အကယ်ဒမီ ရွှေကြယ်ကို ဖခင်ဖြစ်သူ အတွက်မွေးနေ့ လက်ဆောင် အဖြစ် ပေးအပ်ခဲ့တဲ့ သက်မွန်မြင့်

0
312

TM၂ဝ၁၆ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အခမ်း အနားမှာ “ချစ်လှစွာသောအမုန်း” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ သက်မွန်မြင့်က ကိုယ်လည်းအားရတဲ့ ဇာတ်ကားလေး၊ ပရိသတ်လည်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားလေး၊ ထပ်တူ ကျပြီး ရသွားတဲ့ အတွက် လိပ်ပြာလုံကြောင်း ပြောပါတယ်။

“ပရိသတ်ရဲ့ အားပေးမှုရယ်၊ ပညာရှင်တွေက ထူးချွန် တယ်လို့ သတ်မှတ် ခံရတာရယ် ထပ်တူကျသွားတဲ့ အတွက် သက်မွန်က တကယ်ကို ဝမ်းသာပါတယ်။ ပထမဆုတုန်း က လည်းအတူတူပဲ။ ထပ်တူကျခဲ့တယ်။ ဒီဆုလည်း ထပ်တူ ကျတယ် ဆိုတော့ တော်တော် ကြီး ဝမ်းသာပါတယ်။ သူတို့ ကြိုက်တဲ့ ဇာတ်ကားနဲ့ ကိုယ်လည်းအားရတဲ့ ဇာတ်ကား လေးနဲ့ ထပ်တူကျပြီး ရသွားတဲ့အတွက် ကိုယ်လည်း လိပ်ပြာ လုံတယ်။ သူတို့အတွက် လည်း ပျော်ရွှင်ရတယ်”လို့ ပြော ပါတယ်။ သက်မွန်မြင့် အကယ်ဒမီဆုရရှိခဲ့တဲ့ “ချစ်လှစွာ သောအမုန်း” ဇာတ်ကားဟာ အောင်ရဲလင်း၊ သက်မွန်မြင့် တို့နဲ့အတူ ဝတ်မှုံရွှေရည် တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ် ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ တွဲဖက် သရုပ်ဆောင်ဖြစ်တဲ့ ဝတ်မှုံရွှေရည် ကိုလည်း အကယ်ဒမီ ရစေချင်ခဲ့တယ်လို့ ပြော ပါတယ်။

“ညီမလေး ကစ်ကစ်လည်း အရမ်းကို ပင်ပန်းခဲ့တဲ့ ဇာတ် ကားပါ။ သူ့မှာ ရီဟာဇယ်မှာလည်း ငိုလိုက်၊ တကယ် ရိုက် ကူးတဲ့ အချိန်မှာလည်း ငိုလိုက်နဲ့ အရမ်းကိုပင်ပန်းတဲ့ ဇာတ်ကားလေးပါ။ သူ့ကိုလည်း ရစေချင်ခဲ့တယ်။ ကိုယ် လည်း ဇာတ်ပို့နေရာ နေလို့မရလို့သာ အပြိုင်ဖြစ်သွားတာ။ တကယ်တမ်းသူလည်း တကယ် တော်ပါတယ်” လို့ သက် မွန်မြင့်က ပြောပါတယ်။ ဒီနှစ် အကယ်ဒမီဆု ရရှိတဲ့နေ့က ဖခင် ရဲ့မွေးနေ့ဖြစ်တာကြောင့် အကယ်ဒမီ ရွှေစင် ရုပ်တုက ရွှေကြယ် ကိုတော့ ဖခင်ကို မွေး နေ့ လက်ဆောင်အဖြစ်ပေးခဲ့ကြောင်း ဆိုပါ တယ်။ “အကယ်ဒမီ ကျင်းပတဲ့နေ့က သက်မွန် အဖေ မွေးနေ့ ဆိုတော့ သူ့ကိုမွေးနေ့ လက်ဆောင်ပေးလိုက်တာပါ။ သူ့ကို ပေး ထားတာ ဆိုတော့ သူကြိုက်တာ လုပ်ပါစေ။ အလှူပဲလုပ်လုပ်၊ ဘာပဲ လုပ်လုပ်ပါ”လို့ သက်မွန်မြင့်ကပြောပါတယ်။ သက်မွန်မြင့် က၂ဝ၁၁ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ ကြီးမှာ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ်”ရုပ်ရှင် ဇာတ် ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ် ဆောင်ဆု ရရှိထားခဲ့ပြီးအခုဆုကတော့ သူ့ အတွက် ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့ ခြင်းဖြစ်ပါတယ်။

ကိုစစ်နိုင်နဲ့ သက်မွန်မြင့်တို့ရဲ့ ဒုတိယ မြောက်သမီးလေး လဝန်းမေရဲ့ ရက်၁ဝဝ ပြည့် မွေးနေ့အလှူကို မတ်လ၂၄ရက်နေ့၊ ၆မိုင် နေအိမ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ မွေးနေ့မှာတော့ သမီးလေးရဲ့ နာမည်ပေး ကင်ပွန်းတပ်ပါ ပြုလုပ်ခဲ့ပြီး စတုဒီသာမုန့် ဟင်းခါးလည်း ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here