One Lady Show မှာ သီချင်းပုဒ်ရေ ၃ဝနီးပါးခန့် ဖျော်ဖြေသွားမယ့် နီနီခင်ဇော်

0
271

Ni Ni Khin Zaw

ဧပြီလရဲ့ ပထမဆုံးနေ့မှာ ကျင်းပမယ့် နီနီခင်ဇော်ရဲ့ REDvolution Show က တဖြည်းဖြည်း နီးကပ်လာလာခဲ့ပါပြီ။ သူမအနေနဲ့လည်း စိုးရိမ်စိတ်တွေ၊ ရင်ခုန်စိတ်တွေ၊ မျှော်လင့်စိတ်တွေနဲ့ ခံစားမှုပေါင်းများစွာ ဖြစ်ပေါ်လို့နေပါတယ်။

” မနက် ၇နာရီဆိုတာနဲ့ နီနီ အကသင်တန်းကို ၇ နာရီရောက် အောင်သွားပါတယ်။ တစ်နေ့လုံး အကလေ့ကျင့်ရပါတယ်။ ပြီးရင် သီချင်းဆိုလေ့ကျင့်ရပါတယ်။ ဒါကြောင့်မို့လို့ နီနီအမြဲတမ်းကြိုးစားနေတာထက် အဆပေါင်းများစွာ ပိုပြီးပိုပြီး ကြိုးစားထားပါတယ်။ International Standard အတိုင်းရှိုးရဲ့ Script ကို နီနီရေးထားပါတယ်။ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြားမှာ ဘယ်နှစ်စက္ကန့်ခြားမယ်၊ ဘယ်နှစ်မိနစ်ခြားမယ်ကအစ ရေးထားပါတယ်။ အားလုံးသည် Set Up ကို အပြီးချထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပရိသတ်တွေအားလုံး ရှိုးပွဲတစ်ခုလုံး မငြီးငွေ့အောင် အကောင်းဆုံး ကြိုးစားဖျော် ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်” လို့ သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဖွင့်ဟဆုပါတယ်။ ဆက်လက်ပြီးဖျော်ဖြေပွဲအတွက် သီချင်းတွေ၊ တင်ဆက်မှုတွေ အကြောင်းကိုလည်းမေးဖြစ်တဲ့အခါ ” ရှိုးက အပိုင်းကြီး ၃ပိုင်းရှိပါတယ်။ Band အပိုင်း၊ Orchestra အပိုင်း၊ Dance အပိုင်းဆိုပြီး အပိုင်းကြီး ၃ပိုင်းရှိပါတယ်။ အပိုင်းကြီး ၃ပိုင်းရဲ့ ကြားတွေထဲမှာ နီနီတို့ စကားတွေအများကြီး ပြောမနေတော့ဘဲနဲ့ နီနီတို့ Video တွေပြမယ်။ ပြီးတော့ နီနီတို့ရဲ့ Music တွေနဲ့ ဖောက်သွားမယ်။ တချို့အပိုင်းတွေဆို နီနီတို့ Secret Pieces ရဲ့ Amazing Performance တွေနဲ့ ဖောက်သွားဖို့ ရှိပါတယ်။ Show Time သည် ၂နာရီအတိပဲ ရှိပါမယ်။ ၂နာရီအတွင်းမှာ နီနီတို့ သီချင်း ၂၆ ပုဒ်ကို Compact ဖြစ်အောင်၊ ပရိသတ် တွေနားထောင်ချင်တဲ့စာကြောင်းတွေ၊ ပရိသတ်တွေလိုက်ဆိုလို့ရမယ့်နေရာတွေ အားလုံးကို ကောက်နုတ်ပြီးတော့ အကောင်းဆုံးတင်ဆက်သွားမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

နီနီခင်ဇော်က သူမရဲ့ REDvolution Show ရဲ့Logo အကြောင်းကိုလည်း ပြောချင်နေပုံရတာကြောင့်မေးကြည့်တဲ့အခါမှာ ” Phoenix ဆိုတာ နီနီတို့ မြန်မာအခေါ်အဝေါ်ဆိုရင် ဇာမဏီငှက်ပေါ့။ ဇာမဏီငှက်လေးဆိုတာ နီနီရဲ့ဘဝကိုထင်ဟပ် စေပါတယ်။ နီနီ့ကို ကိုယ်စားပြုပါတယ်။ ဇာမဏီငှက်လေးဟာ မီးတောက်မီးလျှံ တွေကြားမှာ ပျံနေရတယ်။ သူ့ဘဝလေးဟာ ခက်ခဲခဲ့တယ်။ ကြမ်းတမ်းခဲ့တယ်။ ဒါပေမဲ့ သူသည် ကြိုးစား ရုန်းကန်ပြီးတော့ ဘဝမှာခွန်အား အပြည့်နဲ့ ရှင်သန်နေတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ Phoenix ရုပ်လေးဟာ နီနီ့ရဲ့တစ်ဘဝလုံး ဆက်လက်ပြီးတော့လည်း အသုံးပြုသွားပါမယ်။ အရမ်းကိုချစ်မြတ်နိုးပါတယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here