အသံပိုင်း နဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦး ဘယ်လိုကျင့်လဲ

0
229

War-So-Moe-Oo“မိုက်လားပြောကြည့်” ဆိုတဲ့ တစ်ကိုယ်တော်အခွေ ကတော့ သူ့အတိုင်းအတာ နဲ့အတူ အောင်မြင်ခဲ့ပြီး ဝါဆိုမိုးဦး အနေနဲ့လည်း သရုပ်ဆောင် ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခု ကနေ အဆိုတော် ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုကို ထပ်မံရရှိ ခဲ့ပြီလို့ ဆိုရမှာပါ။ စီးရီးခွေနဲ့ ပတ်သက်လို့ သတိထား မိတာတစ်ခုက  Vocal ပိုင်းနဲ့ ပတ်သက်လို့ပါ။ ဝါဆိုမိုးဦး အနေနဲ့ သီချင်းဆိုနိုင်ဖို့ အသံတော်တော် လေ့ကျင့်ခဲ့ရမှာပါ။ သူမ နဲ့တွေ့တုန်း အခွေ အကြောင်း မေးရင်း  Vocal အကြောင်း မေးဖြစ်ခဲ့တော့ “အသံလေ့ကျင့် ခဲ့ရပါတယ်။ ဝါဆို အခွေစပြီး သီချင်းတွေ အပ်က တည်းက တေးရေးဆရာတွေ ဆီက သီချင်းတွေ မရခင် ဝါဆို အသံလေ့ကျင့်တယ်။ တီချယ် ခင်မြတ်မွန်ဆီမှာ လေ့ကျင့်တယ်။ ပြီးတော့ ဆရာမောင်မောင်ဦး ဆိုတာရှိတယ်။ သူ့ဆီမှာ ဂစ်တာတီးတာတွေ လေ့ကျင့်တယ်။ နောက်ပြီးတော့ တီချယ် ထရေစီက ဝါဆို့ တစ်ခွေ လုံးကို Vocal Guide လုပ်ပေးတယ်။ ဒါပေမဲ့ အခုချိန်ထိ ဝါဆို ဆက်ပြီးတော့ လေ့ကျင့်ရဦးမှာပဲ။ ဝါဆို့ အားနည်းချက် က ဒါပရိသတ်ကို ပြောပြတာပါ။ ဝါဆို Recording အခန်းထဲဝင်ပြီး သီချင်းဆိုတဲ့ အချိန်ဆို ဝါဆို အသက်ရှူ ဖို့မေ့နေတယ်။ အဆိုတော် တစ်ယောက်က လေဝင်၊ လေထွက်မှန်အောင် ရှူတတ်မှ အဆင်ပြေတာ။ အဲဒီ အတွက် ဝါဆို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်။ အဲဒါကို ဝါဆို အဓိကထား ကျင့်ဖို့တွေလိုသေးတယ်။ အခုချိန်မှာ  Vocal  ပိုင်းနဲ့ ပတ်သက်ပြီး ဝါဆိုလေ့လာဖို့တွေ အများကြီး လိုပါသေး တယ်” လို့ သူမကပြောပါတယ်။

စီးရီးခွေ ထွက်ရှိပြီးပြီဆိုတော့ သရုပ်ဆောင်လား၊ ဒါမှမဟုတ် အဆိုတော်လား ၊ ဝါဆိုဘယ်ဘက် ကို အားသာ မလဲလို့ ဆက် လက်မေးပြန်တော့ “၂ခုစလုံးလုပ်မှာပါ။ ပရိသတ်လက်ခံရင် လက်ခံတဲ့ ဘက်ကို ပိုပြီးအားသာပြီးလုပ်မှာပါ။ ဒါကတော့ အနုပညာရှင် တိုင်း ရဲ့ ရွေးချယ်မှုပေါ့နော်။ ဝါဆိုက နောက် တစ်လမ်းကို လျှောက်လှမ်းလာပြီ ဆိုတော့ ဝါဆို့ကို ဘယ်လမ်းက ပရိသတ်ပိုပြီး Welcome ဖြစ် လဲပေါ့။ ပိုပြီး သဘောကျကြလဲပေါ့။ အဲဒါက ပရိသတ် အပေါ်မှာပဲ မူတည်ပါတယ်။ ပရိသတ် အများဆုံး ကြိုဆို တဲ့ဘက်ကို ဝါဆို ပိုပြီးတော့ လုပ်ဖြစ်မှာပေါ့နော်။ ၂ခုစလုံး ကတော့ လုပ်မှာပါ။ အခု ကားရိုက်တွေ ပြန်လက်ခံ မယ်။ ကြော်ငြာရိုက်မယ်။ ဒီအခွေ လုပ်နေ တဲ့ ၂နှစ်အတွင်းမှာ ဝါဆို ကားရိုက် လုံးဝ လက်မခံပါဘူး” လို့ သူမက ပြောပါတယ်။ သင်္ကြန် ကိုတော့ သူမနဲ့ပြောထားတဲ့ မဏ္ဍပ်တွေ ရှိပေမယ့် ဒီနှစ်က မဏ္ဍပ်တော်တော် များများဆောက်လုပ်ဖို့ ပါမစ်မရဘူး လို့ကြားတဲ့ အတွက် ဘယ်မှာရှိမယ် ဆိုတာ မသိသေး ပါဘူးလို့ ဝါဆိုမိုးဦးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here