ကားမဝယ်စီးတော့ဘဲ စီးရီးသစ် စီစဉ်လိုက်တဲ့ အားတီ

0
107

ar-t-(2)အဆိုတော် အားတီက သူ့ရဲ့တတိယစီးရီးကို Fat House လို့ နာမည်ပေးထားပြီး ဧပြီလ၂ ရက် နေ့မှာ ဖြန့် ချိတော့မှာ ဖြစ်ပါတယ်။ အားတီက သူ့ရဲ့ဒီ တတိယစီးရီး ခွေကိုတော့ သူကားဝယ်ဖို့ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ စီစဉ်တာ ဖြစ်ပြီး ဖခင်ဖြစ်သူကို မူပိုင်အနေနဲ့ အမှတ်တရ အဖြစ် ပေးဖို့ရည် ရွယ်တယ် လို့လည်း ဆိုပါတယ်။ “ဒါက အဖေတော့ မသိသေးဘူး။ အဖေ့အတွက် အမှတ်တရ အနေနဲ့ မူပိုင်ကို အဖေ့ကို ပေးထားပါတယ်”လို့ အားတီက ပြောပါတယ်။ အားတီရဲ့ စီးရီးသစ် မှာတော့ သီချင်းများကို အားတီ၊ Youn Ni Ko၊ ထက်အောင်၊ doxtor delay စတဲ့ လူငယ် မျိုးဆက်သစ် တို့အပြင် အားတီ ကိုယ်တိုင်နဲ့ ကျားပေါက် တို့က ရေးသားပေးထားကြောင်း သိရပါတယ်။ အားတီရဲ့ ဒီ Fat House စီးရီးခွေ ကတော့ သူကားဝယ်စီးမယ့် ပိုက်ဆံတွေကို စီးရီးတစ်ခွေ အဖြစ် စီစဉ် လိုက်တာဖြစ်ပါတယ်။ ဒီအပေါ်မှာ အားတီ ဘာကို ပြန်မျှော်လင့် ထားသလဲဆိုတာ

“ကျွန်တော် အခု တက္ကစီနဲ့ပဲ သွားနေတာပါ။ ဒီစီးရီးခွေထုတ်တဲ့ ကုန်ကျစရိတ်က ကျွန်တော် ကားဝယ်ဖို့ စုထားတဲ့အရင်း အနှီးပါ။ ကျွန်တော်ဘယ်သူ့မှလည်း အောက် မကျို့ချင်ဘူး။ မျက်နှာ မငယ်ချင်ဘူး။ ဒီတော့ ကျွန်တော့် စီးရီးခွေ ကျွန်တော် ထုတ်တယ်။ ဒီသဘောပါပဲ။ ဒီစီးရီးခွေမှ မဟုတ်ပါဘူး။ အရင် စီးရီးခွေတွေ မှာလည်း ဒီလိုပါပဲ။ ကျွန်တော် ငွေကြေး အကျိုး အမြတ် ဆိုတာထက် အနု ပညာအမြတ်ပဲ ကျန်ချင်ပါတယ်။ ကျွန်တော့် သီချင်းတွေကို ပရိသတ် လက်ခံရင်၊ ကျွန်တော့် သီချင်းတွေနဲ့ ကကြတာပဲ ဖြစ်ဖြစ်ပေါ့။ ကားနှစ်စီး ယှဉ်သွားလို့ ဘေးကားက ကိုယ့်သီချင်း ဖွင့်ထားတဲ့ ကားလေးမြင်ရင် အမော ပြေတာမျိုးပေါ့။ အဲဒါဘာနဲ့ မှ လဲလို့ မရဘူး။ အမောပြေဆေးပဲ။ ကျွန်တော်တို့ က အဲဒါကို ငြိနေတာ။ အဲဒီ အတွက်လည်း ဒီထဲမှာ ဆက်ရှိနေတာပါ” လို့ အား တီကပြောပြပါတယ်။ အားတီရဲ့ Fat House စီးရီးခွေ ထွက်ရှိမယ့် ဧပြီလ ၂ရက်နေ့ မှာတော့ လှည်းတန်းစင်တာမှာ ၃နာရီကနေ ၆ နာရီအထိ ကျင်းပ သွားမှာဖြစ်ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here