လိုအပ်ချက်တွေ ရှိနေသေးလို့ အကယ်ဒမီဆု မရတာလို့ပဲ သဘောထားပါတယ် ဝတ်မှုံရွှေရည်

0
272

whitmon-shwe-yeအလှူအတန်းများ ပြုလုပ်ချင်နေတဲ့ ဝတ်မှုံရွှေရည်က မတ်လ ၂၁ ရက်နေ့က ရှစ်မိုင်ရှိ ကျိုက်ဝိုင်း မသန်စွမ်း ကလေး များ ပြု စုစောင့်ရှောက် ရေး ဂေဟာမှာ ရှိတဲ့ ကလေးငယ်များကို သွားရောက် အားပေးခဲ့ပြီး အစားအသောက်များ လှူဒါန်းဖြစ်ခဲ့ပါတယ်။ မသန်စွမ်း ကလေး များဂေဟာကို မထင်မှတ်ဘဲ သွားရောက် လှူဒါန်းဖြစ်ခဲ့ ကြောင်းကို ဝတ်မှုံရွှေရည်က

“ကစ်သူငယ်ချင်းက အဲဒီမှာ သွားလှူမယ် ဆိုတာနဲ့ လိုက်သွားပြီးတော့ မထင်မှတ်ဘဲ လှူဖြစ်သွားတာပါ။ အရင်တုန်းက မိဘမဲ့ ကလေး ကျောင်း မှာလှူဖြစ်တယ်။ မသန်စွမ်း ကလေးကျောင်းကတော့ အဲဒီနေ့ကမှ သွား လှူဖြစ်တာ။ တော်တော် သနား ဖို့ကောင်းတယ်။ အဲဒီမှာ တော်တော် ချို့တဲ့ပြီး တော် တော်မသန် စွမ်းတဲ့ ကလေးတွေလည်း တွေ့ခဲ့ရတယ်။ တချို့ဆို ရင် မိဘက ကျွတ်ကျွတ် အိတ် နဲ့ လုံးပြီးပစ်သွားတော့ ကလေးလေးက ခါးလေးလိမ် ပြီးတော့ ခါးကုန်း ကုန်းလေးနဲ့ ဘုကြီးထွက်နေတယ်။ တချို့ဆို လည်း မလှုပ် နိုင်၊ မစားနိုင်တဲ့ကလေးတွေလည်း ရှိတယ်။ သူတို့ကို KFC က ကြက်ကြော်၊ အာလူးကြော်၊ egg tart ၊ ဖက်ထုပ်ကြော်၊ ရေခဲမုန့်၊ ကိတ် အဲဒီအစားအသောက် တွေ ကျွေးခဲ့တယ်” လို့ ပြောပါတယ်။ အခုလို လှူဒါန်းတဲ့ အတွက် ကလေးတွေ လည်း ပျော်ရွှင်စေပြီး စိတ်ဓာတ်ခွန် အားတွေလည်း ပေးခဲ့ကြောင်းကို ဝတ်မှုံရွှေရည်က

“သူတို့က ကစ်ကိုတွေ့တော့ တအားပျော်သွား တယ်။ သူတို့ စိတ်ခွန်အားလေး ဖြစ်သွားတာပေါ့။  သူတို့ တီဗီ အမြဲကြည့်ရတယ်။ ဇာတ်ကားတွေလည်း ကြိုက် တယ်တဲ့။ သူတို့ ကြိုက်တဲ့မင်းသမီးကို တွေ့ရတော့ ပျော်တာပေါ့။ သူတို့ ပျော်တော့ ဆရာ၊ ဆရာမတွေ ကလည်း မကြာမကြာလာပြီး အားပေးပေးပါတဲ့။ သူတို့ကို စိတ်ဓာတ် ခွန်အားပေးသလိုဖြစ်တာပေါ့”  ကစ်သူငယ်ချင်းတွေက လိုအပ်တဲ့ ပစ္စည်းတွေကို       နောက်တစ်ခေါက် ထပ်သွားလှူဖို့ရှိတယ်။ ကစ်က လည်း ကလေးတွေကို ဘာစားချင်သေးလဲ လို့ မေး ကြည့်တော့ ကလေးတွေက ကြေးအိုး တစ်ခါမှ မစား ဖူးဘူး။ စားချင်တယ်လို့ပြောတယ်။ ဒါကြောင့် ကြေး အိုး သွားကျွေးဖို့ရှိတယ်။ ပြီးတော့ သူတို့ဆီ မှာ ကလေးတွေကို အားလပ်ရက်မှာ ပန်းခြံ ပို့ပေးတဲ့ အစီအစဉ်လည်း ရှိတယ်။ အလှူငွေ ထည့်လို့ရတယ်။ ပြီးတော့ ကစ် စဉ်းစား ထားတာက ဘုန်းကြီးတွေ ပင့် ပြီး ကလေးတွေ သာဓုခေါ်နိုင်အောင်လည်း လုပ် ပေးချင်သေးတယ်” လို့ပြောပါတယ်။ ဝတ်မှုံရွှေရည် က သူ့ရဲ့ ပရိသတ်တွေ နဲ့ မတွေ့ဆုံရတာ ကြာနေပြီ ဖြစ်တဲ့အတွက် ပရိသတ်များ နဲ့အတူ ကုသိုလ်အတူ ပူးပေါင်း ပြုလုပ်ပြီး အလှူအတန်း များပြု လုပ်သွား ဖို့လည်း အစီအစဉ်ရှိကြောင်း ပြောပါတယ်။ ဒီနှစ် မှာတော့ ဝတ်မှုံရွှေရည်ကို “ချစ်လှစွာသော အမုန်း” ဇာတ်ကားဖြင့် အကယ်ဒမီ ဆုရမယ်လို့ တစ်ကြိုပေး ထားပေမယ့်လည်း သူ့ရဲ့ပရိသတ်တွေ ရဲ့ဆန္ဒနဲ့ ထပ် တူမကျခဲ့ဘဲ အကယ်ဒမီဆု နဲ့ လွဲချော်ခဲ့တဲ့ အပေါ် သူ့ရဲ့ခံစားချက်ကိုမေးတော့

“ကစ်လိုအပ်နေသေးလို့ မရတာလို့ပဲ သဘော ထားပါတယ်။ ပရိသတ်တွေ ဆုတောင်း ပေးတဲ့အတွက် လည်း ကျေးဇူး အများကြီး တင်ပါတယ်။ ကစ်လည်း ထပ်ပြီး ကြိုးစားလို့ရတာပဲလေ။ ကစ်ထပ်ပြီး ကြိုးစားပါဦး မယ်။ အကယ်ဒမီဆု ရသွားတဲ့သူတွေ အားလုံး အတွက်လည်း ဝမ်းသာ ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင် ၊
ဓာတ်ပုံ-ကောင်းစွမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here