မန္တလေးမြို့မ တီးဝိုင်းနဲ့ ပူးပေါင်း တင်ဆက်မယ့် စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့ ဖျော်ဖြေပွဲ

0
176

Sai-(3)နှစ်စဉ်နှစ်တိုင်း ဧပြီလ ၁ဝ ရက်နေ့ ရောက်ရှိပြီ ဆိုရင် မွေးနေ့ဖျော်ဖြေပွဲ ကျင်းပနေကျ အဆိုတော် တစ်ယောက် လို့ဆိုရင် စိုင်းစိုင်းခမ်းလှိုင်ပဲ ဆိုတာ လူတိုင်းသိကြတဲ့ အထိ အောင်မြင်တာကလည်း တော်ရုံ တန်ရုံစန်းတော့ မဟုတ်ပါဘူး။ ဒီနှစ်မှာတော့ သူက အထက်မြန်မာပြည် ပရိသတ်တွေ အတွက် မန္တလေး မြို့မှာ သူ့ရဲ့ Birthday Show ကိုကျင်းပဖို့ စီစဉ်လိုက်ပါပြီ။ ဖျော်ဖြေရေး အစီ အစဉ်တွေကတော့ သူ့ရဲ့ နှစ်စဉ် နှစ်တိုင်း ဖျော်ဖြေနေကျ ပုံစံတွေဆိုပေမယ့် ဒီနှစ်မှာ မန္တလေးမြို့မ တီးဝိုင်းပါ ပါဝင်တီးခတ် ပေးမယ် ဆိုတာ က စိတ်ဝင်စားစရာပါ။ “ထုံးစံအတိုင်းပဲ ကျွန်တော့်ရဲ့ သီချင်းစ ဆိုကတည်းက ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေ ငယ်ငယ် တို့၊ ကောင်းမြတ် တို့နဲ့အတူတူ ကျွန်တော့်ရဲ့ အဆိုတော် ဘဝအစ ပိုင်းက သီချင်းတွေကို သီဆိုဖျော်ဖြေပါမယ်။ ပြီးတော့ ဒီနေ့ ဒီအချိန်ထိ ကျွန်တော်နဲ့ လက်တွဲဖြစ်နေတဲ့ ကျွန်တော်နဲ့ သူငယ်ချင်း ဂီတမိတ်ဆွေတွေ  Snare အဖွဲ့တို့၊ ဘန်နီဖြိုးတို့၊ G.Fatt တို့ အစရှိသဖြင့် ဂီတ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော် ဒီဘက်ပိုင်း အခုခေတ် သီချင်းတွေ သီဆိုဖျော်ဖြေပါမယ်။ ပြီးတော့ နှစ်စဉ် ၊နှစ်တိုင်း ကျွန်တော့်ရဲ့ Birthday Show မှာ DJ Performance နဲ့ ဖျော်ဖြေသလို ကျွန်တော် တီးဝိုင်း နဲ့ Live  တီးပြီး ဖျော်ဖြေလေ့ ရှိပါတယ်။ ကျွန်တော်နဲ့ အတူ နောက်ပိုင်းနှစ်တွေ မှာ လက်တွဲဖြစ်နေတဲ့ မန္တလေးက Dream Lover  တီးဝိုင်း ကနေ ဖျော်ဖြေပေး မှာ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ ကျွန်တော့်ရဲ့ စိတ်ကူး ယဉ်အိပ်မက် တစ်ခုပဲဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ မြို့မ တီးဝိုင်း ကလည်း ကျွန်တော့်ရဲ့ သီချင်း တချို့ကို တစ်စိတ် တစ်ဒေသ ပါဝင်တီးခတ် ပူးပေါင်း ဖျော်ဖြေပေး မှာဖြစ် ပါတယ်”လို့ စိုင်းစိုင်း ကပြော ပါတယ်။

ကျင်းပမယ့်နေရာ ကတော့ မန္တလာသီရိ အားကစားကွင်း ရဲ့ အပြင်ဘက်ခြမ်းမှာပါတဲ့။ လွန်ခဲ့တဲ့ ၆နှစ်က မန္တလေးမှာ မွေးနေ့ရှိုး ကျင်းပ တုန်း လေပြင်း တိုက် ခတ်လို့ ပွဲပျက်သွားခဲ့ရတာ ကို စိုင်းစိုင်းက သိပ်ကျေနပ်ပုံ မရပါဘူး။ ဒါကြောင့် ဒီနှစ်ကို သူအားခဲ ထားသလို မကျေပွဲနွှဲ ရမယ် ဆိုပြီး တော့လည်း ကြွေးကြော်နေပါတယ်။

“ပွဲကို ဧပြီလ ၁ဝရက်နေ့ ညနေ ၅ နာရီမှာ တံခါး စဖွင့်ပါမယ်။ ၆နာရီမှာ စတင်ပြီးတော့ ရှေ့ ပိုင်း ဖျော်ဖြေမှုလေးတွေ စတင်ပါမယ်။ ပြီးရင် တော့ ကျွန်တော့်ရဲ့ဖျော်ဖြေမှုတွေ တောက်လျှောက် ဆက်သွား မှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့ အကြုံအရ ပွဲတစ်ပွဲကို ၄နာ ရီလောက် ဖျော်ဖြေတာ သင့်တော်တယ်လို့ နားလည်ထား တဲ့အတွက် ၄နာရီ စာလောက် ကျွန်တော် သီချင်း အပုဒ်ရေ ၃၆ပုဒ်ကနေ ၄၆ပုဒ်ကြား ကို ပြင်ဆင်ထား ပါတယ်” လို့ သူက ဆိုပါတယ်။

စိုင်းစိုင်းက နှစ် တိုင်း မွေးနေ့ပွဲ ကျင်းပပေ မယ့် သူ့ရဲ့ အသက်ကို တော့ ပြောပြလေ့ မရှိ တတ်ပါဘူး။ အခု လည်း ဒီနှစ် ဧပြီလ ၁ဝ ရက်နေ့မှာ ကျ ရောက်မယ့် စိုင်းစိုင်း ရဲ့ မွေးနေ့က ဘယ် နှစ်နှစ်လဲဆိုတာ သိတဲ့ ပရိသတ်တွေ လည်းသိနေလောက် ပြီ ထင်ပါရဲ့။

မျိုးမောင်
ဓာတ်ပုံ -အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here