အမေခန်းဇာတ်ရုပ်တွေ သရုပ်ဆောင် လာရပြီဖြစ်တဲ့ ပွင့်

0
146

Pwintဟာသ ဇာတ်ကား တော်တော်များများမှာ တက်ကြွ လူငယ်လူလတ်လေး တစ် ယောက် အနေနဲ့ တွေ့နေရတဲ့ပွင့်က နောက်ပိုင်းမှာတော့ အမေခန်းတွေ မှာ ပါ သရုပ် ဆောင်လာတာကို တွေ့ရပါတယ်။ ဇာတ်ကား ဇာတ်လမ်း အရ အမေခန်းမှာ သရုပ် ဆောင်ရတာက ပွင့်အတွက် ဖိအား အနည်းငယ် ရှိတယ်လို့ဆိုပါတယ်။ ပွင့် က…

“ပွင့်ကို ပရိသတ်တွေက ပေါ့ပေါ့ပါးပါးလေး သရုပ်ဆောင် တာကိုပဲ အမြင်များ ပါတယ်။ ပရိသတ်တွေ စိတ်ထဲမှာ အမြဲ တမ်း ခေါက်ရိုး တစ်ခုလို ကျနေတော့ အပြောင်းအလဲလေး အနေနဲ့ အမေခန်း ကနေ ထွက်လာတယ်။ ပရိသတ်တွေ ကလည်း Taste  အသစ်လေး တွေ့ရတာပေါ့။ အိမ်နီး ချင်း ဇာတ်လမ်းတွဲလိုမျိုး တချို့တချို့သော ရုပ်ရှင် ဇာတ်ကားကြီး တွေမှာ အမေခန်းက တစ်ခါ တလေ သရုပ်ဆောင်ပါတယ်။ ဒီလိုရိုက် ကူးရတော့ ဇာတ်ရုပ် ကို စိတ်သွင်းပြီး အမေတစ်ယောက်ရဲ့ ကိုယ် နေဟန် လေယူလေသိမ်းက အစ အတတ်နိုင်ဆုံး ကြိုးစားရပါ တယ်။ စကား ပြောမြန်တာလေးလည်း ထိန်းရတာပေါ့” လို့ ပြောပါ တယ်။

ဒီနှစ် အကယ်ဒမီပေးပွဲကတော့ ထူးထူးခြားခြား ရွှေဝတ်စုံ ဖန်တီး ချုပ်လုပ်မှုတွေ ရေပန်းစား လူကြိုက်များနေပြီးဟာသ သရုပ်ဆောင် ပွင့်ကလည်း ရွှေနဲ့ဖန်တီးထားတဲ့ မြန်မာ ဝတ်စုံလေးနဲ့ အကယ်ဒမီပွဲ တက်ရောက်မယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here