အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ခွင့်ရခဲ့တဲ့ DJ သော်သော်

0
167

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ တစ်ပွဲလုံးနီးပါး ဂီတနဲ့ ပံ့ပိုး ခဲ့သူကတော့ DJ သော်သော်ပဲဖြစ်ပါတယ်။ အကယ်ဒမီပွဲက သူ့ရဲ့ပထမဆုံး အတွေ့အကြုံ ဖြစ်တာကြောင့် အကယ်ဒမီ ဆုပေးပွဲပြီးတဲ့အခါမှာ သူတင် ဆက်ခဲ့တာတွေ နဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ DJ သော် သော်က “အရင်ကတည်းကပါ။ ကျွန်တော့်မှာ အိပ်မက်လေး တစ်ခု ရှိခဲ့ပါတယ်။ အကယ် ဒမီပေးပွဲမှာ ကျွန်တော့်ရဲ့ တင်ဆက်ပုံလေး တစ် ခုကိုပြသချင်တယ်ပေါ့နော်။ ဖွင့် လည်း ဖွင့်ချင်တယ်ပေါ့နော်။ ဒါပေမဲ့ နှစ်စဉ် နှစ်တိုင်းလည်း မဖွင့်ခဲ့ရဖူးပါဘူး။ ဒီနှစ်မှာ ဒီလိုလုပ်ခွင့်ပေးတဲ့ ကိုဂျွန်ရော၊ ရုပ်ရှင် အစည်းအရုံးက ကိုလူမင်း တို့ကိုရော ကျေးဇူးတင်ပါတယ်။ အကယ်ဒမီ ဆိုတာကလည်း မြန်မာပြည်ရဲ့အထင်ကရပွဲ တစ်ခုပါ။ ကြည့်ရှုတဲ့ ပရိသတ်ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ကြည့်ရှုကြတာပါ။ အဲဒီပွဲမှ အကောင်း ဆုံးဖြစ်အောင် သေသေချာချာ ကြိုးစားထားပါတယ်။ လိုအပ်ချက် တချို့ ရှိခဲ့ရင်လည်း နားလည်ပေးကြဖို့ တောင်းပန်ချင်ပါတယ်” လို့ပြောပါတယ်။ အကယ်ဒမီ ဆုပေးပွဲမှာ ဂီတပိုင်းနဲ့ ပတ်သက်လို့ ဘာသံတွေထွက် သေးလဲလို့ဆိုတော့…

“တချို့ကလည်း ကျွန်တော့်ကိုကောင်းတယ် လို့ပြောပါတယ်။ တချို့ကျတော့ လည်း ကျွန်တော့်ကို ဘာ ပြောလဲဆိုတော့ ရှိသမျှအသံတွေ အကုန်သုံးထားတယ်ပေါ့။ အမျိုးမျိုး ပြောကြတာတွေရှိပါတယ်။ ကျွန်တော် ကတော့ ကျွန်တော်တတ် နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကြိုး စားပြီးလုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ ကျေနပ် မိပါတယ်” လို့ သူက ပြောပါတယ်။ နောက်နှစ်တွေမှာ များ ပါဝင်တင်ဆက် ခွင့်ရခဲ့ရင် ဆိုတဲ့ ဆန္ဒတွေကော သော်သော့် အနေနဲ့ ရှိဦးမလားလို့မေးတော့..

“ချက်ချင်းကြီးတော့ပြောလို့ မရသေးပါဘူး။ ကျွန်တော့် Organizer ရော၊ Art Director ရော၊ အစည်းအရုံးက လူတွေရော အားလုံးပေါင်းပြီးမှ ဆုံးဖြတ် ကြတာဖြစ်တဲ့အတွက် ကျွန်တော်တစ်ယောက်တည်းဆုံးဖြတ်လို့မရပါဘူး” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here