‘သူဋ္ဌေးဝါဒ’ သီချင်းနဲ့ ပတ်သက်ပြီး သားစိုး ရှင်းလင်း

0
232

Thar Soe

အဆိုတော် သားစိုးရဲ့စီးရီးသစ်ဖြစ်တဲ့ “ရောသမထပ်မွှေ” စီးရီးမှာ ပါဝင်တဲ့ နန်းတော်ရှေ့ ဆရာတင်ရဲ့ “သူဋ္ဌေးဝါဒ” သီချင်းကို ပြန်လည် ဖန်တီးခဲ့တဲ့အပေါ်မှာ တေးရေး မိသားစုအသိုင်းအဝိုင်းက မကျေလည်မှုတွေ ရှိနေပါ တယ်။ ဒီအပေါ်မှာ သီဆိုသူသားစိုးကိုဆက်သွယ်မေး မြန်းကြည့်တဲ့အခါ..

” ကျွန်တော်တို့အနေနဲ့ ဘယ်သီချင်း ဘယ်သီချင်းဆိုပြီး ရွေးပြီးတဲ့အခါ တေးရေးကို ဆက်သွယ်ပါတယ်။ ဒီသီချင်းကလည်း တေးရေးက မရှိတော့တဲ့အခါ မိသားစုကို ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဆက်သွယ်တာ နောက်ကျတဲ့အခါ နည်းနည်းနားလည်မှုလွဲတဲ့ သဘောလေးတွေ ဖြစ်သွားတာပါ။ ကျွန်တော်ကလည်း အဲ့ဒီအချိန်မှာ နယ်ထွက်နေတဲ့အတွက် ကျွန်တော့်ဝန်ထမ်းတွေနဲ့ လွှဲထားပါတယ်။ သူတို့ကလည်း ဒီလိုမျိုးကိစ္စတွေမှာ အတွေ့အကြုံ သိပ်မရှိသေးတဲ့အခါ နားလည်မှုတွေလွဲပြီး အဆင်မပြေမှုတွေ ဖြစ်သွားတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်လည်းဒီလို Remix တွေလုပ်လာတာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ အခု ဒီသီချင်းမှာ ဖေ့စ်ဘုတ်မှာ ရေးထားသလို အဆိုတော်ပြောင်းလိုက်တယ်ဆိုတာကလည်း ပထမဆိုပေးတဲ့ သူက သိပ်အဆင်မပြေတဲ့အတွက် တခြားတစ်ယောက်ကို ပြောင်းဆိုစေခဲ့တာပါ။ ကျွန်တော့်အနေနဲ့ကတော့ အကောင်းဆုံးလုပ်ခဲ့ပါတယ်။ ကျွန်တော် ခွင့်ပြုချက်လည်း တောင်းခဲ့ပါတယ်။ ဂီတအစည်းအရုံးကလည်း ခွင့်ပြုချက်လက်မှတ်ပါမှ ပေးတာပါ။ ပြီးတော့ တေးရေးခလည်း အတိအကျပေးပါတယ်။ မိသားစုဝင်တွေဘက်ကလည်း လက်မှတ်ထိုးပေးတဲ့အတွက် ဒီသီချင်းကို ထည့်ခဲ့တာပါ။

ပြီးတော့ အချိန်ကလည်း ကပ်သွားတော့ ချက်ချင်းပဲ ဂီတအစည်းအရုံးမှာ တင်ပြီးထွက်လိုက်တာပါ။ ကျွန်တော်သာ ရှိနေရင်တော့ ဒီလိုမျိုးတွေဖြစ်မှာ မဟုတ်ပါဘူး။ ဒီကိစ္စလုပ်တဲ့ အချိန်မှာ ကျွန်တော်လည်း နယ်ခရီးထွက်နေရတဲ့အတွက် ဒီလို နားလည်မှုတွေ လွဲသွားရတာ ကျွန်တော်စိတ် မကောင်းပါဘူး။ ကျွန်တော့်အနေနဲ့ လမ်းကြောင်းအတိုင်းပဲလုပ်ခဲ့တာပါ။ အဲ့ဒီမှာမှ လုပ်နေကျလူတွေ မဟုတ်တဲ့အခါ ပြောတဲ့ဆိုတဲ့ နေရာမှာ နားလည်မှုလေးတွေ လွဲသွားခဲ့တာပါ” လို့ သားစိုးက ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက သူ့အနေနဲ့ နောက်ပိုင်းတွေမှာလည်း ဒီလိုရောသမစီးရီးတွေ ထပ်မံပြုလုပ်သွားဦးမှာဖြစ်ပြီး ဒီထက်ပို ကောင်းမွန်အောင် ဖန်တီးသွားမယ်လို့လည်း ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here