အမေရိက ခရီးသွား အယ်လ်ဘမ် (အပိုင်း (၅) )

0
151

TZL_Articleကုလသမဂ္ဂရုံးချုပ်သို့ အလည်တခေါက် 

I’ve always been dreaming to visit the United Nations Headquarters since I was a kid. Luckily, all my dreams become reality today.

ကျွန်တော်ဒီလို အထင်ကရနေ ရာလေးတွေကို ရောက်ချင်ခဲ့တာ ကြာ ပါပြီ။ ဆုတောင်းခဲ့တယ် ဆိုလည်း မမှားပါဘူး။ ဆုတောင်းပြည့် လို့ ရောက်လာသည် ထက် မိမိပြုခဲ့သော လူတကာ အပေါ် ကူညီမူအကျိုး တရားတွေကြောင့် မိမိကိုပြန်လည် ကူညီတဲ့ လူတွေနဲ့တွေ့ပြီး ခက်ခဲတဲ့ နေရာလေးတွေ၊ အများ အလွယ်တကူ နဲ့ ရောက်ရန် ခက်တဲ့နေရာလေးတွေ ကို ကျွန်တော်ရောက်ခွင့်၊ လေ့လာခွင့် တွေ ရခဲ့ပါတယ်။

ကံကံ၏ အကျိုးတွေ ပိုမိုယုံကြည် လာသလို ဗုဒ္ဓတရားတော်နဲ့အတူ ရတနာသုံးပါး မမေ့အပ်ဘဲ ယနေ့ အတွက် အကောင်းဆုံး ကြိုးစားရင်း အတိတ်ကို သုံးသပ် အနာဂတ်အတွက် အမှား မဖက်ရအောင် သတိဆောင် ရင်း ယနေ့မြန်မာလူမျိုးဦးသန့် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ကုလသမဂ္ဂရုံး ချုပ်ရှိရာ နယူးယောက် မြို့ကို လေ့လာခွင့် ရခဲ့ပါပြီ။ တကယ် တော့နိုင်ငံတကာမှာ ကုလသမဂ္ဂ ရုံး တွေနိုင်ငံတိုင်း ရှိပေမယ့်ဒီနယူး ယောက်ကတော့ ရုံးချုပ်ကြီး တစ်ခုဖြစ် ကာမိမိမြန်မာလူမျိုး ရုံးထိုင်ခဲ့တော့ ကျွန်တော် သိပ်သွား ချင်မိခဲ့တာပေါ့။ အထူးသဖြင့် အစည်းအဝေး ခန်းမ ထက်မှစင်မြင့်ကြီးပေါ် ကျွန်တော် ဓာတ်ပုံရိုက်ချင်ခဲ့သည်ဆို မမှားပေ။ မြန်မာ ဝတ်စုံတွေ ကို သွား ခွင့်ကြုံတဲ့  နိုင်ငံခြားခရီးစဉ်တိုင်း အမြဲ သယ်ကာ တန်ဖိုးရှိတဲ့ နေရာတွေမှာ ကျွန်တော် အမြဲဝတ်လေ့ရှိပါတယ်။

မြန်မာလူမျိုး တစ်ဦးဟာကမ္ဘာ့ အလယ်မှာ မညံ့ပါဘူးဆိုတာကို ကျွန်တော်နိုင်တဲ့ ဘက်မှ အမြဲစွမ်း ဆောင်ပါတယ်။ မြန်မာ လူမျိုးဖြစ်ခြင်း အတွက်လည်း အမြဲဂုဏ်ယူလျက်ပါ။

ပုံမှန် Tour အစီအစဉ်နဲ့ဝင်ရောက် ကြည့်ရှုရင် တစ်ဦးကို ဒေါ်လာ၂ဝ နဲ့မနက်၁ဝမှ ညနေ၅နာရီထိ သာကြည့်ရနိုင် ပေမယ့်တစ်ကယ့် အစည်းအဝေး ခန်းမကြီး ထက်က စင်မြင့်ပေါ်ဓာတ် ပုံရိုက် ဖို့သည်ထိုရုံးတွင် လူခံရှိမှသာ ပေးရိုက် သော အနေအထား တစ်ခုပါ။ ကျွန် တော် ကံကောင်းခဲ့တယ်ခင်ဗျ။ ယနေ့ ကုလသမဂ္ဂ ရုံးအတွင်းထဲထိ လေ့လာ ခွင့်ရအောင် ကူညီပေးတဲ့ ထိုရုံးမှာ အလုပ် လုပ်နေ တဲ့ မြန်မာ အမျိုးသမီး ညီမလေးနဲ့အတူ အမေရိကားခရီး စဉ်တစ်လျှောက် ဓာတ်ပုံလည်းရိုက် ပေးပြီး အမြဲကူညီတဲ့ သူငယ်ချင်းလိုညီ အစ်ကိုလို ခင်ရတဲ့ အောင်ခန့်ကိုကို လည်း ကျေးဇူးတင်ရပါတယ်။

