ကျောင်းပိတ်ရက်မှာ အလုပ်လုပ်ရင်း မိဘကို ကူညီနေတဲ့ ကျောင်းသူ နှစ်ဦးကို ပညာသင် စရိတ်ထောက်ပံ့မယ့် ဟဲလေး

0
166

He-Layအဆိုတော် ဟဲလေး က အမှတ် မထင်တွေ့ဆုံခဲ့တဲ့ ၂တန်းနဲ့ ၅ တန်း အရွယ် ကျောင်းသူလေး နှစ်ဦးကို ပညာရေး စရိတ်ထောက်ပံ့ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီကျောင်း သူလေးများက နွေရာသီ ကျောင်း ပိတ်ရက်မှာ မိဘအတွက် တစ်ဖက် တစ်လမ်းက အကူအညီ ရစေဖို့ ရေသန့် ဘူးကောက်ရင်း အပိုဝင်ငွေ ရှာဖွေပေးနေကြ သူလေးများလည်း ဖြစ်ပါတယ်။ သူတို့နဲ့ဆုံတွေ့ခဲ့ပုံနဲ့ ခုလို ပညာသင် စရိတ်ထောက်ပံ့ဖို့ ဖြစ်လာခဲ့ပုံကို ဟဲလေးက “ကျွန်တော် က မြို့ မကျောင်းလမ်းက ထမင်းဆိုင် မှာ မိတ်ဆွေ တစ်ယောက် နဲ့ချိန်းထား လို့ သွားရင်း သူတို့က ဦးဟဲလေး ဆိုပြီး လှမ်းနှုတ်ဆက်တယ်။ ရေသန့် ဘူး အထုပ်တွေ ဆွဲလို့ပေါ့။ အဲ့ဒါသူ တို့ကို ပြန်နှုတ်ဆက်ရင်း မေးကြည့် တော့ ကျောင်းပိတ်ရက်မှာ ရေသန့် ဘူးကောက်ရင်း အပိုဝင်ငွေ ရှာကြ တယ် လို့ ပြောတယ်။ ကျွန်တော်မုန့် ဖိုး ထုတ်ပေးတော့လည်း သူတို့ မယူဘူး။ တချို့တွေလို ပိုက်ဆံ တောင်းတာလည်း မဟုတ်ဘူး။ သူတို့ လုပ်အားနဲ့ အလုပ်လုပ်နြေ ကတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် သူတို့ ကိုစိတ်ထဲမှာ ပိုပြီး ချစ်ခင်နှစ်သက် သွားမိတယ်။သူတို့ အတန်းပညာတွေ မေးကြည့်တော့ တစ်ယောက်က ၂တန်း ၊တစ်ယောက်က ၅တန်း ဆိုတာ သိရတယ်။ ကိုယ့်မှာလည်း သားလေး၂ယောက် ရှိတော့ ကလေး တွေ မြင်ရင် စာနာတယ်။ သူတို့ ကို မြင်ပြီး သူတို့နဲ့ စကားပြောပြီးက တည်းက သူတို့အတွက် တစ်ခုခု လုပ် ပေးချင်စိတ် ဖြစ်မိတယ်။ ဘာလို့ ဆို သူတို့ကျောင်းပိတ်ရက် မှာ မိဘ တွေ အတွက် တစ်ဖက် တစ်လမ်းက ကူညီ ပေးတယ်။ ပိုက်ဆံကိုလည်း အလကား မယူဘုး။ ငယ်ပေမယ့် သူတို့ရဲ့စိတ် နေ စိတ်ထားလေးတွေကို သဘောကျ သွားတယ်။ အဲ့ဒီအတွက် တတ်နိုင်သလောက် ဂုဏ်ပြုချင်တယ်။ဒါကြောင့် သူတို့ မိဘတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ နောက်နှစ် ပညာသင် စရိတ် အတွက် ကူညီချင်ပါတယ်လို့ပြော တယ်။ သူတို့ကလည်း လက်ခံပါ တယ်။ အဲ့ဒါ ထပ်တွေ့ ပြီး အသေးစိတ် အစီအစဉ်တွေ ထပ်လုပ်သွားပါ့မယ်။ ဖြစ်နိုင်ရင်တော့ သူတို့ ရဲ့ ပညာရေး မှာ တက္ကသိုလ်ဝင်တန်းလောက် အထိ ကို ထောက်ပံ့ သွားချင်ပါတယ်။ သူတို့ တော်ရင် တော်သလို ဆက်ပြီးလည်း ပံ့ပိုးသွားမှာပါ”လို့ အဆိုတော် ဟဲ လေးက ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here