ဒုတိယ စီးရီးခွေမှာ အသည်းကွဲ သီချင်းလေးတွေပါမယ် ဟန်သီ

0
250

HanThiအလှမယ် ဟန်သီက သူ့ရဲ့ ဒုတိယတစ်ကိုယ်တော် စီးရီးခွေကို ဒီနှစ်အတွင်းမှာ ထွက်ရှိလာနိုင်အောင် ကြိုးစား ပြင်ဆင်နေတယ်လို့ သိရပါ တယ်။ ဒီစီးရီးခွေမှာ သီချင်းပုဒ်ရေ ၉ပုဒ် ဒါမှမဟုတ် ၁၁ပုဒ်လောက် ပါဝင်မှာဖြစ်ပြီး အချစ်သီချင်း၊ အသည်းကွဲသီ ချင်းတွေနဲ့ ပရိသတ် ရင်ထဲ ရောက်ရှိနိုင်မယ့် သီချင်းတွေ ပါဝင်မှာဖြစ်ကြောင်း ဟန်သီ က…”သီချင်းတွေ စုနေသလို စလည်း တီးနေပါပြီ။ ဒီနေ့ဆိုလည်း Record  တွေစဝင်နေပါပြီ။ အရင် တစ်ခါက ၇ပုဒ်ပဲပါတဲ့ Mini Album ထွက်ရှိခဲ့ တယ်။ အဲဒီတုန်းကတော့ အ သက် ၁၈နှစ် အရွယ် ကောင်မ လေး တစ်ယောက် အနေနဲ့ပဲ သီဆိုခဲ့တာဆိုတော့ ကလေး ဆန်ပြီး တအားချစ်ဖို့ ကောင်းတဲ့ အခွေလေးဖြစ် တယ်။ Sweet ဘက်ကို သွားတယ် ပေါ့နော်။ အခုစီးရီးခွေ ကျတော့ ဟန်သီ့ အသက်ကလည်း ၂ဝပြည့်တော့မယ် ဆို တော့ လူကြီး ဆန်ဆန် သီချင်းလေးတွေ၊ အချစ်သီချင်း တွေ၊ အသည်းကွဲ သီချင်းလေးတွေပါမယ်။ အဓိကက တော့ ပရိသတ် ရင်ထဲ ရောက် မယ့် သီချင်း တွေပါမယ်ပေါ့ နော်။ သီချင်းတွေက လုံးဝအပြင်းစား သီချင်းတွေ ဖြစ်နေ မှာပါ” လို့ စီစဉ်နေတဲ့ စီးရီးခွေနဲ့ ပတ်သက် ပြီး ပြောပါတယ်။

ဒီဒုတိယ စီးရီးခွေက ပထမ တစ်ကိုယ်တော် စီးရီးခွေထက် သီချင်းပုံစံတွေ၊ သီဆို တဲ့ အသံပိုင်းက အစ အများကြီးသာ လွန်မှာ ဖြစ်ကြောင်း ကို ဟန်သီက…

“ဟန်သီ အရင် တစ်ခေါက်တုန်း က မဆိုရ သေးတဲ့ ပုံစံမျိုးက ပိုများပါမယ်။ အရင် စီးရီးခွေထက် သီချင်း ပုံစံအမျိုးအစား ကအစ၊ ဆိုထား တဲ့ အသံ vocal   ကအစ အများကြီး သာမှာပါ။ အများကြီးလည်း ကြိုးစား ထားတယ်။ ဟန်သီအခု ဆိုရင် သီချင်းတီး တာကို ကိုယ်ကိုယ်တိုင် သွားထိုင်စောင့် ပြီးတော့ တီးလုံးတစ် လုံးချင်းစီ တီးတာကို နားထောင်ပြီး ကိုယ့်စိတ်တိုင်းကျ လုပ် ဖြစ်တယ်။ သီချင်းတွေ Record  လုပ်တဲ့ အခါမှာလည်း တစ်ခါထက် တစ်ခါ ပို ကောင်းအောင် ကြိုးစားနေပါတယ်။ အဲဒီ လို ကြိုးစားမှု အတွက် ဒီစီးရီးက ပရိသတ် ရင်ထဲရောက်မယ် လို့ ဟန်သီမှန်းထား ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here