သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေ

0
162

Kit Kit

ဟာသသရုပ်ဆောင်ကစ်ကစ်က ကျောက်ကပ်နဲ့ ဆီးချို၊ သွေးချိုဝေဒနာကြောင့် အနုပညာလုပ်ငန်းများမလုပ်ကိုင်ခဲ့တာ ၂လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အိမ်မှာပဲ အနားယူနေတဲ့ ကစ်ကစ်က သူမရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့…

” ကျောက်ကပ်က လုံးဝမရှိတာ မဟုတ်ဘူး။ ဆီးချို၊ သွေးချိုကြောင့် ကျောက်ကပ်ထိခိုက်သွားတာ။ အခုတော့ သက်သာလာပါပြီ။ ဆီးချို၊ သွေးချိုရော၊ ကျောက်ကပ်ရော ညာဘက်မျက်လုံးတစ်ဖက်က ခုဆိုမမြင်ရတော့ဘူး။ ဆီးချို၊ သွေးချိုကြောင့် မျက်လုံးကိုထိတယ်။ ဆီးချို၊ သွေးချို ကြောင့် ကျောက်ကပ်ကိုထိတယ်။ တစ်နေ့က အနုပညာ ရှင်တွေ ဂျပန်ဆေးရုံကို တင်ပေးဖို့ဆိုပြီး ပို့ပေးတယ်။ ဆေးရုံတက်ရလောက်တဲ့အခြေအနေမဟုတ်ဘူးဆိုပြီး ပြန်လွှတ် လိုက်တယ်။ အခုအိမ် ရောက်နေပါပြီ။ အရင်ကထက်စာ ရင် တော်တော်လေးပြန်ကောင်းနေပါပြီ။ မျက်စိတစ်ဖက်က တော့ ကောင်းကောင်းမမြင်ရသေးပါဘူး။ အခုဆီးချို၊ သွေးချိုကျအောင် အစားအသောက်တွေလည်း ဆင်ခြင် ပြီး ကျန်းမာအောင်နေနေပါတယ်” လို့ ပြောပါတယ်။ ကစ်ကစ်ရဲ့ဆေးဝါးကုသစရိတ်အတွက် အနုပညာရှင်များကလည်း အလှူငွေများလှူဒါန်းကြတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာလည်း ကစ်ကစ်က…

” ကိုယ့်ရဲ့ဖြစ်ပျက်နေတဲ့ အခက်ခဲ၊ အကျပ်တည်းကို သူတို့ကဝင်ပြီး ဖြေရှင်းသလိုမျိုး ဖြစ်သွားတယ်။ အစ်မဖြစ် တုန်းကဆိုရင် အိပ်ရာထဲမှာ ပက်လက်၊ခြေထောက် တစ်ခုလုံး ယောင်ကိုင်းနေတာ။ သားမိနှစ်ယောက်တည်းနေ တာဆိုတော့ ဘယ်သူမှလည်း မသိကြဘူး။ ဆရာဝန်လည်း သွားမပြနိုင်ဘူး။ မဂွမ်းလေးတို့ဆို အစကနေ အကုန် လုံးကို လိုက်လုပ်ပေးရှာပါတယ်။ မခိုင်ကြီး (ထွန်းအိâန္ဒာဗို)ဆိုလည်း အိမ်တိုင်ရာရောက်လာကြည့်တယ်။ နှင်းဆီ အဖွဲ့သားများ၊ ကိုခန့်စည်သူ၊ အေးအေးအောင်၊ စံရတီ မိုးမြင့်အစရှိတဲ့အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးကောင်းအောင် အစားအသောက်တွေ ရှောင်ပြီး နေပါ့မယ်လို့ ကတိပေးပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လာရောက်လှူဒါန်းတဲ့ အလှူ ရှင်တွေရော၊ လှူဒါန်းမယ့် အလှူရှင်တွေအတွက်ကို ကစ်ကစ်စကားလေးတစ်ခွန်း ပြောချင်ပါတယ်။ လာ ရောက်လှူဒါန်းတဲ့ ပိုက်ဆံများထဲမှ ကျန်တဲ့ပိုက်ဆံကို ဖိုးဝဗီဒီယိုထုတ်လုပ်ရေးက မမူကိုအပ်ထားပါတယ်။ ဆေးပဒေသာပင်ပုံစံမျိုးလုပ်ထားပါတယ်။ ကစ်ကစ် ကျန်းမာရေးကောင်းတဲ့အချိန်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရန်သူမျိုးငါးပါးနဲ့ကြုံရင် ကစ်ကစ်က ဒီပဒေသာပင်ထဲက နေပြီး လှူဒါန်းသွားမှာပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here