၇၂ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသည့် ကွမ်းလုံရက်လေးဆယ် တိုက်ပွဲ စစ်ပြန်များ

0
275

khine-thin-kyi-2မြန်မာ့စစ်ရေး သမိုင်း ဝင် တိုက်ပွဲကြီး ဖြစ်သည့် ကွမ်း လုံရက်ပေါင်းလေးဆယ် တိုက်ပွဲကြီး (၁၉.၁၁.၁၉၇၁ မှ ၂၈.၁၂.၁၉၇၁ အထိ) ပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်း လေးဆယ်နီးပါး ရှိပြီးဖြစ်သော်လည်း ကိုမောင်မောင် (ဒုဗိုလ်မှူးကြီး – အငြိမ်းစား) တစ်ယောက် ပြန်လည် စဉ်းစားမိတိုင်း ဘဝင်မကျ၊ တနုံ့နုံ့ ခံစားနေမိသည်။ မိမိထက် အင်အား ဆယ်ဆ သာလွန်သော ရန်သူဗကပ တို့အား စွန့်လွှတ် စွန့်စားရင်း ရင် ဆိုင်တိုက်ခိုက် အောင်မြင်မှုရခဲ့သော် လည်း ရသင့်ရထိုက်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများ မရရှိခဲ့ကြသည့် ခမရ ၁ဝ၅ မှ အရာ ရှိစစ်သည်များကိုယ်စား ရင်ထဲ၌ မချိတင်ကဲ ခံစားနေရဆဲ။ သူ တို့ကို ဂုဏ်ပြုရန် အတွက် အစီအစဉ် တစ်ခု ခုလုပ်မှ ဖြစ်တော့မည်ဟု သန္နိ ဋ္ဌာန် ချမှတ်ခဲ့သည်။ အချိန်ကာလမှာ ၂ဝဝ၉ခုနှစ် အတွင်းမှာပါ။

အချိန်ယူစဉ်းစားပြီးနောက် သူ တို့အားဂုဏ်ပြုရန် တွက် စာအုပ် တစ်အုပ်ရေးသား ထုတ်ဝေရန် ဆုံး ဖြတ်ချက် ချမှတ်ခဲ့သည်။ သို့နှင့် တိုက် ပွဲတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး သက်ရှိထင်ရှားရှိနေသူများကို လက် လှမ်းမီသ၍ လိုက်လံတွေ့ဆုံခဲ့ သည်။ မိမိတို့ပါဝင် တိုက်ခိုက်ခဲ့သည့် အပိုင်း ကိုရေးသားရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။ စာမူများအားလုံး စုစည်းမိသည့်အခါ အပြန်ပြန် အလှန် လှန် တွေ့ဆုံဆွေးနွေးပြီး စာအုပ် ဖြစ်မြောက်သည် အထိ ဆောင်ရွက် သွားရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ရေးသူ ကရေးသည်။ စိတ်မပါ၍ မရေးသူလည်းရှိသည်။ ဤသို့ဖြင့် အလုပ်က တိုးလိုး တန်းလန်းဖြစ်သွား သည်။

အထက်ပါကိုမောင်မောင် (ဒုဗိုလ်မှူးကြီး – အငြိမ်းစား)၏ ခံစားချက်နှင့် ရည်ရွယ်ချက် တို့ကို ကျွန်တော်နှင့် တွေ့ဆုံခိုက် ရင်ဖွင့် ပြောကြားရာမှာ ကျွန်တော် သိရှိခဲ့ ရခြင်းဖြစ်သည်။ ကျွန်တော် ကိုယ်တိုင် သူ့နည်းတူ ခံစားမိသည်။ ကျွန်တော် ပြည်သူ့သတင်း တပ်ဖွဲ့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စဉ်က ဗကပယူ ဂျီတော်တော် များများကို ဖော်ထုတ် အရေးယူခဲ့ဖူးသဖြင့်ဗကပ (ဗမာ ပြည်ကွန်မြူနစ်ပါတီ)ဆိုသည်မှာ အသွင် တစ်မျိုးမျိုးဖြင့် ရှိနေနိုင်သည် ဟု ပြန်လည်ပြောပြခဲ့သည်။ ထို့ ကြောင့် စာအုပ်ဖြစ်မြောက်ရေး အတွက် အစွမ်းကုန် ကူညီပါ့မယ်ဟု ကိုမောင်မောင်အား ကတိပြုခဲ့သည်။ ဟိုက်ကမ်းဘားတောင်ကုန်း၊ ကောင်း ကြဲ၊ စံပြစခန်းမှသည် မြောက်ဘက် တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့ကလေးထိ သွား ရောက်ခဲ့ကြသည်။

