တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းသဘင် ဒီနှစ်မိုးရာသီအထူးဖျော်ဖြေပွဲ ကပြဖြစ်မလား

0
439

Tin Mg San Min Win

မိုးရွာသီရောက်ပြီဆိုတာနဲ့ ပရိသတ်တွေကတော့ မျှော်စင်ကျွန်းက တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းသဘင်ရဲ့ မိုးရာသီအထူးဖျော်ဖြေပွဲကို စောင့်မျှော်နေကြပြီလည်း ဖြစ်ပါတယ်။ တင် မောင်ဆန်းမင်းဝင်းတို့အနေနဲ့မျှော်စင်ကျွန်းမှာ ဖျော်ဖြေဖြစ်ခဲ့တာ ၂ နှစ်တာဝန်းကျင်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အခုနှစ်မှာတော့ မိုးရာသီဖျော်ဖြေပွဲအနေနဲ့ကဖြစ်၊ မကဖြစ်ကတော့ သေချာမပြောနိုင်သေးကြောင်း သူကပြောလာပါတယ်။

” ကဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာက ပရိသတ်ရဲ့ဆန္ဒအရရော၊ ကျွန်တော်တို့ဇာတ်အဖွဲ့သားတွေရဲ့မိုးတွင်း စားဝတ်နေ ရေးအတွက်ရော အဆင်ပြေအောင်တတ်နိုင်သလောက်ကြိုးစားပါတယ်။ ဒီနှစ်လည်း ဖြစ်အောင်ကျွန်တော်ကြိုးစားပါ့မယ်။ ပွဲလုပ်ဖြစ်ခဲ့ရင်လည်း ပရိသတ်တွေအနေနဲ့လည်း ကြည့်ပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်” လို့ ပွဲနဲ့ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ ဒီနှစ်မှာလုပ်ဖြစ်ခဲ့ ရင်လည်း အရင်နှစ်နဲ့မတူအောင် ဖျော်ဖြေတင်ဆက်မှုတွေကို ပြောင်း လဲတင်ဆက်သွားဖို့စဉ်းစားထားကြောင်း၊စဉ်းစားထားသမျှကိုတော့ အကောင်အထည်မဖော်ရသေးကြောင်း၊ တတ်နိုင်သမျှပွဲရဲ့တင်ဆက်မှုကို မအီအောင်နဲ့မတူအောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း သူကထပ် ပြောပါတယ်။ ” ပွဲကိုလုပ်ဖို့အတွက် နေရာရော၊ အချိန်ရောသေချာသွားပြီဆိုရင် တော့ ကျွန်တော့်ဘက်က ကြိုးစားမှုတွေဒီ့ထက်ပိုလုပ်သွားမှာပါ။ အခု အချိန်မှာ တော့ ကျွန်တော့်အနေနဲ့ တွေးထားတာလေးတွေပဲရှိပါသေးတယ်။ ပွဲကိုလုပ်ဖြစ်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေပါတယ်။ Confirm မဖြစ်သေးတဲ့အတွက်သာ ပရိသတ်တွေကို ရဲရဲကြီးမချပြရဲသေးတာပါ” လို့ တင်မောင်ဆန်း မင်းဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here