သဘင်မင်းသား ကြီးနန်းဝင်း နာမည် ဘယ်လို အမည်တွင်ခဲ့တာလဲ

0
169

nan win

သဘင်မင်းသားကြီးဦးနန်းဝင်း ရဲ့ငယ်နာမည်ကတော့ နန်းဝင်းဆန်း ပဲဖြစ်ပါတယ်။ သူ့အနေနဲ့နန်းဝင်းဆန်းဆိုတဲ့နာမည်နဲ့ မန္တလေးဗလာဇာတ်တွေမှာ ကပြဖြစ် ခဲ့ပါတယ်။ ဒီလိုကပြဖြစ်ရင်း မင်းကွန်းဆရာတော် ဘုရားကြီးက နန်းဝင်းရယ်လို့ အမည်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဆရာတော်ကြီးက နန်းဝင်းဆန်းဆိုတဲ့နာမည်ကို ဆန်းဖြုတ်လိုက်ပါတဲ့။ ဆန်းဆိုတဲ့နာမည်ကို ဘာလို့ပေးတာလဲလို့မေးတော့ မေမေက ပြောပြပါတယ်။ မေမေက သူ့ရဲ့နာမည်က ဒေါ်ခင်ဆန်းတင်ဆိုတော့ သူ့နာမည်ပါ ချင်တဲ့အတွက် နန်းဝင်းဆန်းဆိုပြီးထည့်ထားတာတဲ့။ အဲဒီတော့ ဆရာတော်ကြီးက ဆန်းဖြုတ်ပါတဲ့။ မြန်မြန် ခေါ်တဲ့အခါ နန်းဝင်း၊နန်းဝင်းဆိုရင် နဝင်းကျေတယ်တဲ့။ ဒါနဲ့ကျွန်တော့်ကို နန်းဝင်းဆိုတဲ့နာမည်ကို ဆရာတော်က မှည့်ပေးလိုက်တယ်” လို့ သဘင်မင်းသားကြီး ဦးနန်းဝင်းက သူ့ရဲ့ နာမည်ဖြစ်တည်လာပုံကို ပြောပြပါတယ်။

ဦးနန်းဝင်းအနေနဲ့ မန္တလေးကနေ ရန်ကုန်မြို့ကို ၁၉၈ဝမှာ ရောက်ရှိလာခဲ့ပြီး ဖခင်ဖြစ်သူ ဦးရွှေနန်းတင်က သဘင်မင်းသားတို့တတ်အပ်တဲ့ ပညာရပ်မှန်သမျှကို ပညာရှင်ကြီးများထံမှာ သင်ကြားစေခဲ့ပါတယ်။ ပင်ကိုယ် အသံအားပိုမို ကောင်းလာဖို့အတွက်ကိုလည်း သူသင်ကြားခဲ့ရမှုကို ပြောပြတာက ” အဖေနဲ့အမေက ကျွန် တော့်ကိုတစ်နေ့လုံးသင်ကြားခဲ့ရတာတွေကို ပြန်ကပြခိုင်းတယ်။ ပြီးရင်ကျွန်တော် နောက်ဆုံးလုပ်ရတဲ့ အလုပ်က နားထဲက လေထွက်တဲ့အလုပ်ပဲ။ အဲဒါဘာလဲဆိုတော့ စဉ်အိုးကြီးထဲမှာ အော်ရတာပဲ။ အခုခေတ်လိုမျိုးမိုက်က ရိုဖုန်းအကောင်းစားတွေလည်း မပေါ်သေးဘူးလေ။ တစ် Key ပြီးတစ် key မြင့်လာအောင် အော်ရတယ်။ နောက်တစ် key အော်ဆိုပြီး အော်ခိုင်းတယ်။ စဉ်အိုးကြီးထဲကို ကုန်းကုန်းပြီးအော်ရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၁၂ သံစလုံးအော် နိုင်ရမယ်ပေါ့။ အဲဒီလိုအသံလေ့ ကျင့်ခဲ့ရတယ်” လို့ ဦးနန်းဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here