ပြည့်တန်ဆာ တစ်ဦးအကြောင်း ဖော်ကျူးထားတဲ့ ရေမွန် ရဲ့ သီချင်း

0
127

Ray-MoonIdiots  က ရေမွန်က ဒါရိုက် တာဝိုင်း ရိုက်ကူးတဲ့ “ရွှေကြာ” ရုပ်ရှင် ဇာတ်ကားရဲ့ဇာတ်ဝင်တေးကို ရေးသား ပေးထားပါတယ်။ ဒီဇာတ် ကားက ပြည့်တန်ဆာ တစ်ယောက် ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပြီး ရေမွန်ရဲ့ သီချင်းကလည်း ပြည့်တန်ဆာ တစ်ဦးရဲ့ ဘဝ ကို ရေးဖွဲ့ထားတဲ့ သီချင်းဖြစ်တယ်လို့ သိရ ပါတယ်။ “ဒီဇာတ်ကား ကတော့ လူသားချင်းစာနာ တတ်ဖို့ပေါ့။ ပြည့်တန်ဆာ ဆိုတာလည်း သူ့အခက် အခဲနဲ့ သူရှိတယ်။ သူတို့အပေါ် ရွံ့ရှာ စက်ဆုပ်တဲ့ အကြည့်တွေနဲ့ ကြည့်တာထက် သူတို့သည်လည်း မိသားစုဝမ်းရေး အတွက် ရုန်းကန်နေ ရတဲ့ ပုထုဇဉ် တွေပါပဲ။ ကျွန်တော့်သီချင်း ကလည်း အဲဒီလိုပုံစံ ပေါ်မှာတည်ပြီး ရေးထားတာပါပဲ။ ဒီလို လူသားချင်း စာနာဖို့ ရည်ရွယ်တဲ့ သီချင်းမျိုးတွေက ကျွန်တော့် စိတ်ထဲမှာတော့ အမြဲရှိတယ်။ ဒီဇာတ်ကားအတွက် မရေးပေးဖြစ်ခင် ကတည်း က ရေး ဖို့တေးထားတာ ရှိတယ်။ ဒါက ကျွန်တော့်ရဲ့ ဒုတိယမြောက် ဇာတ်ဝင် တေးပါ။ ရှေ့ မှာ ကျွန်တော့်သီချင်း “တစ်စုံတစ်ရာ” ဆိုတာက ကိုသားကြီး(ဒွေး) ရိုက်ကူးမယ့် ရုပ်ရှင်ကား တစ်ကားအတွက် သီချင်း၊ဒါပေမဲ့ အဲဒါက ကိုသားကြီး လည်း ဆုံးသွားတဲ့ အခါ မရိုက် ကူးဖြစ်လိုက်ဘူး။ တကယ်ထွက်မယ့် ဇာတ်ဝင်တေး ဆိုရင် ဒါကပထမ ဆုံး ဖြစ်မှာပါ” လို့ ရေမွန်က ပြောပါတယ်။

ရေမွန်က ဒီ၂ဝ၁၇ ခုနှစ် ကတော့ သူ့ အတွက် တအားအလုပ်များမယ့် နှစ်လို့လည်းပြောပြီး သူရောသူတို့ တီးဝိုင်းတစ်ဖွဲ့ လုံးရော အလုပ်တွေများ နေကြမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ MTV  တွေလည်းထွက်ဖို့  ရှိသေးတယ်။ ပြီးတော့ ဒီနှစ်ထဲမှာပဲ Show တွေ ရော၊ စီးရီးတွေ အတွက်ရော လုပ်ဖို့တွေ ရှိသေး တယ်။ အဲဒီတော့ ဒီနှစ်ကတော့ အလုပ်များမယ့်နှစ် ပါပဲ” ဆိုတဲ့ ရေမွန်တို့ Idiots  ဝိုင်း က မတ်လ ၂၆ ရက်နေ့မှာလည်း Big Bag အဖွဲ့နဲ့  နှစ်ဖွဲ့ပေါင်းပြီး ဂီတဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ဦး မှာဖြစ်တယ်လို့သိရ ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here