နွမ်းပါးရုပ်ရှင်လောကသားတွေအတွက် ရည်ရွယ်ပြီး ကျပ်သိန်းတစ်ထောင်ကို ဘဏ်အကောင့်ဖွင့်လှူဒါန်းသွားမယ့် မဝေသစ်လွင်

0
303

bella

အကယ်ဒမီပွဲကြီးပြီးသွားပြီဖြစ်ပေမယ့်လည်း Bella Cosmetic အနေနဲ့က ပရိသတ်တွေအတွက် အမှတ်တရတွေ ဆက်လက်ကျန်ရှိနေစေရန်ရည်ရွယ်ပြီး Academy Collection ဆိုတဲ့အမည်နဲ့ Bella Cosmetic နှုတ်ခမ်းနီ နဲ့ အိုင်းရှဲလ်ဒိုးတွေကို ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ Bella Cosmetic အနေနဲ့က အကယ်ဒမီ ဆုပေးပွဲကြီးတစ်ခုလုံးအတွက်ကို ကျပ်သိန်း ၅ဝဝဝ အဖြစ် အဓိကစပွန်ဆာ ပေးအပ်ခဲ့တာ ဖြစ်တာမို့ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေအနေနဲ့ ကျပ်သိန်း နှစ်ထောင်တိတိရရှိခဲ့တာ ဖြစ်ပါတယ်။

” ကျွန်မတို့က တည်ဆောက်မှုစရိတ်ကို အောက်ဒိုးဖြစ်တဲ့အတွက် ကျပ်သိန်းသုံးထောင်လောက်အထိ မှန်းပြီးတော့လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုဂျွန်လွင် (Star Event Production) ရဲ့ ကျွမ်းကျင်မှုတွေကြောင့် မနှစ်တုန်းက ကုန်ကျမှုစရိတ် ကျပ်သိန်း နှစ်ထောင့်ငါးရာနီးပါးလောက်သာ ကုန်ကျခဲ့ပါတယ်။ အဲ့ဒီတော့ စာရင်းအားလုံး တွက်ချက်ပြီးလို့ ကျပ်သိန်းသုံးထောင်လို့ ရည်ရွယ်ထားတဲ့ ကုန်ကျမှုစရိတ်မှာကျပ်သိန်း ၅ဝဝ ပိုခဲ့မယ်ဆိုရင်လည်း အဲ့ဒီအပို ပိုက်ဆံအပြင် နောက်ထပ် ကျပ်သိန်း ၅ဝဝ ထပ်တိုးပြီးတော့ စုစုပေါင်း ကျပ်သိန်းတစ်ထောင်တိတိကို Bella Fun ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံးကို လှုဒါန်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလှူဒါန်းမှုငွေကို သီးသန့်အကောင့်တစ်ခုဖွင့်ပြီးတော့ အနုပညာ လောကအတွက် လိုအပ်တဲ့နေရာမှာဖြစ်စေ၊ နွမ်းပါးရုပ်ရှင်လောကသားတွေကို လှူ ဒါန်းမှုအတွက်ဖြစ်စေအသုံးပြုသွားဖို့အတွက်ဖြစ်ပါတယ်။ ဘဏ်မှာအပ်ထားတဲ့အခါ ရလာတဲ့အတိုးနဲ့ လှူဒါန်းမှုမျိုးပေါ့”လို့ Bella Costemic ပဲ့ကိုင်ရှင် မဝေသစ်လွင် (Founder and Group MD) ကပြောပြပေးခဲ့ပါတယ်။

Bella Beauty Product ကိုစလုပ်ခါစအချိန်မှာလည်း မြန်မာပြည်က အမျိုးသမီးလေးတွေ အတော်အများက အလှအပနဲ့ ပတ်သတ်လာရင် အနုပညာရှင် အမျိုးသမီးတွေရဲ့ ခြယ်သမှုတွေအပေါ်လိုက်လံ ကြည့်ရှု့ပြီးလိမ်းခြယ်မှုတွေ ရှိတတ်တယ်လို့ ဆိုပါတယ်။

” အဲ့ဒါကြောင့်လည်း Bella Cosmetic အနေနဲ့က နာမည်ကျော်မင်းသမီးတွေနဲ့ ကြော်ငြာတွေကို ရိုက်ကူးတင်ဆက်ဖြစ်တာ ဖြစ်ပါတယ်။ Bella Cosmetic ကိုလည်း ပြည်သူတွေ အားလုံးတတ်နိုင်တဲ့ ဈေးနဲ့ပဲရောင်းချပေးတာ ဖြစ်ပါတယ်။ အမြတ်ကို ပဓာနမထားဘဲလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နာမည်ကျော် အနုပညာ ရှင်တွေ အကုန်လုံးကလည်း လိုအပ်တာထက်ပိုပြီးတော့ ကျွန်မတို့ Bella Cosmetic အပေါ်မှာလိုအပ်တာထက်ကို ကူညီပြီး လုပ်ပေးခဲ့ ကြပါတယ်။ အဲ့အတွက်ကြောင့်လည်း အချိန်တိုအတွင်းမှာ နေရာတစ် နေရာရောက်ခဲ့ရပါတယ်။ အဲ့လိုနေရာရလာတဲ့အခါကျတော့ အနုပညာရှင်တွေအပေါ်မှာ ပြန်ပြီးတော့ တစ်ခုခုလုပ်ပေးချင်လာပါတယ်။ ကိုယ့် ရဲ့ အလှကုန်ပစ္စည်းကိုသုံးစွဲနေတဲ့ ပြည်သူတွေအတွက်ကိုလည်း တစ်ခုခု ပြန်လုပ်ပေးချင်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲအနုပညာရှင်တွေကော၊ ပြည်သူတွေ ကော အမြတ်တနိုးတန်ဖိုးထား၊ အထွတ်အမြတ်ထားတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကို အဓိကစပွန်ဆာအဖြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” လို့လည်း Bella Cosmetic ပဲ့ကိုင်ရှင်မဝေသစ်လွင် (Founder and Group MD) ကဆိုပါတယ်။

ထက်လူ၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here