Friday, November 22, 2024

သခင်မြပန်းခြံ မီးပွိုင့်အနီးတွင် ကုန်တင်ယာဉ် တစ်စီး...

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှော-က်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့...

Naypyitaw State Polytechnic University...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက...

Naypyitaw State Polytechnic University...

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊...

မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ...

မနက်ဖြန် နိုဝင်ဘာ (၂၂) ရက်၊ ညပိုင်းတွင် ONE က ပြုလုပ်မည့် ONE Friday Fights 88 ပွဲစဉ်အတွင်း...
HomePopular Academy2016 Academyငွေကျပ် ၁၅ သိန်းကျော်...

ငွေကျပ် ၁၅ သိန်းကျော် ထပ်မံ ချီးမြှင့်ခြင်းခံရတဲ့ အကယ်ဒမီ ဆုရှင်တွေကို ဂုဏ်ပြုတဲ့ည

ZAW_4797၂ဝ၁၆ ခုနှစ် အတွက် အကယ်ဒမီဆုပေးပွဲ အပြီး နောက်တစ်ရက်ဖြစ်တဲ့ မတ်လ ၁၉ ရက် နေ့မှာတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ဦးစီးပြီး အကယ်ဒမီဆု ၁ဝ ဆုရရှိခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရန်ကုန်မြို့ရှိ Melia Hotel မှာ ဂုဏ်ပြုညစာ စားပွဲ ပြုလုပ်ပေးခဲ့ပြီး အကယ်ဒမီ ပေးပွဲကို အဓိက ကူညီ ပံ့ပိုးပေးခဲ့ကြတဲ့ Bella Cosmetic ကုမ္ပဏီအပါအဝင် ကူညီ ပံ့ပိုးပေးခဲ့ ကြတဲ့ သူတွေ အားလုံးကို ဂုဏ်ပြုလက်မှတ်များ ပြန်လည် ပေးအပ်ခဲ့ပါတယ်။ အဲဒီနေ့ညက ဂုဏ်ပြု ညစာစားပွဲကျင်းပမှု အတွက် ကိုတော့ iflix အွန်လိုင်း တီဗီကနေပြီး အဓိက ကူညီ ပံ့ပိုးပေး ထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အကယ်ဒမီဆု ရရှိခဲ့ကြတဲ့ အနုပညာ ရှင်၊ အတတ်ပညာရှင်တွေကို မင်္ဂလာ ရုပ်ရှင်ကုမ္ပဏီ ကနေပြီး အကယ်ဒမီ တစ်ဆုစီ အတွက် ငွေကျပ် ၁ဝ သိန်း၊ iflix ရုပ်ရှင် ကုမ္ပဏီမှ အကယ်ဒမီ တစ်ဆုစီအတွက် ကျပ် ၃ သိန်း၊ JCGV ရုပ်ရှင် ကုမ္ပဏီမှ အကယ်ဒမီ တစ်ဆုစီ အတွက် ငွေကျပ် ၂ သိန်းစီ အသီး သီး ပေးအပ်ခဲ့တဲ့ အပြင် ချယ်ရီဦးနာရီ ကုမ္ပဏီမှလည်း အကယ် ဒမီဆုရရှိကြသူ အကုန်လုံး အတွက် ရိုမန် ဆန်နာရီ တစ်လုံးစီ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ သလို Mega Ace မှလည်း စကိုင်းနက် စက် တစ်ယောက်တစ်လုံးစီ ဂုဏ်ပြုလက်ဆောင် များပေးအပ် ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အခုနှစ်မှာ အမျိုးသားဇာတ်ပို့ဆု အကယ် ဒမီဆုကို ရရှိခဲ့သူ ရုပ်ရှင်ဥက္ကဋ္ဌ သုံးထပ်ကွမ်း အကယ်ဒမီ ဆုရှင် လူမင်းက

