မန္တလေးပရိသတ်တွေကို ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမယ့် ACID

0
157

Acid

ဧပြီ ၁ရက်နေ့ မန္တလေးမြို့မှာ ကျင်းပမယ့် Back To Millenium ဂီတဖျော်ဖြေပွဲမှာ ACID အဖွဲ့က သူရဲ့မန္တလေး ပရိသတ်တွေကို ပထမဆုံးအကြိမ်လာရောက်ဖျော်ဖြေ ပေးတာပဲဖြစ်တယ်လို့ အနဂ္ဂက ပြောပါတယ်။ ACID နဲ့ မန္တလေး ပရိသတ်အကြောင်းကို အနဂ္ဂပြောတာက..

” ACID အဖွဲ့ဒီကိုလာပြီး သီချင်းဆိုဖို့ရာ အကြောင်းအမျိုးမျိုးကြောင့် အခွင့်မကြုံခဲ့ဘူး။ ကျွန်တော်တို့ မန္တလေးကိုလာဖို့ ဒီနှစ်ကုန်ပိုင်း လောက်ကိုစဉ်းစားထားတာပါ။ ဒါပေမဲ့ မန္တလေးက သူငယ်ချင်းတွေက ကျွန်တော်တို့နဲ့က မောင်နှမတွေ လိုဖြစ်နေကြတယ်။ မန္တလေးမလာရင်တောင် အရမ်းစိတ်ဆိုးမယ့် အနေအထားရှိတယ်။ ရန်ကုန်မှာကျလုပ်တယ်။ ဒီမှာတော့မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲဒါ ကျွန်တော်တို့ တစ်ဖွဲ့တည်းတင် မဟုတ်ပါဘူး။ Back To Millenium မှာပါတဲ့ အဖွဲ့တိုင်းဖြစ်တာပါ။ အဖွဲ့တိုင်းမှာ မန္တလေးက အမာခံပရိသတ်တွေရှိတယ်။ သီချင်းဆိုဆိုမဆိုဆို ကိုယ်တွေကို အမြဲတမ်းချစ်နေမယ့် ပရိသတ်တွေရှိနေတယ်။ အဲဒီ ပရိသတ်တွေက ကျွန်တော်တို့ကိုလာခဲ့ဖို့ စီစဉ်ခိုင်းပါတယ်။ ဒီပွဲက ကျွန် တော်တို့ ACID အဖွဲ့ရဲ့  မန္တလေးမှာ ပထမဦးဆုံးပွဲပါပဲ။ ACID သီချင်းကို ကျွန်တော်တို့ မန္တလေးမှာ တစ်ခါမှ မဆိုဖူးဘူး။ ACID သီချင်းတွေ အောင်မြင်ခဲ့တာကို အကုန်လုံးကြားဖူးကြမယ်။ သိကြလိမ့်မယ်။ မန္တလေး ၃၅လမ်းနဲ့ ၇၃လမ်းထောင့်က ဆိုင်မှာ ACID လွယ်အိတ်တွေ ရောင်းတာလွယ်တာတွေကို ကျွန်တော်တို့ မျက်မြင်တွေ့ခဲ့ရတယ်။ အဲဒီလိုမန္တလေးမှာ ကျွန်တော်တို့ အောင်မြင်ခဲ့တာတောင် ခြေချခွင့်မရှိနိုင်ခဲ့ဘူး၊ မဆိုနိုင်ခဲ့ဘူး။ အခုကျွန်တော်တို့ သီဆိုပါမယ်။ တစ်ခုပဲတောင်းဆိုချင်ပါတယ်။ မန္တလေးက ပရိသတ်တွေ ကျွန်တော်တို့ကို ဒီပွဲမှာလာပြီး အားပေးကြပါလို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here