လူကြမ်းသရုပ်ဆောင်တွေရဲ့ဘဝ ဘယ်လိုရုန်းကန်နေရလဲ ဇော်ကြီး

0
357

Zaw Gyi (1)

ရုပ်ရှင်လောကမှာတော့ လူကြမ်းသရုပ် ဆောင်တွေအနေနဲ့အနုပညာကြေးလည်း နည်းသလို အခွင့်အလမ်းလည်းနည်းတဲ့အတွက် သူတို့ ရဲ့ဘဝရပ်တည်မှုကလည်း ခက်ခဲကြမ်းတမ်းမှုတွေ ရှိကြပါတယ်။ ဒီလိုခက်ခဲကြမ်းတမ်းမှုတွေရှိကြပြီး ဇာတ်ကားရိုက်ကူးမှုတွေနည်းပါးလွန်းတဲ့အချိန် မှာတော့ မိသားစုဝမ်းရေးအတွက် ကြုံရာကျပန်းအလုပ်တွေအထိ လုပ်ကိုင်နေရတာတွေ ရှိကြပါ တယ်။ ဒီအကြောင်းကိုလည်း လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးက..

” ကျွန်တော်တို့လိုလူကြမ်းသရုပ်ဆောင်တွေရဲ့ဘဝတွေက ခက်ခဲကြမ်းတမ်းပါတယ်။ ကားမရိုက်ရတဲ့အခါမှာ မိသားစုဝမ်း ရေးအတွက် ရုန်းကန်လှုပ်ရှားရပါတယ်။ ကိုယ်တတ်တဲ့ ပညာ လေးတွေနဲ့ပေါ့။ တချို့ဆိုရင် လည်းဈေးရောင်းကြ တယ်။ တချို့လည်း ပတ်သက်ရာပတ်သက်ကြောင်း တွေနဲ့ အရောင်းအဝယ်လုပ်ကြပေါ့။ အိမ်ခြံမြေ တွေလုပ်ကြပေါ့။ တချို့လည်း ဆိုက်ကားနင်းကြ ပေါ့။ ကျွန်တော်ဆိုရင်လည်း အိမ်ခြံမြေလေး ဘာလေးလုပ်တယ်။ အခုတော့လည်း အိမ်ခြံမြေက လည်း ငြိမ်ဝပ်ပိပြားဖြစ်နေတော့ ဘာလုပ်ရမယ် မှန်းမသိဘူးဖြစ်နေတယ်။ အလုပ်မရှိဘူးပေါ့ဗျာ။ကားရိုက်ကလည်း အသက်ကကြီးလာတာက တစ်ကြောင်း၊ အက်ရှင်ကားတွေကလည်းမရှိတော့ ဘူးလေ။ အခုရိုက်တာက ခေတ်ရဲ့ရေစီးကြောင်း ကားတွေများနေတော့ ကျွန်တော်တို့တွေက ပါရင်လည်း တစ်ကားလုံးမှာမှ တစ်ခန်း၊နှစ်ခန်း လောက်ပဲပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေက ဘာမှလည်း မရဘူး။ အဲဒီလိုမှမလုပ်ပြန်ရင်လည်း မိသားစုဝမ်းရေးက ရှိနေပြန်တော့ လိုက်ပြီးလုပ်ရတာပေါ့” လို့ ပြောပြပါတယ်။ လူကြမ်းသရုပ်ဆောင်တွေအနေနဲ့ မင်းသား၊ မင်းသမီးတွေနဲ့ အတူပဲ အကယ်ဒမီကို ရင်ခုန်ကြလေ့ရှိပါတယ်။ သို့ပေမယ့် လည်း အခုခေတ်ကာလမှာတော့ ရုပ်ရှင် ဇာတ်ကားတွေမှာ သူတို့ပါဝင်ရတဲ့ အခန်းကဏ္ဍက နည်းပါးလွန်းတဲ့အတွက်ကြောင့် အကယ်ဒမီကိုမျှော်မှန်းနိုင်ခွင့်နည်းနေကြရပါတယ်။ဒီအကြောင်း နဲ့ပတ်သက်ပြီးလည်း သူကဆက်ပြောပြတာက..

” ကျွန်တော်ရင်ထဲမှာရှိတာ ပြောချင်တာက မြန်မာပြည်မှာ နာမည်ကြီးတဲ့မင်းသား၊ မင်းသမီး တွေပေါ့။ သူတို့နဲ့ပဲ ဈေးကွက်ဝင်တယ်။ သူတို့နဲ့ပဲ တန်းဝင်တယ်ပေါ့ဗျာ။ ဈေးကွက်ဝင်တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ပဲရိုက်ကူးကြတော့ သူတို့ပဲဇာတ် ကားတွေ အများကြီးရိုက်ရတယ်။ အဲဒီ့တော့ အကယ် ဒမီဆုပေးမယ်ဆိုရင် ရုပ်ရှင်ကားကြီးတွေ တန်း စီလိုက်တော့ ဒီဇာတ်ကားမှာလည်း ဒီမင်းသားနဲ့ ဒီမင်းသမီးပဲ။ ဟိုဇာတ်ကားမှာလည်း ဒီမင်း သားနဲ့မင်း သမီးပဲ။အဲဒီ့တော့ အကယ်ဒမီရွေးချယ် ပွဲလုပ်ရင် ဒီမင်းသားဒီမင်းသမီးတွေချည်းပဲ ပေးနေရတယ်။ အဲဒီတော့သူတို့ပဲရနေမှာပေါ့” လို့ အကယ်ဒမီနဲ့ပတ်သက်လို့ လူကြမ်းသရုပ်ဆောင် ဇော်ကြီးက သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here