အမှတ်တရ တစ်ခုသည် ထာဝရ အဖြစ် တည်ရှိနေမည်ဖြစ်သောမှတ် တမ်း တစ်ခုပါပဲ။ ဤရုံးကြီးရဲ့မူလဗိ သုကာ ဒီဇိုင်းပညာရှင်က ဘရာဇီး လူမျိုး Oscar Niemeyer ဖြစ်ပြီး ၁၉၅၂ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါ တယ်။ တည်နေရာက အမှတ်(၁)လမ်း မကြီး၊ ၄၂လမ်းနှင့် ၄၈လမ်းကြား East River ကို မျက်နှာမူလျက် ဆောက်လုပ်ထားပါတယ်။

အဆောက်အအုံ အတွင်းက အစည်းအဝေး ခန်းမများရဲ့အသံလုံ ခြုံမှု အဆင့်အတန်းက အံ့မခန်းဖြစ် သလို အဆောက်အအုံကြီး အပြင်က အထိမ်း အမှတ်နေရာ များဖြစ်သော ဂျပန်ရဲ့  ငြိမ်းချမ်းရေး ခေါင်းလောင်း၊ ရုံး ဝင်ထွက်ပေါက်နားကသေနတ် ပြောင်းထိပ်ကို လိမ်ထားတဲ့ပုံက ငြိမ်းချမ်းရေးကို ပြနေသလို ဒီရုံးကို လာရောက်တဲ့ သူတိုင်းကို လေယာဉ် ကွင်းမှာ Imigration ဝင်ရင်စစ် သလို အကုန်သေချာစစ် ဆေးပါသေး တယ်။ ထို အဆောက်အအုံ ထဲက ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်ရာထူး လုပ်ခဲ့ဖူး သူများရဲ့ဓာတ် ပုံများကို စီတန်းထားတဲ့ နေရာထဲမှ မြန်မာလူမျိုး ဦးသန့်ရဲ့ ဓာတ်ပုံရှေ့မှာ အမှတ်တရ ရိုက်လိုက်ရရင်ပဲ ရင် ထဲ အလွန်ပီတိ ဖြစ်နေမိပါတော့ တယ်ခင်ဗျာ။  ကြည်နူးမူ တစ်ခုတင် ပြရရင် ကုလသမဂ္ဂ ရုံးကြီးရှေ့က မြစ်ပေါ်မှာ ကျွန်းသေးသေးလေး တစ်ခုရှိပါတယ်။ ထိုကျွန်းလေးက ဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဟောင်း ဦးသန့်ရဲ့ နာမည်ကိုပေးလို့ ဦးသန့်ကို ဂုဏ်ပြုထား သော ဦးသန့်ကျွန်း လေးကလည်း လွမ်းမောဖွယ်ရာ။

ကုလသမဂ္ဂ ရုံးချုပ်ကိုလည်ခဲ့ သော ကျွန်တော်သည် နောက်နေ့သွား မယ့် ခရီးနေရာလေး အတွက် စိတ်လှုပ်ရှားမူတွေ ဖြစ်ပေါ်နေပါ တယ်။ငယ်စဉ်ကလေး ဘဝမှစလို့ နိုင်ငံခြား ဇာတ်လမ်း များတွင် တွေ့ ဖူးမြင်ဖူးခဲ့ပါသော၊ အထူးသဖြင့်မိမိ မျက်စိပုံရိပ်ထဲ ခုထိစွဲနေမိသော “ဟာဂျူလီ” ရုပ်ရှင်ထဲမှာ “Statue of Liberty” ကြီး အသက်ဝင်ပြီး ပင်လယ်ထဲ ဖြတ်သန်းသွားပုံနဲ့ အခြား နာမည် မမှတ်မိသောဇာတ် လမ်းပေါင်း များစွာက လေဘာတီမ မြရင်ကြီးကို ကျွန်တော်တွေ့ခွင့်ရ တော့မည်ပေါ့။ ဒါဟာ အိမ်မက် လေလား တကယ် လေလားဆိုပေ မယ့် ယနေ့ညလေး ကိုဖြတ်သန်းလိုက် တာနဲ့ ကျွန်တော်တွေ့ရတော့မယ့် အရေး အပျော်ကြီး ပျော်နေပါတော့ တယ်။