ထိုသို့တစ်နှစ်ခန့်အချိန်ယူပြီး ပြုစုခဲ့ရာမှ နောက်ဆုံးတွင် “မြန်မာ့ စစ်ရေးသမိုင်းဝင်၊ ကိုယ်တွေ့ကွမ်း လုံရက်ပေါင်း လေးဆယ်တိုက်ပွဲ (ခြေ မြန်တစ်ရာ့ငါး အတွေ့အကြုံများ)” ဟူသော စာအုပ်ကို ၂ဝ၁ဝပြည့်နှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေဖြန့်ချိခဲ့ပါ သည်။ ထိုစာအုပ် ထွက်ရှိသည့်အခါ တပ်မတော်(ကြည်း)စစ်သင်တန်း ကျောင်းများ၊ အမြောက်တပ်ဖွဲ့၊ အင်ဂျင်နီယာတပ်ဖွဲ့နှင့် တိုက်ပွဲ စာအုပ်စာပေ များကို ဝါသနာပါ ဖတ်ရှုလေ့လာ ကြသည့် စာဖတ် ပရိသတ်များက တစ်ခဲနက် ဝယ်ယူ အားပေးခဲ့ကြသည်။ ထို့အပြင် အစိုး ရ စာနယ်ဇင်း ဌာနကလည်း သူ့လက် အောက်ရှိ စာကြည့်တိုက်များသို့ ဖြန့် ဝေရန်အတွက် ဝယ်ယူအားပေးခဲ့ သည်။

စာအုပ်ထုတ်ဝေရာမှရရှိသည့် အမြတ်ငွေဖြင့် အဆိုပါတိုက်ပွဲတွင် ကျဆုံးခဲ့ကြသည့် ခမရ(၁ဝ၅)မှ စစ်သည်များ ကွယ်လွန်သူများကို ရည်စူး၍ ၂ဝ၁၁ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့တွင် လှိုင်မြို့နယ်၊ အောင်ဓမ္မရိပ်သာလမ်းရှိ လှိုင်မင်္ဂ လာခန်းမတွင် ဘုန်းတော်ကြီးများ ကို ဆွမ်းကပ်၊ တရားနာ၊ ရေစက်ချ အမျှဝေခြင်း၊ ကြွရောက်လာသည့် ခမရ ၁ဝ၅မှ လူဟောင်းကြီးများ ဖြစ်ကြသည့် အရာရှိကြီးများ အပါ အဝင် အရာရှိစစ်သည်များ၊ ဇနီး၊ သားသမီးများ ဧည့်ခံကျွေးမွေးခြင်း၊ ဆင်းရဲချို့တဲ့လျက် ရှိကြသည့် စစ်သည်နှင့် ဇနီးများအား ငွေကြေး ထောက်ပံ့ခြင်းစသည့် အလှူဒါန ပြုလုပ်ခဲ့ပါသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရာ ဌာနကလည်း ကွမ်းလုံ ရက်လေးဆယ် တိုက်ပွဲကြီးကို ဤစာအုပ်အား အခြေခံ၍ ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး၊ ဇာတ်ညွှန်း အကယ်ဒမီ ငြိမ်းမင်းတို့ တာဝန်ယူ၍ မင်းသား၊ မင်းသမီး အစုံအလင်ဖြင့် ရိုက်ကူး ပြီးစီးနေပြီ ဖြစ်ရာ လာမည့် ၇၂နှစ်မြောက် တပ်မတော်နေ့ အမီ ရုံတင်ပြသ တော့မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

ထို့ကြောင့် ရုပ်ရှင်မကြည့်မီ ဤစာအုပ်ကို ဦးစွာဖတ်ရှုရန် တိုက်တွန်းလိုပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့စစ်ရေး သမိုင်းဝင် ကွမ်းလုံရက်ပေါင်းလေး ဆယ်တိုက်ပွဲကြီး တွင် ကိုယ်တိုင် ကိုယ်ကျပါဝင် တိုက်ခိုက် ခဲ့ကြသည့် စစ်ပြန်ကြီးများ ကလည်း ၂ဝ၁၇ခုနှစ်၊ မတ်လ ၂၇ရက်နေ့တွင် ကျရောက် မည့် ၇၂နှစ်မြောက် တပ်မတော်နေ့ ကို ဤဆောင်းပါးဖြင့် ရေးသား ဂုဏ်ပြုလိုက်ပါသည်။

အိုင်အို မောင်မောင်သွင်


LEAVE A REPLY

Please enter your comment!
Please enter your name here