“နှစ်စဉ်တိုင်းမှာ မြန်မာ့ရုပ်ရှင် အကယ် ဒမီ ထူးချွန်ဆုပေးပွဲပြီးတိုင်း အခုလို ဂုဏ်ပြု ညစာစားပွဲလေး ကို ပြုလုပ်နေကျဖြစ်ပါတယ်။ ဒီနှစ်ဟာ အားလုံးသိခဲ့ကြတဲ့ အတိုင်း မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု သမိုင်းမှာ ပထမဦးဆုံး အကြိမ် ပြည်သူ့ရင်ပြင်မှာ ပြုလုပ် ခဲ့တာပဲဖြစ် ပါတယ်။ ခမ်းခမ်းနားနားနဲ့ကို စီစဉ်တင်ဆက် နိုင်ခဲ့ပါတယ်။ အဲဒီလို စီစဉ် တင်ဆက်နိုင်ဖို့ အတွက် အဘက်ဘက် ကနေပြီး ပံ့ပိုးဝိုင်းဝန်း ကူညီကြသူတွေ အကုန်လုံးကို ကျေးဇူးတင် ကြောင်း၊ ဝမ်းမြောက်ကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါကြောင်း ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ အခုလိုဂုဏ်ပြု ညစာစားပွဲလေးကို ပြုလုပ်ခဲ့တာ ပဲဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်တော် တစ်ခါ တည်း ပြောလိုက်ချင်တာက အခုလို ပွဲကြီးကို အစီအစဉ်တကျ ဖြစ်သွားဖို့ဆိုတာ Event  တစ်ခုမှာ Event Management ဆိုတာ အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ အမြဲ တမ်း နားဝင်မချိုသော၊ နားဝင်ခါးသော စကား တွေကို ကြမ်းကြမ်း တမ်းတမ်း ပြော ဆိုခဲ့သော် လည်း အဲဒီနေ့(မတ်၁၈ရက်) ကလို ရလဒ်မျိုး ကို လက်တွေ့ ဆောင်ရွက် စီစဉ် ကျင်းပနိုင်ခဲ့တဲ့ ကိုဂျွန်လွင် ကိုလည်း တကယ်ကို ကျေးဇူးတင် ပါတယ်။ တကယ်ကို ကျေးဇူးတင်ထိုက်သူ အဖြစ် မှတ်မှတ်သားသား နဲ့ကို ကျေးဇူးတင် ပါတယ်” လို့လည်း အကယ်ဒမီ ညစာစားပွဲညက ထည့်သွင်းပြောသွားခဲ့ပါတယ်။

အဲ့ဒီနေ့က ညစာစားပွဲကို အဓိက ပံ့ပိုး ပေး ထားတဲ့ Iflix ဆိုတာကလည်း မြန်မာနိုင်ငံ ကို ရောက်ရှိလာတာ လပိုင်းသာ ရှိပါသေး တယ်။ Iflix ဆိုတာက နိုင်ငံတကာက ရုပ်ရှင် ဇာတ် ကားတွေကို တရားဝင် မူပိုင်အနေနဲ့ လိုင်စင်ယူပြီး နိုင်ငံတကာ ရုပ်ရှင် အစည်းအရုံး အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီး အွန်လိုင်း ပေါ်မှာ အခပေး အဖြစ် ထုတ်လွှင့်ပြသနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီနှစ်မတ်လမှာ စတင်ပါတယ်။ ဗီယက်နမ်မှာတော့ ဖေဖော်ဝါရီလကနေစတင် ခဲ့ပါတယ်။ အခု လက်ရှိမှာတော့  Iflix မှာ မြန်မာ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ ဇာတ်လမ်းတွေ ကိုလည်း လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ Iflix  မှာ တင်ထားပြီး ထုတ်လွှင့်ပြသနေပြီဖြစ်ပါ  တယ်။

Iflix  ရဲ့ မြန်မာပြည် Country Manager Ms. Adeana Greenlee  ကတော့ “iflix  အနေနဲ့ မြန်မာ့ရုပ်ရှင် လောကရဲ့ အတိတ် ကာလ က အောင်မြင်မှုတွေကို ဆက် လက်ထိန်း သိမ်းဖို့၊ လက်ရှိ ပစ္စုပ္ပန်က အောင်မြင်မှုတွေ    ကို ဂုဏ်ပြုဖို့၊ အနာဂတ်ကို ပုံဖော်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ကူညီထောက်ပံ့ ခွင့်ရမှာဖြစ်တဲ့ အတွက် စိတ်လှုပ်ရှား နေမိပါ တယ်။ ကမ္ဘာ့ တိုးတက်ဆဲ ဈေးကွက်မှာ ဦးဆောင်နေတဲ့ အခကြေးငွေပေးပြီး အင်တာ နက်မှာ ကြည့်ရှုနိုင်တဲ့ Iflix ဝန်ဆောင်မှု  ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကြိုဆိုခွင့်ရပြီး အတူတူလက်တွဲ လုပ်ကိုင်ရတဲ့အတွက် ဝမ်း သာမိပါတယ်။ Iflix က မြန်မာ့ ရုပ်ရှင်တွေကို ကြည့်ရှုနိုင်မယ့် အသုံးပြုရ လွယ်ကူတဲ့၊ ဈေး သက်သာတဲ့ တရားဝင် ဝန်ဆောင်မှုတစ်ခုကို ပရိသတ်တွေ ကြည့်ရှုနိုင်အောင် ပြုလုပ်ပြီး တော့ မြန်မာ့ ရုပ်ရှင်ဖြန့်ချိမှု ပုံစံကို တိုးတက် စေ မယ့် Platform တစ်ခုကို ဖန်တီးပေးထား ခြင်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထက်လူ
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071