ပျံနေ လေရဲ့။ မြန်မာပြည် ဟစ်ဟော့ပ် လောကရဲ့ တတိယ မျိုးဆက်ရက်ပါ တစ် ယောက်ဖြစ် တဲ့ ဂျောက်ဂျက်က သူ့ရဲ့ထိမိတဲ့ ရက်ပ်စာသားတွေ၊ စကားလုံး အသုံးအနှုန်းတွေ ကြောင့် နာမည် ကျော်ကြား ခဲ့ သူဖြစ်ပါတယ်။ သူနဲ့တွေ့တုန်း လက်ရှိ အချိန်မှာ ကိုယ်ကလည်း စီနီယာရက်ပ်ပါ တစ်ယောက် ဖြစ်နေပြီ။ တက် လာတဲ့ အငယ်တွေ ကလည်း ကိုယ့် ကိုလေးစားကြတဲ့ သူတွေ ရှိနေလေတော့ ကိုယ့်ရဲ့နေထိုင် မှုတွေ၊ အပြောအဆိုတွေကို ဘယ်လို ထိန်းသိမ်းရလဲ လို့မေးတော့  “မမှန်တာ မပြောတော့ဘူး။ မှန်တာပဲ ပြောတော့တယ်။ အဲဒါပါပဲ။ ထူးထူး ထွေထွေကြီး လိုက်ပြီးတော့ ထိန်းသိမ်းနေစရာ မလိုပါ ဘူး။ ဒီလောကမှာက မမှန်တာ မပြောဘူး။ မဟုတ်တာ မလုပ်ဘူး ဆိုရင်ရတယ်”လို့ သူကပြောပါတယ်။

လူပျိုကြီး ဂျောက်ဂျက်ဖြစ်လာပြီ။ ချစ်သူနဲ့ကလည်း သာယာချမ်းမြေ့တဲ့ Relationship  တစ်ခုကို တည်ဆောက်ထားနိုင်ပြီ ဆိုတော့ အိမ်ထောင်ပြုဖို့ နီးပြီလား ဆိုတော့ “ကျွန်တော် အဲဒါတော့ ခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်တော့်ကောင်မ လေးကလည်း သူက ဆရာ ဝန်ဘွဲ့ရခါစ ဆိုတော့တချို့အလုပ်တွေ လုပ်ရဦးမယ်။ ကျွန်တော်လည်း မပြီးပြတ်သေးတဲ့ အလုပ်တွေလုပ်ရဦးမယ်။ ကျွန်တော်တို့ ၂ ယောက် နှစ်ပိုင်းလေးတော့ နည်းနည်း ကြာဦးမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here