သူငယ်ချင်း ဖြစ်သူကလည်း အတော် စိတ်ထား ပြည့်ဝတယ်လေ။ ကျွန်တော် အမေရိကား ခရီးစဉ်ရှိ တယ်လို့ ဆိုလေကတည်း က သွားလာ ခွင့်ပြုမိန့်ရ မရမသိသေးချိန်၊ ဗီဇာရ မရမသိသေးချိန် လောက်က တည်း ကပင်သူဟာ နယူးယောက်က လူတိုင်း တောင် မရောက်ဖူးတဲ့ Statue of Liberty  အရုပ်ကြီးရဲ့ နဖူးစီးက Crown Area ကို တက်ခွင့် ရဖို့သုံးလလောက် လက်မှတ် ကြိုဝယ်ပေးထား ခဲ့ပါတယ်။ သူ့ရဲ့မိမိ ခရီးစဉ် သေချာမသေချာ မသိပေမယ့် အကုန် ခံပြီး ဝယ်ပေးထားတဲ့ အတွက် ကျွန်တော် ခက်ခဲ စွာ ရောက်နိုင် သောအပေါ် ဆုံးနေရာထိ တက်လို့ ရပြီပေါ့ဗျာ။  Statue of Liberty  ပြင်သစ်တို့ သည် အမေရိကန်တို့နှင့် သံတမန် ဆက်သွယ်မူ အဓွန့်ရှည်ချစ် ကြည်ခိုင် မြဲစေရန်အတွက် Copper ကော့ပါး အမျိုးသမီးရုပ်ထုကြီး တစ်ခုကို သွန်းလုပ်ခဲ့ကြပြီး ၁၈၈၆ခုနှစ် အောက်တိုဘာလ၂ ၈ရက်နေ့တွင် လက်ဆောင်ပေးခဲ့တယ်။

မူလပထမ ကော့ပါးအရောင် မှာ ကြေးဝါရောင် ဖြစ်ပေမယ့် တဖြည်းဖြည်း လေတိုက်စားမူကြောင့် အစိမ်းရောင် ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ အမြင့်က အောက်ခြေအခံမှ အပေါ် ဦးခေါင်းထိသည် ၄၆မီ တာမြင့် ပြီးရုပ်တု အခံအပါအဝင် မြေပြင်မှ စတိုင်းရင် ၉၃မီတာ အမြင့် ရှိပါ တယ်။ သာမန် Tour နဲ့သွားခဲ့ ရင်တော့ ဒီရုပ်တု အောက်ပတ်လည် အပြင်မှသာ ပတ်ပြီးကြည့်လို့ပဲ ရပြီး ခုလိုအပေါ်ထိ တက်ဖို့က အနည်းဆုံး သုံးလလောက် ကြိုတင် ဝယ်ယူရပါ တယ်။ အကြောင်း ကားအပေါ်ကို တက်ဖို့ရန် အလွန်ကျဉ်းမြောင်း သော လူ တစ်ဦး စာ ကြောင်လိမ်လှေ ကားမှသာ အပေါ်ရောက်နိုင်သလို လူအများကြီး တစ်ချိန်တည်း တစ် ပြိုင်နက် တက်ဖို့ မဖြစ်နိုင်တော့ လက် မှတ် ဝယ်ယူရာမှာ တောင်အချိန် အတိအကျနဲ့ဖြစ်ပါတယ်။

ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မေ့မရတဲ့ ပုံရိပ်တစ်ခု အဖြစ် နှလုံး သွေးထဲ မှတ်တမ်းဝင်ခဲ့ပါပြီ။ ရုပ်တု အပေါ်ထိတက်ရင်း ဗိသုကာပညာရှင် တို့ရဲ့ အင်ဂျင်နီယာ စွမ်းပကားနည်း ပညာများကိုလေ့လာရင်း အောက်  ခြေရှိပြတိုက်တွင် ဒီရုပ်တုကြီးသွန်း လုပ်ခဲ့စဉ်မှစပြီးစီး လှူဒါန်းပြီးချိန်၊ နောက်ထပ် မွမ်းမံထိန်းသိမ်းမှုမှတ် တမ်း အထွေထွေတို့က ထိုနေ့ရဲ့ ကျွန် တော့်ဦးနှောက်ကို အတွေးအမြင် ဗဟုသုတတို့ ရင့်သန်စေပါတယ်။ ထိုရုပ်တုကြီးက နယူးယောက်ရဲ့ Manhattan  မြို့နယ်မှာရှိကာ ရုပ်တု ရှိရာ ကျွန်းကိုရောက်ဖို့ သဘောင်္ကြီး အသွားအပြန် စီးရင်း ဝေဟင်မှ စင်ရော်ငှက်လေး တို့ရဲ့ မြူးတူး ပျံ သန်းမူကို ငေးမောကြည်နူးရင်း နယူးယောက်မြို့ပြတိုက်တာ အဆောက် အအုံတို့ကို သဘောင်္ထက်မှ ကြည့်ရရတာ အလွန်စိတ်ရွှင်လန်း ချမ်းမြေ့ရပါတယ်။ ထိုနေ့မတိုင်ခင် နေ့လေးက မိုးရွာခဲ့လို့ လေဘာတီရုပ်လေ့လာ တဲ့ နေ့ရဲ့ပြင်ပအပူချိန်ဟာ 4ံC ပဲ ရှိကာ အေးချမ်းလှပလို့နေပါတယ်။ ဒီလိုနဲ့ပဲ ဒုတိယ ရုံးပိတ်ရက်စနေ၊ တနင်္ဂနွေနှစ် ရက်လည်း ဘာလိုလိုနဲ့ ကုန်လွန်ခဲ့ ပါပြီကော။

ကျွန်တော်တို့ဟာ ကုန်လွန်ခဲ့ သောအချိန်တွေ အတွက် မလုပ် ခဲ့ရ ခြင်းများစွာ အတွက် စိတ်မ ကောင်း အောက်မေ့နေမယ့် အစား ရရှိလာမယ့် နေ့ရက်တွေ အတွက် ကြိုတင်စဉ်းစား အချိန်ဇယားဆွဲလို့ ရောက်လာတဲ့ အချိန်တွေကို အကျိုး ရှိရှိနဲ့သာ အသုံးချ တတ်ဖို့သာ အဓိက ပါ။ လူတစ်ဦးနဲ့ တစ်ဦးကံ အကျိုးပေး တွေ မတူညီကြပါဘူး။

ယေဘူယျအားဖြင့် ဆိုလျှင်လူ တစ်ဦးကမ္ဘာမြေပေါ်ရောက်ရှိ လာသည်နှင့် တစ်ပြိုင်နက် ထိုသူ၏အတိတ် ဘဝပေး ကံရာခိုင်နှုန်း ၅ဝ ကပ်ပါလာ ပါတယ်။ ထို့နောက် လူတစ်ဦးသူ ဒီဘဝမှာလုပ်ဆောင်မယ့် ဒါနကြောင့် ကုသိုလ်ကံ ၁ဝဝမှာ၅ဝရာ ခိုင်နှုန်းက ယခုဘဝတွင်ခံစားရမည် ဖြစ်ပြီး ကျန် ၅ဝရာခိုင်နှုန်းက နောင် ဘဝအတွက် ပါသွားမှာဖြစ်ပါတယ်။ ထို့ကြောင့်ယခင်ဘဝ ကံ၅ဝရယ် ယခုဘဝ ကံ ၅ဝရယ်ထဲမှ ကံရာခိုင်နှုန်း များတဲ့သူကဖြင့် ဘဝပေးကုသိုလ်ကောင်း နေမှာမို့ ကုသိုလ်ဒါနကို ရတဲ့နေရာ၊ ရတဲ့အချိန်မှာ၊ ရနိုင် သလောက်၊ မိမိတတ်နိုင်သလို လုပ်ဆောင်နေ ရမည် မှာလောကရဲ့အမှန်တရား တစ်ခုပင် ဖြစ်ပါတယ်။ ဒါဟာလည်း ဖြတ်သန်း မိလာတဲ့ မိမိရဲ့ အသက်အရ သော်လည်းကောင်း ကြုံဆုံခဲ့ရသော ပတ်ဝန်းကျင်ရဲ့သင်ပြမူအရသော် လည်းကောင်း ဆင်ခြင်မိလာခြင်း အပေါ် မျှဝေလိုက်ပါတယ်။

ဒေါက်တာ သန့်ဇော်လွင်
(Environmental Health)


LEAVE A REPLY

Please enter your comment!
Please enter your name here